ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား အခြေခံပညာကျောင်းပေါင်းစုံ အသက် (၁၈) နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဆုချီးမြှင့်ပွဲကျင်းပ

 

ပဲခူး   စက်တင်ဘာ   ၁၄


ပဲခူးတိုင်းဒေသကြီး  ဝန်ကြီးချုပ် ဖလား ၂၀၂၂ခုနှစ် အခြေခံပညာ ကျောင်းပေါင်းစုံ  အသက်  (၁၈) နှစ်အောက်    အမျိုးသားဘောလုံး ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့ ညနေပိုင်း တွင်   ပဲခူးမြို့    ဥဿာမြို့သစ်ရှိ ပဲခူးခရိုင်     ဘောလုံးအားကစား ကွင်း၌ ကျင်းပသည်။

 


ဦးစွာ   ပဲခူးခရိုင်အသင်းနှင့် ညောင်လေးပင်ခရိုင်အသင်းတို့ ဗိုလ်လုပွဲ   ယှဉ်ပြိုင်ကစားကြရာ  ပဲခူးခရိုင် အသင်းက ငါးဂိုး-သုံးဂိုး ဖြင့် အနိုင်ရဗိုလ်စွဲသွားသည်။

 


ဆက်လက်၍   ဆုချီးမြှင့်ခြင်း အခမ်းအနား ကျင်းပရာ အစိုးရ အဖွဲ့     တာဝန်ရှိသူများက    ပွဲစဉ် တစ်လျှောက်      အကောင်းဆုံး ဂိုးသမားဆု၊      နောက်တန်း အကောင်းဆုံး အားကစားသမား ဆု၊ အလယ်တန်းအကောင်းဆုံး အားကစားသမားဆု၊    ရှေ့တန်း အကောင်းဆုံး အားကစားသမား  ဆုနှင့် အကောင်းဆုံးအားကစား သမားဆုရရှိသူများကို  ဆုတံဆိပ် နှင့် ငွေသားဆု တစ်သိန်းကျပ်စီ ကိုလည်းကောင်း၊ တိုင်းဒေသကြီး လုံခြုံရေးနှင့်       နယ်စပ်ရေးရာ ဝန်ကြီးနှင့် တိုင်းဒေသကြီး စီးပွား ရေးရာဝန်ကြီးတို့ကပူးတွဲ (တတိယ)  ဆုရရှိသော   နတ္တလင်းခရိုင် အသင်းနှင့်    သာယာဝတီခရိုင် အသင်းတို့ကို   တစ်ဦးချင်း   ဆု တံဆိပ်နှင့်  ငွေသားဆု   ငါးသိန်း ကျပ်စီကိုလည်းကောင်း၊   တိုင်း ဒေသကြီး    တရားလွှတ်တော် တရားသူကြီးချုပ်က   ဒုတိယဆု ရရှိသော   ညောင်လေးပင်ခရိုင် အသင်းကို တစ်ဦးချင်းဆုတံဆိပ် နှင့် ငွေသားဆု ကျပ် ခုနစ်သိန်းကို လည်းကောင်း၊  ပဲခူးတိုင်းဒေသ ကြီး ဝန်ကြီးချုပ်  ဦးမျိုးဆွေဝင်း က   ပထမဆုရရှိသော   ပဲခူးခရိုင် အသင်းကို တစ်ဦးချင်းဆုတံဆိပ်၊ တံခွန်စိုက် ဆုဖလားနှင့် ငွေသား ဆုကျပ် ၁၀ သိန်းကိုလည်းကောင်း ပေးအပ်ချီးမြှင့်ကြသည်။

 


ပဲခူးတိုင်းဒေသကြီး   ဝန်ကြီး ချုပ်ဖလား ၂၀၂၂ ခုနှစ်  အခြေခံ ပညာကျောင်းပေါင်းစုံ  အသက် (၁၈)   နှစ်အောက်   အမျိုးသား ဘောလုံးပြိုင်ပွဲကို တိုင်းဒေသကြီး အတွင်းရှိ  ခရိုင်  ခြောက်ခရိုင်မှ အသင်းခြောက်သင်းတို့က  အုပ်စု ပတ်လည်အဖြစ် ပြည်မြို့ဘောလုံး အားကစားကွင်း၊ ပဲခူးမြို့ အမှတ် (၅)   အခြေခံပညာ    အထက်တန်း ကျောင်းဘောလုံးအားကစားကွင်း နှင့် ပဲခူးခရိုင် ဘောလုံးအားကစား ကွင်းများ၌     ယှဉ်ပြိုင်ကစားခဲ့ ကြကြောင်း သိရသည်။


သတင်းစဉ်