ဂျပန်နိုင်ငံ၌ ကျင်းပမည့် ၂၀၂၂ ခုနှစ် အာရှသက်ငယ်တန်း အားကစားပြိုင်ပွဲသို့ မြန်မာအားကစားအဖွဲ့ ဝင်ရောက်ယှဉ်ပြိုင်မည်

 

ရန်ကုန်   စက်တင်ဘာ   ၁၃


ဂျပန်နိုင်ငံ၌  ကျင်းပမည့်  ၂၀၂၂ ခုနှစ်      အာရှသက်ငယ်တန်း အားကစားပြိုင်ပွဲ  (Asia Junior Sports Exchange Games 2022)သို့ ဝင်ရောက်ယှဉ်ပြိုင်ရန် မြန်မာ အားကစားအဖွဲ့သည် ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့မှ လေကြောင်းခရီးဖြင့်       ထွက်ခွာသွားကြသည်။ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန    ဒုတိယ အမြဲတမ်းအတွင်းဝန် ဦးကျော်ဆန်း ခေါင်းဆောင် သော မြန်မာအားကစားအဖွဲ့ကို အားကစားနှင့်ကာယ ပညာဦးစီးဌာန  ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊    မြန်မာနိုင်ငံ    စားပွဲတင်တင်းနစ်အဖွဲ့ချုပ်  ဥက္ကဋ္ဌနှင့်  ဌာနဆိုင်ရာ တာဝန်ရှိသူများက  ရန်ကုန်အပြည်ပြည် ဆိုင်ရာ လေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြသည်။

 


အဆိုပါပြိုင်ပွဲသို့        သွားရောက်ယှဉ်ပြိုင်မည့် မြန်မာအားကစားအဖွဲ့၌    အဖွဲ့ခေါင်းဆောင်အဖြစ် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယ အမြဲတမ်းအတွင်းဝန်၊     ဒုတိယအဖွဲ့ခေါင်းဆောင် အဖြစ်  အားကစားနှင့် ကာယပညာသိပ္ပံ (မန္တလေး) ကျောင်းအုပ်ကြီးတို့နှင့်အတူ ကြက်တောင်အားကစား နည်းမှ အုပ်ချုပ်သူ တစ်ဦး၊ နည်းပြတစ်ဦး၊ အမျိုးသား အားကစားသမား သုံးဦး၊ အမျိုးသမီး အားကစား သမား သုံးဦး၊ စားပွဲတင်တင်းနစ် အားကစားနည်းမှ အုပ်ချုပ်သူ  တစ်ဦး၊    နည်းပြ  တစ်ဦး၊   အမျိုးသား အားကစားသမား သုံးဦး၊ အမျိုးသမီး အားကစား သမား နှစ်ဦး၊ Para Badminton ပြိုင်ပွဲ ယှဉ်ပြိုင်ရန် အတွက် နည်းပြတစ်ဦး၊ အမျိုးသားအားကစားသမား တစ်ဦး၊ Para Table Tennis ပြိုင်ပွဲ ယှဉ်ပြိုင်ရန် အတွက်  နည်းပြတစ်ဦးနှင့် အမျိုးသား အားကစား သမားတစ်ဦး စုစုပေါင်း ၂၁ ဦး လိုက်ပါသွားကြောင်း နှင့်     အာရှသက်ငယ်တန်း     အားကစားပြိုင်ပွဲကို စက်တင်ဘာ ၁၄ ရက်မှ  ၂၀ ရက်အထိ ဂျပန်နိုင်ငံ တိုကျိုမြို့၌ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။              
သတင်းစဉ်