
နေပြည်တော် စက်တင်ဘာ ၁၆
ပြည်ထဲရေးဝန်ကြီးဌာန၊ တပ်ဖွဲ့ ဝင်/ဝန်ထမ်းအရာထမ်း၊ အမှုထမ်း မိသားစုများက မြို့နယ်အသီးသီး ရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်နှင့် ဆန်ကြာဆံ များ ဆက်ကပ်လှူဒါန်းခြင်းကို ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် နေပြည်တော်ကောင်စီ နယ်မြေ ဇေယျာသီရိမြို့နယ်ရှိ ရေဆင်းကန်ဦး ကျောင်းတိုက်၊ တနင်္သာရီတိုင်းဒေသကြီး ထားဝယ် မြို့နယ်ရှိ ဃောသိတာရာမ ကျောင်းတိုက်၊ မွန်ပြည်နယ် မော်လမြိုင်မြို့နယ်ရှိ စိန်မမပါဠိ တက္ကသိုလ်၊ ရန်ကုန်တိုင်းဒေသ ကြီး ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်ရှိ အနန္တဂုဏ်ရည် ကျောင်းတိုက်၊ မင်္ဂလာဒုံမြို့နယ်ရှိ ရွှေညောင်ပင် ပရိယတ္တိစာ သင်တိုက်၊ ရန်ကင်းမြို့နယ်ရှိ ပဉ္စနိကာယ သာသနာ့ဗိမာန် ကျောင်းတိုက်၊ ရွှေပြည်သာမြို့နယ် ရှိ ခေမာသိဒ္ဓိမင်းကျောင်းတိုက်နှင့် လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်ရှိ ဥက္ကံသာရာမရွှေ ကျောင်းတိုက် တို့သို့ ဆွမ်းဆန်တော်များကို လည်းကောင်း၊ ပဲခူးတိုင်းဒေသ ကြီး ပဲခူးမြို့နယ်ရှိ ကျိုက်ဇမျှား ကျောင်းတိုက်၊ မကွေးတိုင်းဒေသ ကြီး မကွေးမြို့နယ်ရှိ ဝေယံ ဘုံမြင့်ကျောင်းတိုက်၊ မန္တလေး တိုင်းဒေသကြီး ချမ်းမြသာစည် မြို့နယ်ရှိ သာသနာ့ဇောတိကာရုံ ကျောင်းတိုက်နှင့် အောင်မြေသာစံ မြို့နယ်ရှိ မြနန္ဒာကျောင်းတိုက်၊ ရန်ကုန်တိုင်းဒေသကြီး အလုံ မြို့နယ်ရှိ ဇောတနာရာမကျောင်း တိုက်နှင့် ရှမ်းပြည်နယ် တောင်ကြီး မြို့နယ်ရှိ ရှမ်းပိဋကတ်၊ စဝ်စံထွန်း ကျောင်းတိုက်တို့သို့ ဆန်ကြာဆံ များကိုလည်းကောင်း ဆရာတော်၊ သံဃာတော်များအတွက် တာဝန် ရှိသူများက သွားရောက်ဆက်ကပ် လှူဒါန်းခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်