ဆရာ ဆရာမများအနေဖြင့် နိုင်ငံတော်ကအားထားရသော လူသားဥယျာဉ်မှူးကောင်းများဖြစ်အောင် ကြိုးစားကြရန်လိုအပ်

 

နေပြည်တော် စက်တင်ဘာ ၁၆


ဆရာ   ဆရာများသည်  စာကို လည်းသင်၊ လူကိုလည်း ပြင်ပေး သော  နိုင်ငံတော်က   အားထား ရသည့် ပန်းပျိုးပေးသည့် လူသားဥယျာဉ်မှူးကောင်းများဖြစ်အောင် ကြိုးစားကြရန်  လိုအပ်ကြောင်း  မန္တလေးတိုင်းဒေသကြီး   ဝန်ကြီး ချုပ်     ဦးမောင်ကိုက  တိုက်တွန်း     ပြောကြားလိုက်သည်။

 


ယနေ့ နံနက်ပိုင်းက မန္တလေး ပညာရေးဒီဂရီကောလိပ်   ပညာ တန်ဆောင်ခန်းမ၌     ကျင်းပသည့် လုပ်ငန်းခွင်အကြို       မူလတန်း ဆရာအတတ်ပညာ   သင်တန်း PPTT   အမှတ်စဉ်   (၈/၂၀၂၂) သင်တန်းသား  သင်တန်းသူများ ကြိုဆိုပွဲ       အခမ်းအနားတွင် တိုင်းဒေသကြီး    ဝန်ကြီးချုပ်  ဦးမောင်ကိုက   ယင်းကဲ့သို့  ပြော ကြားခဲ့ခြင်းဖြစ်သည်။

 


ထို့ပြင်       တိုင်းဒေသကြီး ဝန်ကြီးချုပ်က   ဆရာ  ဆရာမ များသည်   လူသားအရင်းအမြစ် များကို   အဓိကမွေးထုတ်ပေး နေသည့်အတွက် ပညာရေးတွင် အခရာကျသည့်        ပုဂ္ဂိုလ်များ ဖြစ်ပါကြောင်း၊    အမွန်မြတ်ဆုံး အလုပ်ဖြစ်သည့်အတွက် တန်ဖိုး ထားကာ   မိမိတို့အရည်အသွေး အစဉ်အမြဲ   တိုးတက်နေအောင် ခေတ်နှင့်အညီ   အစဉ်လေ့လာ ကြိုးစားနေရမည်  ဖြစ်ကြောင်း ကိုလည်း ထည့်သွင်းပြောကြား ခဲ့သည်။

 


ယင်းနောက်   တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်       အဖွဲ့သည် သင်တန်းသား သင်တန်းသူများ၏  တေးသီချင်းများဖြင့်  သီဆိုကပြ တင်ဆက်မှုများကို      ကြည့်ရှု အားပေးပြီး      သင်တန်းသား   သင်တန်းသူများအတွက် ဂုဏ်ပြု ငွေများ   ချီးမြှင့်ပေးအပ်ကြသည်။

 


ယခု         ဖွင့်လှစ်လိုက်သည့် လုပ်ငန်းခွင်အကြို      မူလတန်း ဆရာအတတ်ပညာသင်တန်းကို အခြေခံပညာ      ကဏ္ဍအတွက် အရည်အသွေးမြင့်မားသော ဆရာ ဆရာမများ ဖြည့်ဆည်းပေးနိုင်ရန် ရည်ရွယ်၍    ဖွင့်လှစ်သင်ကြား ပေးခြင်းဖြစ်ပြီး    သင်တန်းသား သင်တန်းသူ ၄၆၃ ဦး တက်ရောက် ကြောင်း သိရသည်။  

 
သတင်းစဉ်