
မကွေး စက်တင်ဘာ ၁၄
၂၀၂၃ ခုနှစ် ဇန်နဝါရီ ၄ ရက်တွင် ကျရောက်မည့် (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အခမ်း အနားတွင် မကွေးတိုင်းဒေသကြီး မှ ဂုဏ်ပြုယာဉ်များ အောင်မြင်စွာ ပြသနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို စက်တင်ဘာ ၁၃ ရက်က တိုင်းဒေသကြီးအစိုးရ အဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင် တက် ရောက်သည်။
ရှေးဦးစွာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် တိုင်းဒေသ ကြီး ဝန်ကြီးချုပ်က (၇၅) နှစ် မြောက် စိန်ရတုလွတ်လပ်ရေးနေ့အခမ်းအနားတွင် မိမိတို့ တိုင်းဒေသကြီးအနေဖြင့် ဂုဏ်ပြု ယာဉ်သုံးစီးဖြင့် ပြသသွားမည် ဖြစ်ပြီး စိန်ရတုပြည်ထောင်စုနေ့ တွင်လည်း မိမိတို့တိုင်းဒေသကြီး အနေဖြင့် ပထမဆု ဆွတ်ခူးနိုင် ခဲ့ကာ ယခုစိန်ရတုလွတ်လပ်ရေး နေ့တွင်လည်း ဆုများဆက်လက် ဆွတ်ခူးနိုင်ရေး အတွက် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြ ရန်လိုကြောင်း၊ ဂုဏ်ပြုယာဉ်များ ပြသရာတွင် လွတ်လပ်ရေးနေ့ အဓိပ္ပာယ်အား ပြည်သူများ သိရှိ နိုင်ရေး ဆောင်ရွက်ကြရမည်ဖြစ် ကြောင်းနှင့် ဂုဏ်ပြုယာဉ်များ အား ဆောင်ရွက်ရာတွင် မိမိတို့ ဌာနဆိုင်ရာ တာဝန်ရှိသူများ သာမက ပြင်ပမှတတ်သိပညာရှင် များအား ဖိတ်ခေါ်ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီး အတွင်းရေးမှူး ဦးသန်းဆွေဝင်း က (၇၅) နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ အခမ်းအနား တွင် ဂုဏ်ပြုယာဉ်များ ပါဝင် ယှဉ်ပြိုင်နိုင်ရေးနှင့် လုပ်ငန်း ကော်မတီများ ဖွဲ့စည်းဆောင်ရွက် မည့်အခြေအနေများ၊ ပြသမည့် အလှပြယာဉ်အလိုက် ဆောင်ရွက် မည့် လုပ်ငန်းလိုအပ်ချက်များအား ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။
ထို့နောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို တက်ရောက် လာကြသည့် ဌာနဆိုင်ရာ တာဝန် ရှိသူများက (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အခမ်း အနားတွင် ဂုဏ်ပြုယာဉ်များ အောင်မြင်စွာ ပါဝင်ပြသနိုင်ရေး အတွက် ဝိုင်းဝန်းအကြံပြုဆွေးနွေး ခဲ့ကြောင်း သိရသည်။
ကိုစည်သူ(မကွေး)