၂၀၂၂ ခုနှစ် တိုင်းဒေသ​ကြီးနှင့် ပြည်နယ် စစ်တုရင်ပြိုင်ပွဲဆုချီးမြှင့်

 

ရန်ကုန်    စက်တင်ဘာ   ၁၃


၂၀၂၂ ခုနှစ် တိုင်းဒေသ​ကြီးနှင့် ပြည်နယ် စစ်တုရင် ပြိုင်ပွဲ ဆုချီးမြှင့်ခြင်းအခမ်းအနားကို စက်တင်ဘာ ၁၂ ရက်   နံနက်ပိုင်းက  ရန်ကုန်တိုင်းဒေသကြီး  သင်္ဃန်းကျွန်းမြို့နယ်   အမျိုးသားအားကစားပြိုင်ပွဲရုံ (၁)  သုဝဏ္ဏ၌ ကျင်းပသည်။

 


ရှေးဦးစွာ အပြည်ပြည်ဆိုင်ရာ စစ်တုရင်လူငယ် တစ်ဦးချင်း၊ လူငယ်အသင်းလိုက်ပြိုင်ပွဲ၊ အမျိုးသမီး တစ်ဦးချင်း၊ အမျိုးသမီး အသင်းလိုက်ပြိုင်ပွဲ၊ အမျိုး သား တစ်ဦးချင်း၊ အမျိုးသား အသင်းလိုက်ပြိုင်ပွဲများ တွင်   ပထမ၊  ဒုတိယ၊  တတိယ  ရရှိသောကြ‌သော အားကစားသမားများအား  တိုင်းဒေသကြီး ဝန်ကြီး များဖြစ်ကြသည့်             သယံဇာတရေးရာဝန်ကြီး ဦးဇော်ဝင်း၊ စီးပွားရေးရာဝန်ကြီး ဦးမျိုးမြင့်အောင်၊  ရန်ကုန်မြို့တော်ဝန်    ဦးဗိုလ်ဌေး၊    တိုင်းဒေသကြီး အားကစားနှင့်  ကာယပညာကော်မတီဥက္ကဋ္ဌ၊ ဥပဒေ ချုပ် ဦးဌေးအောင်၊အားကစားနှင့်ကာယပညာဦးစီး ဌာန  ညွှန်ကြားရေးမှူးချုပ်  ဦးထွန်းမြင့်ဦး၊  မြန်မာ နိုင်ငံ  စစ်တုရင်အဖွဲ့ချုပ်ဥက္ကဋ္ဌ   ဦးမောင်မောင်လွင် တို့က တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုများကို လည်း‌ကောင်း၊ တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ် ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင့်က  အပြည်ပြည် ဆိုင်ရာ စစ်တုရင် လူငယ်အသင်းလိုက် တံခွန်စိုက် ဒိုင်းဆုရရှိသော  မွန်ပြည်နယ်အသင်းအား‌  ပေးအပ် ချီးမြှင့်ကြသည်။ 

 


ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီး ချုပ်  ဦးစိုးသိန်းက  အပြည်ပြည်ဆိုင်ရာ  စစ်တုရင်   အမျိုးသမီးအသင်းလိုက်   တံခွန်စိုက်ဒိုင်း   ရရှိသော  မန္တလေးတိုင်းဒေသကြီးအသင်း၊     အပြည်ပြည် ဆိုင်ရာ      စစ်တုရင်     အမျိုးသားအသင်းလိုက် တံခွန်စိုက်ဒိုင်းရရှိသော   ရန်ကုန်တိုင်းဒေသကြီး အသင်းနှင့် စုပေါင်းတံခွန်စိုက်  ဒိုင်းဆုရရှိသွားသော မန္တလေးတိုင်းဒေသကြီးအသင်းတို့အား  တံခွန်စိုက်   ဒိုင်းဆုများ       ချီးမြှင့်ပေးခဲ့ကြောင်း     သိရသည်။ အဆိုပါပြိုင်ပွဲကို စက်တင်ဘာ ၅ ရက်မှ ၁၂ ရက်အထိ ကျင်းပခဲ့ပြီး     တိုင်းဒေသကြီးနှင့်  ပြည်နယ်များမှ အမျိုးသားပြိုင်ပွဲဝင် ၁၄ သင်း၊ အမျိုးသမီး ပြိုင်ပွဲဝင် ၁၃သင်းမှ စုစုပေါင်းအားကစားသမား ၁၄၀ ကျော်ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြ‌ကြောင်း သိရသည်။


အာကာစိုး