
လွိုင်ကော် စက်တင်ဘာ ၁၆
နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအနေဖြင့် ကယားပြည်နယ်အတွင်း ဘုန်းတော်ကြီးကျောင်းများရှိ သံဃာတော်များ ဝါတွင်းကာလ ဆွမ်း၊ ကွမ်း၊ အဆင်ပြေစေရေး အတွက် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ကုလားပဲ အမယ်လေးမျိုး ဆက်ကပ်လှူဒါန်းလျက် ရှိသည်။
ထိုသို့ဆောင်ရွက်ရာတွင် ဘောလခဲခရိုင်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ဒုတိယညွှန်ကြားရေး မှူး ဦးအောင်မင်းသိန်းနှင့် ဝန်ထမ်းများသည် ယနေ့နံနက်ပိုင်း၌ ဘောလခဲမြို့အဝင် မဟာ ကန္တရတိဏ္ဏ ဘုန်းတော်ကြီးကျောင်းရှိ ရဟန်း သာမဏေများအတွက် ဆွမ်းဆန်တော် ၊ ဆီ ၊ ဆားနှင့် ကုလားပဲများ ဆက်ကပ်လှူဒါန်း ကြသည်။
နယ်စပ်ရေးရာဝန်ကြီးဌာနသည် ကယား ပြည်နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများ တွင် ဆွမ်း ၊ ကွမ်း ၊ အခက်အခဲမရှိစေရေးအတွက် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ကုလားပဲ အမယ် လေးမျိုးကို ဆက်လက်လှူဒါန်းသွားမည်ဖြစ် ကြောင်း သိရသည်။
ကိုဇင်