အရှေ့တောင်အာရှဗဟိုဘဏ်များအဖွဲ့- အပြည်ပြည်ဆိုင်ရာ စာရင်းရှင်းလင်းရေးဘဏ်တို့၏ အဆင့်မြင့်အရာရှိများဆွေးနွေးပွဲနှင့် (၂၁) ကြိမ်မြောက် အရှေ့တောင်အာရှဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌများအစည်းအဝေးများကျင်းပ

 

နေပြည်တော် စက်တင်ဘာ ၁၆


အရှေ့တောင်အာရှ ဗဟိုဘဏ်များ အဖွဲ့ (The  South  East  Asian Central    Banks - SEACEN Centre)၊   အပြည်ပြည်ဆိုင်ရာ စာရင်းရှင်းလင်းရေးဘဏ် (Bank for International Settlements-BIS)နှင့်  ဗီယက်နမ်နိုင်ငံဗဟိုဘဏ် တို့မှ ကြီးမှူး၍ Hybrid Format (in person နှင့် virtual) ဖြင့် ကျင်းပသည့်  အရှေ့တောင်အာရှ ဗဟိုဘဏ်များ အဖွဲ့- အပြည်ပြည် ဆိုင်ရာ    စာရင်းရှင်းလင်းရေး ဘဏ်တို့၏     အဆင့်မြင့်အရာရှိများ ဆွေးနွေးပွဲ (SEACEN-BIS High Level Seminar)ကို  ယမန်နေ့ နံနက် ၉ နာရီတွင်လည်းကောင်း၊ (၂၁) ကြိမ်မြောက် အရှေ့တောင် အာရှဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌများအစည်းအဝေး  (21st SEACEN Executive Committee - EXCO Meeting) ကို  ယနေ့ နံနက် ၈ နာရီ ၁၅ မိနစ်တွင် လည်းကောင်း ကျင်းပသည်။

 


ဆွေးနွေးပွဲနှင့် အစည်းအဝေး များသို့            မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ ဒုတိယဥက္ကဋ္ဌ ဦးဇော် မြင့်နိုင် တက်ရောက်သည်။
ယမန်နေ့က   ကျင်းပသည့် အရှေ့တောင်အာရှ  ဗဟိုဘဏ် များအဖွဲ့  -  အပြည်ပြည်ဆိုင်ရာ စာရင်းရှင်းလင်းရေးဘဏ်တို့၏  အဆင့်မြင့်အရာရှိများ ဆွေးနွေးပွဲ (SEACEN-BIS  High  Level Seminar) တွင်   ဗီယက်နမ်နိုင်ငံ ဗဟိုဘဏ်၏ ဒုတိယဥက္ကဋ္ဌ Mr. Pham Thanh Ha ၊ SEACEN Centre ၏ အမှုဆောင်ဒါရိုက်တာ ဖြစ်သူ Dr. Mangal Goswami နှင့် အပြည်ပြည်ဆိုင်ရာ     စာရင်း ရှင်းလင်းရေးဘဏ်၏    Chief Representative ဖြစ်သူ Mr. Tao Zhang  တို့က   ကြိုဆိုနှုတ်ခွန်း ဆက်စကားများ   ပြောကြားကြသည်။ 

 


ထို့နောက်   ဆွေးနွေးပွဲကို ဆက်လက်ကျင်းပခဲ့ရာ “Current Inflation Challenges facing the Global     Economy   including Emerging     and    Frontier Markets” ခေါင်းစဉ်နှင့်စပ်လျဉ်း ၍   Stanford     University     မှ စီးပွားရေးဌာန၏ ပါမောက္ခ Mr. John Taylor ၊    ကမ္ဘာ့ဘဏ်မှ  စီးပွားရေးဆိုင်ရာ အမှုဆောင်အရာ ရှိချုပ် Mr. M. Ayhan Kose ၊ Total Portfolio Management, GIC Pte  Ltd  မှ  စီးပွားရေးဆိုင်ရာ ပညာရှင် Mr. Prakash Kannan၊ အင်ဒိုနီးရှားနိုင်ငံ   ဗဟိုဘဏ်၏ ဒုတိယဥက္ကဋ္ဌ Mr. Dody Budi Waluyo နှင့် ဗီယက်နမ်နိုင်ငံဗဟို ဘဏ်၏ ဒုတိယဥက္ကဋ္ဌ Mr. Pham Thanh Ha  တို့က   ဆွေးနွေး ပြောကြားကြပြီး      Hoover Institution မှ Visiting Fellow ဖြစ်သူ Mr. Andrew Filardo က Moderator အဖြစ် ဆောင်ရွက် သည်။ 

