
မုံရွာ စက်တင်ဘာ ၁၄
၂၀၂၂ ခုနှစ် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက်(၁၈)နှစ် အောက် အမျိုးသား/အမျိုးသမီး ပြေးခုန်ပစ်ပြိုင်ပွဲဆုချီးမြှင့်ပွဲ အခမ်းအနားကို စက်တင်ဘာ ၁၄ ရက် နံနက်ပိုင်းက မုံရွာမြို့ ပြည်သူ့အားကစားကွင်း၌ ကျင်းပသည်။
ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် နှင့် တာဝန်ရှိသူများက ဗိုလ်လုပွဲစဉ်အဖြစ် အမျိုးသား/အမျိုးသမီး မီတာ ၁၀၀ လက်ဆင့်ကမ်း အပြေးပြိုင်ပွဲ ယှဉ်ပြိုင်နေမှုကို ကြည့်ရှုအားပေး သည်။
ထို့နောက် ဆုချီးမြှင့်ပွဲအခမ်းအနားကို ကျင်းပရာ တိုင်းဒေသကြီး အားကစားနှင့် ကာယပညာဦးစီးဌာန မှ ညွှန်ကြားရေးမှူး ဦးကျော်မင်းသန်းက အမျိုးသား/အမျိုးသမီး အလျားခုန်ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသော အားကစားသမားများအား ဆုတံဆိပ်များကို လည်းကောင်း၊ အားကစားနှင့်ကာယပညာသိပ္ပံ(မုံရွာ) ကျောင်းအုပ်ကြီး ဦးအောင် ဇော်လွင်က အမျိုးသား/အမျိုးသမီး သုံးဆင့်ခုန် ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသော အားကစားသမားများအား ဆုတံဆိပ်များကို လည်းကောင်း၊ တိုင်းဒေသကြီး စည်ပင်သာယာရေး အဖွဲ့ ညွှန်ကြားရေးမှူး ဦးသစ်ထူးမြင့်က အမျိုးသား/အမျိုးသမီး တန်းမြင့်ခုန်ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသော အားကစားသမားများအား ဆုတံဆိပ်များကို လည်းကောင်း ဆုများချီးမြှင့်သည်။
ဆက်လက်၍ မုံရွာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇော်တင်မိုးက အမျိုးသား/ အမျိုးသမီး သံလုံးပစ်ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိသော အားကစားသမားများအား ဆုတံဆိပ် များကို လည်းကောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ညွှန်ကြားရေးမှူး ဦးကျော်စိန်က အမျိုးသား/ အမျိုးသမီး သံပြားပစ်ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသော အားကစားသမားများအား ဆုတံဆိပ်များကို လည်းကောင်း၊ တိုင်းဒေသကြီး ပညာရေးမှူး ဦးတိုးဝင်းက အမျိုးသား/ အမျိုးသမီး လှံတံပစ်ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိ သော အားကစားသမားများအား ဆုတံဆိပ် များကို လည်းကောင်း ဆုများချီးမြှင့်သည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဥပဒေချုပ် ဒေါ်လှလှဝင်းက အမျိုးသား/ အမျိုးသမီး မီတာ ၁၀၀ အပြေးပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိ သော အားကစားသမားများအား ဆုတံဆိပ်များကို လည်းကောင်း၊ တိုင်းဒေသကြီး တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော်က အမျိုးသား/ အမျိုးသမီး မီတာ ၂၀၀ အပြေးပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသော အားကစားသမား များအား ဆုတံဆိပ်များကို လည်းကောင်း၊ တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီး ဦးတင်သန်းဝင်းက အမျိုးသား/အမျိုးသမီး သံလုံးပစ် ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသော အားကစားသမားများအား ဆုတံဆိပ်များကို လည်းကောင်း၊ တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဒေါ်ရီရီသန်းက အမျိုးသား/ အမျိုးသမီး မီတာ ၄၀၀ ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသော အားကစားသမားများအား ဆုတံဆိပ်များကို လည်းကောင်း ဆုများချီးမြှင့်သည်။
ယင်းနောက် တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးအေးလှိုင်က အမျိုးသား/ အမျိုးသမီး မီတာ ၈၀၀ ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသော အားကစားသမားများအား ဆုတံဆိပ်များကို လည်းကောင်း၊ တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ် ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုးက အမျိုးသား/ အမျိုးသမီး မီတာ ၁၅၀၀ ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသော အားကစားသမားများအား ဆုတံဆိပ်များကို လည်းကောင်း၊ တိုင်းဒေသကြီး တရားသူကြီးချုပ် ဦးဇော်ထူးက အမျိုးသား/ အမျိုးသမီး မီတာ ၄၀၀ လက်ဆင့်ကမ်းပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသော အားကစားသမားများအား ဆုတံဆိပ်များကို လည်းကောင်း ဆုများချီးမြှင့် သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က အမျိုးသား/ အမျိုးသမီး တံခွန်စိုက်ဆုရရှိသော မြို့နယ်များအား တံခွန်စိုက်ဆုတံဆိပ်နှင့် ငွေသား ဆုများကို ပေးအပ်ချီးမြှင့်ပြီး စုပေါင်းတံခွန်စိုက် ဆုရရှိသော အင်းတော်မြို့နယ် အမျိုးသား/အမျိုးသမီး အသင်းအား ဆုပေါင်းတံခွန်စိုက်ဆုနှင့် ငွေသားဆု ငွေကျပ် ငါးသိန်း ပေးအပ်ချီးမြှင့်သည်။
တိုင်းဒေသကြီး (ပြန်/ဆက်)