လယ်​ဝေးမြို့ပေါ်ရှိ ​ ပြည်သူများအား ဈေးနှုန်းသက်သာစွာဖြင့် ဆန်များရောင်းချပေး

 

လယ်ဝေး စက်တင်ဘာ ၁၅


လယ်​ဝေးမြို့ပေါ် ရပ်ကွက်များ၌ နေထိုင်ကြသည့် ပြည်သူများကို ယနေ့ ည​နေပိုင်းက  စျေးနှုန်းသက်သာစွာဖြင့်  ဆန်များရောင်းချပေးခဲ့ကြောင်း သိရသည်။  

 


အဆိုပါဆန်များကို နေပြည်တော်ကောင်စီက  ရောင်းချပေးခဲ့ခြင်း ဖြစ်ပြီး   လယ်ဝေးမြို့နယ်   အမှတ် (၁)  ရပ်ကွက်ရှိ ပြည်သူများအား အိမ်ထောင်စုတစ်စုလျှင် ဆန်တစ်ပြည်နှုန်း၊ ဆန်တစ်ပြည်လျှင် ငွေကျပ် ၁၀၀၀ နှုန်းဖြင့် စုစုပေါင်း  ၁၃၉ ပြည်ကို စနစ်တကျရောင်းချပေးခဲ့ကြောင်း နှင့်  ဆက်လက်ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။ 

သတင်းစဉ်