
နေပြည်တော် စက်တင်ဘာ ၁၅
မြန်မာ့အသံနှင့် ရုပ်မြင်သံကြား မှ နေ့စဉ်ထုတ်လွှင့်လျက်ရှိသော ရုပ်သံလိုင်းများနှင့် ရေဒီယိုလိုင်း များတွင် အသံလွှင့်သူများ၊ သတင်း ဖတ်ကြားသူများနှင့် အစီအစဉ် တင်ဆက်သူများကို မြန်မာစာ/မြန်မာစကား၊ ပါဠိစာလုံးများ အသံထွက်မှန်ကန်မှုနှင့် စကားလုံး အထားအသို အရေးအသား မှန်ကန်မှု ရှိစေရန်အတွက် မြန်မာစာနှင့် ပါဠိစာလုံးများ အသံထွက်သင်တန်းကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော် တပ်ကုန်းရှိ မြန်မာ့အသံနှင့်ရုပ်မြင် သံကြား Auditorium ခန်းမ၌ ဖွင့်လှစ်သည်။
အဆိုပါ သင်တန်းတွင် မြန်မာ့ အသံနှင့် ရုပ်မြင်သံကြားမှ ထုတ်လွှင့်မှုများအနက် သတင်း ဖတ်ကြားမှုနှင့် အစီအစဉ် တင်ဆက်မှုတို့တွင် အသံအထား အသိုအနေအထား၊ အသံပြောင်း နှင့် အသံမပြောင်းသည့် စကားလုံး များ၊ ရေးတော့အမှန် ဖတ်တော့ အသံ၊ သရသံများ၊ အင်တာဗျူး အကြောင်းအရာများ၊ သတင်းဖတ် ကြားသူ နှင့် အစီအစဉ်တင်ဆက်သူ များ ဆောင်ရန်၊ ရှောင်ရန် အကြောင်းအရာများကို ပညာရှင်၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား တွင် တာဝန်ထမ်းဆောင်ခဲ့သော ဒုတိယညွှန်ကြားရေးမှူး (ငြိမ်း) ဒေါ်ဆန်းဆန်းဦးက သင်ကြားပို့ချ လေ့ကျင့်ပေးသွားမည်ဖြစ်သည်။
အဆိုပါ သင်တန်းသို့ ဝန်ထမ်း ၁၀၀ ကျော် တက်ရောက်လျက်ရှိ ပြီး သင်တန်းကာလမှာ စက်တင် ဘာ ၁၅ ရက်မှ ၁၉ ရက်အထိ ဖြစ် ကြောင်း သိရသည်။
သတင်းစဉ်