
ဇမ္ဗူသီရိ စက်တင်ဘာ ၁၄
ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယမန် နေ့က နေပြည်တော် ကောင်စီရုံး အစည်းအဝေးခန်းမ (၁) ၌ ကျင်းပ သည်။
ရှေးဦးစွာ နေပြည်တော် ကောင်စီအဖွဲ့ဝင် (၁) ဗိုလ်မှူးကြီး မင်းနောင်က နေပြည်တော် အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အတွက် ဆောင်ရွက်ထားမှုများကို တက်ရောက်လာသည့် ဌာန ဆိုင်ရာများအနေဖြင့် တင်ပြ ပေးစေလိုကြောင်း ပြောကြားသည်။
ထို့နောက် နေပြည်တော် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာ အေးအေးမာက ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့် စပ်လျဉ်း၍ လက်ရှိဆောင်ရွက်နေ မှုနှင့် ဆက်လက်ဆောင်ရွက်မည့် အခြေအနေများကို ရှင်းလင်း တင်ပြသည်။
ဆက်လက်၍ နေပြည်တော် ကောင်စီအဖွဲ့ဝင်များ ဖြစ်ကြသည့် ဦးဇေယျာလင်း၊ ရဲမှူးကြီး ကိုကိုလွင်၊ နေပြည်တော်ကောင်စီ အတွင်းရေးမှူး ဦးလှိုင်စိုးသန့်နှင့် တက်ရောက် လာကြသူများက Mask Campaign အား ဈေးများ၊ စာသင်ကျောင်းများနှင့် အခြား လူစည်ကားရာ နေရာများ၌ ဆောင်ရွက်လျက်ရှိသည့် အခြေ အနေများ၊ လူစုလူဝေးဖြစ်ပေါ် နိုင်သည်ဟု သတ်မှတ်ထားသည့် နေရာများတွင် ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော SOP များနှင့်အညီ လိုက်နာ ဆောင်ရွက်နိုင်ရေး စစ်ဆေး ကြပ်မတ်လျက်ရှိသည့် အခြေ အနေများ၊ ကုသရေး၊ ဆေးရုံ၊ Positive Center၊ ကုသရေး စင်တာ၊ Quarantine Center များ ပြင်ဆင် ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ နေပြည်တော် အတွင်း လက်ရှိ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသည့် အခြေအနေများ ကို တင်ပြရာ နေပြည်တော် ကောင်စီအဖွဲ့ဝင် (၁) ဗိုလ်မှူးကြီး မင်းနောင်က လိုအပ်သည်များကို ဖြည့်စွက်ရှင်းလင်း ပြောကြား ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)