နိုင်ငံတော်၏ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် ကရင်အမျိုးသားအစည်းအရုံး/ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် - ငြိမ်းချမ်းရေး ကောင်စီ(KNU/KNLA-PC)၊ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်(DKBA) ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့ တွေ့ဆုံဆွေးနွေး

 

နေပြည်တော်  စက်တင်ဘာ  ၁၅


နိုင်ငံတော်၏        ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့နှင့်      ကရင် အမျိုးသားအစည်းအရုံး/    ကရင် အမျိုးသား         လွတ်မြောက်ရေး တပ်မတော် -       ငြိမ်းချမ်းရေး ကောင်စီ     (KNU/KNLA-PC) ၊ ဒီမိုကရေစီအကျိုးပြု          ကရင် တပ်မတော်(DKBA)  ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့တို့      တွေ့ဆုံ ဆွေးနွေးပွဲကို    ယနေ့ နံနက်ပိုင်း တွင် နေပြည်တော်ရှိ  အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်း ရေး        ဖော်ဆောင်မှုဗဟိုဌာန အစည်းအဝေးခန်းမ၌    ကျင်းပသည်။

 


တက်ရောက်


တွေ့ဆုံဆွေးနွေးပွဲသို့     နိုင်ငံ တော်    စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်၊        ပြည်ထောင်စုအစိုးရ အဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး၊          အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့်       ငြိမ်းချမ်းရေး ဖော်ဆောင်မှု  ညှိနှိုင်းရေးကော်မတီ ဥက္ကဋ္ဌ၊ ငြိမ်းချမ်းရေးဆွေးနွေး ရေးအဖွဲ့ခေါင်းဆောင်      ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့်၊   အဖွဲ့ဝင် များဖြစ်ကြသည့်     နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ     အဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီး    မိုးမြင့်ထွန်း၊ အမျိုးသား   စည်းလုံးညီညွတ်ရေး နှင့်    ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေး        ကော်မတီအတွင်း ရေးမှူး         ဒုတိယဗိုလ်ချုပ်ကြီး မင်းနောင်နှင့်            ဒီမိုကရေစီ အကျိုးပြု ကရင်တပ်မတော် (DKBA)    စစ်ဦးစီးချုပ်အဆင့်ရှိ စောစတီး၊      စစ်ရေးချုပ်အဆင့်ရှိ စောစိန်ဝင်း၊           KNU/KNLA ငြိမ်းချမ်းရေးကောင်စီမှ   ဒုတိယ ဥက္ကဋ္ဌ  ဒေါက်တာ နော်ကပေါ်ထူး၊ အထွေထွေ   အတွင်းရေးမှူးချုပ် စောကျော်ညွန့်တို့    တက်ရောက် ကြသည်။ 

 


ရှင်းလင်းတင်ပြ


တွေ့ဆုံ           ဆွေးနွေးပွဲတွင် ငြိမ်းချမ်းရေး   ဆွေးနွေးရေးအဖွဲ့ ခေါင်းဆောင်    ဒုတိယဗိုလ်ချုပ် ကြီး ရာပြည့်နှင့်    တက်ရောက် လာကြသည့်      တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကိုယ်စား ဒီမိုကရေစီအကျိုးပြု          ကရင် တပ်မတော် (DKBA) စစ်ဦးစီးချုပ် အဆင့်ရှိ စောစတီးတို့က နှုတ်ခွန်း ဆက် အမှာစကား   ပြောကြား သည်။  ထို့နောက် ဖွဲ့စည်းပုံအခြေခံ ဥပဒေ  (၂၀၀၈ ခုနှစ်)ပါ ဇယား ၁ ပြည်ထောင်စု    ဥပဒေပြုစာရင်း နှင့်     ဇယား ၂ တိုင်းဒေသကြီး သို့မဟုတ်       ပြည်နယ်ဥပဒေပြု စာရင်းတို့နှင့်ပတ်သက်၍    ညှိနှိုင်း ရေးကော်မတီအဖွဲ့ဝင်     ဒုတိယ ဗိုလ်ချုပ်ကြီး          ဝင်းဗိုလ်ရှိန်က ကဏ္ဍအလိုက်      ရှင်းလင်းတင်ပြ ပြီး၂၀၂၀ ပြည့်နှစ်အလွန်   အဆင့် လိုက်လုပ်ငန်းစဉ်များနှင့်   အဆင့် လိုက်       အကောင်အထည်ဖော်မှု များ(ဇယား ၂) ကို     ညှိနှိုင်းရေး ကော်မတီအတွင်းရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီး           မင်းနောင်က ရှင်းလင်းတင်ပြသည်။ 

 


ဆက်လက်ကျင်းပသွားမည်


ယင်းနောက် တက်ရောက်လာ ကြသူများမှ    မိမိတို့၏   သဘော ထားများ၊      လိုလားချက်များကို အပြန်အလှန်   ဆွေးနွေးညှိနှိုင်းခဲ့ ကြပြီး တွေ့ဆုံဆွေးနွေးပွဲ ပထမ နေ့ကို ရပ်နားခဲ့သည်။  ဒုတိယနေ့ ဆွေးနွေးပွဲကို စက်တင်ဘာ ၁၆ ရက်တွင် ဆက်လက်ကျင်းပသွား မည်ဖြစ်ကြောင်း သိရသည်။ 


သတင်းစဉ်