
နေပြည်တော် စက်တင်ဘာ ၁၅
တရုတ်ပြည်သူ့ သမ္မတနိုင်ငံ နန်နင်းမြို့၌ စတုတ္ထအကြိမ် မြောက် တရုတ်-အာဆီယံ ကျန်းမာရေး ပူးပေါင်းဆောင်ရွက် မှု ဖိုရမ် (Towards A Health Silk Road) ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် Hybrid method ဖြင့် ကျင်းပသည်။
အခမ်းအနားတွင် တရုတ် ပြည်သူ့ သမ္မတနိုင်ငံ Guangxi Zhuang ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသမှ Vice Governor ၊ National Health Commission of China မှ ဒုတိယဝန်ကြီး၊ အာဆီယံ အဖွဲ့ဝင်နိုင်ငံများမှ ကျန်းမာရေး ဝန်ကြီးများ၊ အာဆီယံအတွင်း ရေးမှူးချုပ်ရုံးမှ အထွေထွေ အတွင်းရေးမှူးချုပ်၊ ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ (WHO Regi-onal Office for the Western Pacific) မှ ဒုတိယညွှန်ကြား ရေးမှူးချုပ်တို့က Key Note Speech မိန့်ခွန်းများ ပြောကြား ခဲ့ကြသည်။
အဆိုပါ ဖွင့်ပွဲအခမ်းအနား တွင် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်း က Video Key Note Speech ဖြင့် မိန့်ခွန်းပြောကြား ရာတွင် ယနေ့ဖိုရမ်တွင် အာဆီယံ အဖွဲ့ဝင်နိုင်ငံများနှင့် တရုတ် နိုင်ငံတို့မှ ပြည်သူ့ကျန်းမာရေး၊ ကုသရေးဆိုင်ရာ ကျွမ်းကျင် ပညာရှင်များ ဘာသာရပ်အလိုက် ပူးပေါင်း ဆောင်ရွက်မှုများကို တွေ့ရှိရသည့်အတွက် ဝမ်းမြောက် မိကြောင်း၊ ကျန်းမာရေးအခြေခံ အဆောက်အဦများ ခိုင်မာ တောင့်တင်းစေရေး ဒေသတွင်း သာမက ကမ္ဘာ့နိုင်ငံများ ပူးပေါင်း ဆောင်ရွက်ခြင်းသည် ပြည်သူ့ ကျန်းမာရေးဆိုင်ရာ ခြိမ်းခြောက်မှု များ တုံ့ပြန်နိုင်ရေး လုပ်ငန်းများ အတွက် ပိုမိုအားကောင်းစေမည် ဖြစ်ကြောင်း၊ မြန်မာနိုင်ငံသည် ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ် ထိန်းချုပ် ကုသခြင်း လုပ်ငန်းများ ကို ကြိုးပမ်းဆောင်ရွက်လျက် ရှိရာ အိမ်နီးချင်းနိုင်ငံဖြစ်သည့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး များ အပါအဝင် ဆေးပစ္စည်း အကူအညီ အထောက်အပံ့များစွာ ရရှိခဲ့ကြောင်း။
တရုတ်နိုင်ငံနှင့် အာဆီယံ အဖွဲ့ဝင်နိုင်ငံများ ပူးပေါင်း ဆောင်ရွက်မှုဖြင့် ကျန်းမာရေး ပိုးလမ်း (Health Silk Road) တည်ထောင် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ပါက ကျန်းမာရေး ဆိုင်ရာ ဗဟုသုတ၊ သတင်း အချက်အလက်များ၊ အတွေ့ အကြုံများကို အချိန်နှင့်တစ်ပြေးညီ မျှဝေခြင်း၊ ပြည်သူ့ကျန်းမာရေး စနစ်ကို ပိုမိုခိုင်မာတောင့်တင်း စေခြင်းနှင့် သိပ္ပံနှင့် နည်းပညာ ပိုင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက် ခြင်း၊ အတွေ့အကြုံ မျှဝေခြင်း တို့ကို ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း၊ တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံတို့အကြား ပူးပေါင်း ဆောင်ရွက်မှုများစွာ ရှိသည့် အနက် အရေးကြီးသည့် အခွင့် အလမ်းတစ်ခုမှာ မြန်မာကူးစက် ရောဂါ ကာကွယ် ထိန်းချုပ်ရေး စင်တာတည်ဆောက်ရေး လုပ်ငန်း ဖြစ်ပြီး လက်ရှိအချိန်တွင် တည်ဆောက်ရေး လုပ်ငန်းများ ဆောင်ရွက်လျက် ရှိကြောင်း၊ တရုတ်နိုင်ငံနှင့် အာဆီယံနိုင်ငံ များသည် တူညီသော ရည်မှန်း ချက်များရှိကြပြီး ကောင်းမွန်သော ရလဒ် ကြိုးပမ်းဆောင်ရွက်မှု များကို ဆောင်ရွက်ခဲ့ပြီး ဖြစ် ကြောင်း၊ နောင်လာမည့် ကာလ များတွင်လည်း ပိုမို၍ရည်မှန်းချက် ကောင်းမွန်သော အစီအစဉ်များ ပိုမို၍ လေးနက်သော ဆက်ဆံရေး များအား တည်ဆောက်နိုင်မည် ဟု ယုံကြည်ကြောင်း ပြောကြားသည်။
ထို့နောက် စတုတ္ထအကြိမ် မြောက် တရုတ် - အာဆီယံ ကျန်းမာရေး ပူးပေါင်းဆောင်ရွက်မှု ဖိုရမ် ပူးတွဲကြေညာစာတမ်းအား အတည်ပြုထုတ်ပြန်ခဲ့ကြသည်။
အဆိုပါ ဖိုရမ်ကို စက်တင်ဘာ ၁၄ ရက်မှ ၁၆ ရက်အထိ ကူးစက် ရောဂါများ ကာကွယ်ထိန်းချုပ် ရေး၊ မိခင်နှင့် ကလေးကျန်းမာရေး၊ ဆေးရုံစီမံခန့်ခွဲရေး၊ သွားကျန်းမာ ရေး အစရှိသည့် ဖိုရမ်ခွဲများအား နေ့အလိုက် ကျင်းပသွားမည် ဖြစ်ပြီး ကျန်းမာရေးဝန်ကြီးဌာနမှ ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ ကုသရေးဦးစီးဌာနတို့မှ သက်ဆိုင် ရာ ဘာသာရပ်အလိုက် တက် ရောက်သွားမည် ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်