ပုံနှိပ်ခြင်း၊ ထုတ်ဝေခြင်းနှင့် သတင်းအေဂျင်စီလုပ်ငန်းများ ခွင့်ပြုပေးမှုအခြေအနေ

 

ပြန်ကြားရေးဝန်ကြီးဌာနသည်   ပြည်ထောင်စုအစိုးရ၏  သဘော တူညီချက်ဖြင့် ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်း နည်းဥပဒေများကို အမိန့်ကြော်ငြာစာအမှတ်    (၄၈/၂၀၁၄)   ဖြင့်    ၂၀၁၄    ခုနှစ်၊ အောက်တိုဘာလ (၁၀) ရက်နေ့တွင် ထုတ်ပြန်ခဲ့ပြီးနောက် လုပ်ငန်း အသိအမှတ်ပြုလက်မှတ်    လျှောက်ထားလာပါက   ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း    နည်းဥပဒေများနှင့်အညီစိစစ်၍    လုပ်ငန်း အသိအမှတ်ပြုလက်မှတ်များကို ခွင့်ပြုပေးလျက်ရှိပါသည်။ 

 


ထိုသို့ဆောင်ရွက်ပေးလျက်ရှိရာ  (၁၂-၉-၂၀၂၂) နေ့က ပြုလုပ်ခဲ့ သော ပြန်ကြားရေးဝန်ကြီးဌာန၊ စီမံခန့်ခွဲရေးကော်မတီအစည်းအဝေး တွင် (၁၈-၇-၂၀၂၂)  နေ့မှ (၂-၉-၂၀၂၂) နေ့ထိ လုပ်ငန်း အသိအမှတ်ပြု လက်မှတ်  လျှောက်ထားလာသည့်  ထုတ်ဝေခြင်းလုပ်ငန်းအတွက် အသစ်လျှောက်ထားသူ မဂ္ဂဇင်းတစ်ဦးနှင့် အထွေထွေ ၂၀ ဦး ပေါင်း ၂၁ ဦးကိုလည်းကောင်း၊  သတင်းအေဂျင်စီ လုပ်ငန်းလျှောက်ထားသူ တစ်ဦးကိုလည်းကောင်း၊  အသိအမှတ်ပြုလက်မှတ်များ ထုတ်ပေးရန် ခွင့်ပြုပေးခဲ့ပါသည်။ 

 


ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်းနည်းဥပဒေများ ပြဋ္ဌာန်းသည့် (၁၀-၁၀-၂၀၁၄) နေ့မှစ၍ ယနေ့အထိ ပုံနှိပ်ခြင်းလုပ်ငန်း ၁၆၉၈ ဦး၊ ထုတ်ဝေခြင်းလုပ်ငန်း ၃၂၀၁ ဦးနှင့် သတင်းအေဂျင်စီလုပ်ငန်း ၃၉၆ ဦး စုစုပေါင်းပုံနှိပ်ခြင်း၊ ထုတ်ဝေခြင်းနှင့် သတင်းအေဂျင်စီလုပ်ငန်း ၅၂၉၅ ဦးအား အသိအမှတ်ပြုလက်မှတ်များ စိစစ်ခွင့်ပြုပေးခဲ့ပြီးဖြစ် ပါသည်။ 


ပြန်ကြားရေးဝန်ကြီးဌာန