အကြိမ်(၄၀)မြောက် အာဆီယံစွမ်းအင်ဝန်ကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ ဆက်လက်ကျင်းပ

 

နေပြည်တော်  စက်တင်ဘာ  ၁၆ 


အကြိမ်  (၄၀) မြောက်  အာဆီယံ စွမ်းအင်ဝန်ကြီးများ   အစည်း အဝေးနှင့်  ဆက်စပ်အစည်းအဝေး များ (40th  ASEAN Ministers  on Energy Meeting (AMEM) and Associated Meetings) ဒုတိယ နေ့အဖြစ်   (၁၆)   ကြိမ်မြောက် အရှေ့အာရှနိုင်ငံများ၏  စွမ်းအင် ဝန်ကြီးများ အစည်းအဝေး (16th East  Asia  Summit  Energy Ministers Meeting - EAS-EMM) နှင့် (၁၉) ကြိမ်မြောက် အာဆီယံ နှင့်ဆွေးနွေးဖက် ၃ နိုင်ငံ (ဂျပန်၊ ကိုရီးယား၊   တရုတ်)    စွမ်းအင် ဝန်ကြီးများ အစည်းအဝေး (19th AMEM+3)  တို့ကို   ယနေ့တွင် Video Conferencing စနစ်ဖြင့် ဆက်လက်  ကျင်းပခဲ့ရာ  အဆိုပါ အစည်းအဝေးများသို့   စွမ်းအင် ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးမြင့်ဦးနှင့်အတူ    ဒုတိယ ဝန်ကြီး  ဦးသန့်စင်နှင့်  တာဝန်ရှိ သူများ  တက်ရောက်ကြသည်။

 


အစည်းအဝေးတွင်  အာဆီယံ ဒေသတွင်း   စွမ်းအင်လုံခြုံရေး၊ ရေနံနှင့်  သဘာဝဓာတ်ငွေ့ဆိုင်ရာ နည်းပညာနှင့် အခြေခံအဆောက် အဦများ       ဖွံ့ဖြိုးတိုးတက်ရေး၊ သန့်စင်သောစွမ်းအင်နှင့် ပြန်ပြည့် မြဲ စွမ်းအင်အရင်းအမြစ်များသုံးစွဲ နိုင်ရေး၊        စွမ်းအင်ဈေးကွက် တည်ငြိမ်မှုရှိရေး၊ ကာဗွန်ဖမ်းယူ အသုံးချမှုနည်းပညာ   (Carbon Capture,  Utilization   and Storage   (CCUS)   Technical) ဖွံ့ဖြိုးတိုးတက်ရေး၊   ဟိုက်ဒရိုဂျင် နှင့်        အမိုးနီးယားစွမ်းအင် နည်းပညာဆိုင်ရာများ       ပူးပေါင်း ဆောင်ရွက်ရေးနှင့်          ဒေသတွင်း စွမ်းအင်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးတို့အတွက်  အာဆီယံနှင့်  အရှေ့ အာရှနိုင်ငံများအကြား၊ အာဆီယံ နှင့် ဂျပန်၊ ကိုရီးယား၊ တရုတ်နိုင်ငံ များအကြား ပူးပေါင်းဆောင်ရွက် ရေးအစီအမံများ၊     မူဝါဒနှင့် လုပ်ငန်းစဉ်များကို    ညှိနှိုင်း ဆွေးနွေးခဲ့ကြသည်။

 