 


ထို့နောက်    “  Macro-Financial Stability Frameworks for EMEs” ခေါင်းစဉ် နှင့်စပ်လျဉ်း ၍  BIS  ၏  Deputy  General Manager   ဖြစ်သူ  Mr. Luiz Pereira  da  Silva မှ Keynote Address     ပြောကြားပါသည်။ ၎င်းနောက် “Macro-Financial Stability Frameworks in Asian EMEs” ခေါင်းစဉ်နှင့်  စပ်လျဉ်း၍ အပြည်ပြည်ဆိုင်ရာ      စာရင်း ရှင်းလင်းရေးဘဏ်မှ အာရှပစိဖိတ် ဒေသအတွက်    စီးပွားရေးနှင့် ငွေရေးကြေးရေး   စျေးကွက်၏ အကြီးအမှူး Mr. Ilhyock Shim ကလည်းကောင်း၊ “The SEACEN Perspective   on   Challenges and  Options  in  Managing Capital Flows for Small, Open and   Financially  Integrated Economies”    ခေါင်းစဉ်နှင့် စပ်လျဉ်း၍  SEACEN  Centre  ၏ အမှုဆောင်   ဒါရိုက်တာ   Dr. Mangal Goswami ကလည်း ကောင်း  ဆွေးနွေးပြောကြားကြသည်။ 

 


ဆက်လက်၍  “Managing Macro-Financial Stability” ခေါင်းစဉ်နှင့်စပ်လျဉ်း၍ ဖိလစ်ပိုင် နိုင်ငံဗဟိုဘဏ်၏ ဒုတိယဥက္ကဋ္ဌ Mr. Francisco G. Dakila, Jr. ကလည်းကောင်း၊   ထိုင်းနိုင်ငံ ဗဟိုဘဏ်၏ ဒုတိယဥက္ကဋ္ဌ Ms. Vachira Arromdee ကလည်း ကောင်း   ဆွေးနွေးပြောကြားကြ ပြီး SEACEN အဖွဲ့ဝင်ဗဟိုဘဏ် (၁၉)ဘဏ်တို့မှ  ဒုတိယဥက္ကဋ္ဌများ၊ SEACEN အမှုဆောင် ဒါရိုက်တာ နှင့်  အစည်းအဝေး တက်ရောက် လာသူများမှ၎င်းတို့၏အတွေ့ အကြုံ အသိအမြင်များကို အမြင် ချင်းဖလှယ်    ဆွေးနွေးကြသည်။ 

 


ယနေ့တွင် (၂၁) ကြိမ်မြောက် အရှေ့တောင်အာရှ  ဗဟိုဘဏ် ဒုတိယ  ဥက္ကဋ္ဌများ  အစည်းအဝေး (21st   SEACEN   Executive Committee - EXCO Meeting) ကို ဆက်လက်ကျင်းပရာ အစည်း အဝေးတွင် လာမည့် ၂၀၂၃ ခုနှစ် တွင် ဆောင်ရွက်မည့် ဦးစားပေး လုပ်ငန်းများ၊ ၂၀၂၃ ခုနှစ်အတွက် ဘတ်ဂျက်လျာထားမှု၊ SEACEN စင်တာမှ ကြီးမှူးဆောင်ရွက်လျက် ရှိသည့်    မဟာဗျုဟာမြောက် စီမံကိန်းများ      ဆောင်ရွက်မှု၊ SEACEN စင်တာတွင် ဒါရိုက်တာ များ ခန့်အပ်မှု၊ SEACEN အုပ်ချုပ် မှုဆိုင်ရာကိစ္စရပ်များ၊ ၂၀၂၃-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွက် External Auditor ခန့်အပ်မှုနှင့်စပ်လျဉ်း၍ SEACEN အမှုဆောင် ဒါရိုက်တာ  Dr.   Mangal   Goswami   နှင့် ဗီယက်နမ်နိုင်ငံ   ဗဟိုဘဏ်၏ ဒုတိယဥက္ကဋ္ဌ Mr. Pham Thanh Ha တို့က  တင်ပြဆွေးနွေးခဲ့ရာ SEACEN အဖွဲ့ဝင်ဗဟိုဘဏ် (၁၉) ဘဏ်တို့မှ     ဒုတိယဥက္ကဋ္ဌများ က  ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ အကြုံပြု ဆွေးနွေးကာ လမ်းညွှန် မှုများ   ပေးခဲ့ကြကြောင်း  သိရ သည်။                     

သတင်းစဉ်