လယ်ဝေးမြို့နယ်၌ ဆီထွက်သီးနှံများဖြစ်သည့် နေကြာ၊ မြေပဲနှင့် နှမ်း စိုက်ပျိုးရေးလုပ်ငန်းများကို ပိုမိုစိုက်ပျိုးထုတ်လုပ်သွားမည်

 

လယ်ဝေး  စက်တင်ဘာ ၁၅


ပြည်ထောင်စုနယ်မြေ   နေပြည် တော် လယ်ဝေးမြို့နယ် စိုက်ပျိုး ရေးဦးစီးဌာနနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး      ဦးစီးဌာန တို့    ပူးပေါင်းဆောင်ရွက်သည့် ၂၀၂၂-၂၀၂၃ ခုနှစ် ဆောင်းနေကြာ စိုက်ပျိုးသည့် ကျေးရွာအုပ်စုများ အား  တောင်သူပညာပေးသင်တန်း ဖွင့်ပွဲ   အခမ်းအနားကို  ယနေ့ နံနက် ၉ နာရီခွဲက  လယ်ဝေးမြို့ သီရိမင်္ဂလာခန်းမ၌     ကျင်းပသည်။

 


အခမ်းအနားတွင်     နေပြည် တော်ကောင်စီအဖွဲ့ဝင်   ဦးမြင့်စိုး က အမှာစကားပြောကြားရာတွင် နိုင်ငံတော်၏ ဦးတည်ချက်များဖြင့် တောင်သူ၊ ကျေးလက်နေပြည်သူ များဘဝ   ဖွံ့ဖြိုးတိုးတက်ရေး အတွက်   စိုက်ပျိုးရေးအတွက် အဓိကကျသည့် နည်းပညာပေး သင်တန်းဖြစ်ကြောင်း၊ နိုင်ငံတော် ၏ လမ်းညွှန်မှုဖြင့်  သက်ဆိုင်ရာ စိုက်ပျိုးရေးဦးစီးဌာန၊ ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန နှင့် မွေးမြူရေးနှင့် ကုသရေးဦးစီး ဌာနတို့၏   အနီးကပ်ကြီးကြပ် ဆောင်ရွက်ပေးမှုတို့ကို တောင်သူ ဦးကြီးများအနေဖြင့်   သေသေ ချာချာ   မှတ်သား၍  လက်တွေ့ ဆောင်ရွက်သွားကြရန်၊ လိုက်နာ ဆောင်ရွက်ကာ   ရေရှည်အသုံး တည့်ပြီး အကျိုးရှိအောင် ပူးပေါင်း ဆောင်ရွက်ကြရန်၊    နိုင်ငံတော် အစိုးရ၊   သက်ဆိုင်ရာဝန်ကြီးဌာန နှင့် ပြည်သူလူထုများ ပူပေါင်း ပါဝင်မှသာ ဦးတည်သွားနေသည့် ပြည်သူလူထု၏ စီးပွားဘဝဖွံ့ဖြိုး တိုးတက်လာမည်ဖြစ်ပါကြောင်း စသည်ဖြင့် ပြောကြားသည်။

 


ထို့နောက် မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌ   ဦးမြင့်ဆောင်က လယ်ဝေးမြို့နယ်၌       ဆီထွက် သီးနှံများဖြစ်သည့် နေကြာ၊ မြေပဲ နှင့်  နှမ်း  စိုက်ပျိုးရေးလုပ်ငန်း များကို     ပိုမိုစိုက်ပျိုးထုတ်လုပ် သွားမည်ဖြစ်ကြောင်း   ဖြည့်စွက် ပြောကြားပြီး      နေပြည်တော် စိုက်ပျိုးရေးဦးစီးဌာန        ဒုတိယ ညွှန်ကြားရေးမှူး   ဦးစိုးနိုင်က မြို့နယ်များအလိုက်   စိုက်ပျိုး ထားသည့် သီးနှံအမျိုးအစားများ ၏  မြေဧကများ၊  ရေရရှိမှုများ၊ ထုတ်လုပ်နိုင်မှု  အခြေအနေများ ကို     ရှင်းလင်းပြောကြားသည်။  ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးဝင်းအောင်က နေကြာ စိုက်ပျိုးရာတွင်    လိုအပ်သည့် ရေလုံလောက်စွာ     ရရှိနိုင်ရေး၊ ခေတ်မီစက်ကြီးများ  အသုံးပြု၍ အစိုဓာတ်ရရှိနိုင်မည့်   မြေအနေ အထားကို     အသုံးပြုနိုင်ရေး၊ ပိုးသတ်ဆေးများကို   စနစ်တကျ အသုံးပြုနိုင်ရေးနှင့်      သဘာဝ ဓာတ်မြေဩဇာများ    ထုတ်လုပ် အသုံးပြုနိုင်ရေးတို့ကို   ရှင်းလင်း ပြောကြားခဲ့သည်။ ဆက်လက်၍ စိုက်ပျိုးရေးဦးစီးဌာနမှ    တက် ရောက်လာကြသည့်   တောင်သူ များအား     စနစ်တကျစိုက်ပျိုး ထုတ်လုပ်နိုင်ရေးအတွက် တစ်ရက် တာ တောင်သူပညာပေးသင်တန်း ပို့ချခဲ့သည်။

 


လယ်ဝေး    မြို့နယ်အတွင်း ဆောင်းနေကြာကို ကျေးရွာ ၁၉  ရွာတွင်      စိုက်ပျိုးလျက်ရှိပြီး သီးသန့်၊    သီးညှပ်စိုက်ပျိုးသည့် ဧကများ တိုးမြှင့်ကာ ဧက ၅၀၀၀  စိုက်ပျိုးနိုင်ရေး   ကြိုးပမ်းဆောင် ရွက်လျက်ရှိကြောင်း   သိရသည်။
       

မြို့နယ်(ပြန်/ဆက်)