အစည်းအဝေး၌ ပြည်ထောင်စု ဝန်ကြီးက         မြန်မာနိုင်ငံ၏ အနာဂတ်စွမ်းအင်     ကဏ္ဍတွင် သဘာဝဓာတ်ငွေ့သည် အရေးကြီး ပါကြောင်း၊ နိုင်ငံတော်၏စွမ်းအင် လိုအပ်ချက်ကို  ဖြည့်ဆည်းနိုင်ရန် ပြည်တွင်း  ကုန်းတွင်း၊  ကမ်းလွန် လုပ်ကွက်များမှ ရေနံနှင့် သဘာဝ ဓာတ်ငွေ့    တိုးမြှင့်ထုတ်လုပ်နိုင် ရေး  ကြိုးပမ်းလျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် အာဆီယံ စွမ်းအင်ကဏ္ဍ          ပူးပေါင်း ဆောင်ရွက်မှု  ဧရိယာတစ်ခုချင်းစီ ၏ ရည်မှန်းချက်များပြည့်မီစေရေး အလေးထား  ဆောင်ရွက်လျက်ရှိပါ ကြောင်း၊ ပြန်ပြည့်မြဲစွမ်းအင်ကဏ္ဍ အနေဖြင့် မဟာဓာတ်အားလိုင်းနှင့် ဝေးကွာသည့်  ကျေးလက်ဒေသ များတွင်       အသေးစားရေအား လျှပ်စစ်၊ လေအားလျှပ်စစ်၊ ဆိုလာ စသည့်   ပြန်ပြည့်မြဲအရင်းအမြစ် များမှ           လျှပ်စစ်ဓာတ်အား ထုတ်လုပ်သုံးစွဲရန်  စီမံဆောင်ရွက် နေပါကြောင်း၊ စွမ်းအင်အကျိုးရှိ ထိရောက်စွာ           အသုံးချရေးနှင့် စွမ်းအင်ချွေတာရေး၊ ပြန်ပြည့် မြဲစွမ်းအင်အရင်းအမြစ်များ  ပိုမို တိုးမြှင့်သုံးစွဲရေးနှင့်     ကာဗွန် ထုတ်လွှတ်မှု          လျှော့ချရေးတို့ အတွက်လည်း  မူဝါဒများချမှတ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကာဗွန်ဖမ်းယူအသုံးချမှု   နည်း ပညာ၊  ဟိုက်ဒရိုဂျင်၊  အမိုးနီးယားစွမ်းအင်နည်းပညာဖွံ့ဖြိုးတိုးတက် ရေးအတွက်    အာဆီယံအဖွဲ့ဝင် နိုင်ငံများ၊  အာဆီယံ၏  ဆွေးနွေး ဖက်နိုင်ငံများ၊       နိုင်ငံတကာ စွမ်းအင်ဆိုင်ရာ   အဖွဲ့အစည်းများ နှင့်   တက်ကြွစွာပူးပေါင်းပါဝင်ဆောင်ရွက်သွားမည်      ဖြစ်ပါ ကြောင်း   ဆွေးနွေးပြောကြား သည်။

 


အကြိမ် (၄၀)မြောက် အာဆီယံ စွမ်းအင်ဝန်ကြီးများ    အစည်း အဝေးနှင့် ဆက်စပ်အစည်းအဝေး များ၏  ဒုတိယနေ့အစည်းအဝေး များအတွင်း  (၁၆)   ကြိမ်မြောက် အရှေ့အာရှနိုင်ငံများ၏ စွမ်းအင် ဝန်ကြီးများ        အစည်းအဝေး၏ ပူးတွဲကြေညာစာတမ်း “The Joint Ministerial Statement (JMS) of 16th EAS-EMM” နှင့် (၁၉) ကြိမ် မြောက်  အာဆီယံနှင့်  ဆွေးနွေး ဖက် ၃ နိုင်ငံ  စွမ်းအင်ဝန်ကြီးများ အစည်းအဝေး၏   ပူးတွဲကြေညာ စာတမ်း “The Joint Ministerial Statement (JMS) of 19th AMEM +3”များကို ထုတ်ပြန်ခဲ့ကြကြောင်း၊  (၄၁)  ကြိမ်မြောက်   အာဆီယံ စွမ်းအင်   ဝန်ကြီးများ   အစည်း အဝေးနှင့်  ဆက်စပ်အစည်းအဝေး များကို        အင်ဒိုနီးရှားနိုင်ငံမှ   အလှည့်ကျဥက္ကဋ္ဌအဖြစ်    ၂၀၂၃ ခုနှစ်တွင်   လက်ခံကျင်းပသွား မည်ဖြစ်ကြောင်း သိရသည်။ 

 


သတင်းစဉ်