နေရပ်စွန့်ခွာသူများနှင့် ယာယီတိုက်ပွဲရှောင်များအတွက် အကူအညီထောက်ပံ့ပေးရေး၊ ပြန်လည်လက်ခံရေးနှင့် ပြန်လည်နေရာချထားရေးကိစ္စရပ်များ ဆွေးနွေး

 

စစ်တွေ   စက်တင်ဘာ   ၁၃


ရခိုင်ပြည်နယ်ဝန်ကြီးချုပ်  ဒေါက်တာအောင်ကျော်မင်းသည်    ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့်အတူ စက်တင်ဘာ ၁၁ ရက်က ပြည်နယ်ဝန်ကြီးချုပ် ဧည့်ခန်းမ၌ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး ၏ အာရှ-ပစိဖိတ် ဒေသဆိုင်ရာဗျူရိုညွှန်ကြားရေးမှူး Mr.Indrika Ratwatte ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့အား လက်ခံတွေ့ဆုံကြသည်။

 

တွေ့ဆုံစဉ် နေရပ်စွန့်ခွာသူ များနှင့် ယာယီတိုက်ပွဲရှောင်များ အတွက် အကူအညီထောက်ပံ့ပေး ရေး၊   ပြန်လည်လက်ခံရေးနှင့် ပြန်လည်နေရာချထားရေးကိစ္စများ၊  လူထုအခြေပြုကူညီထောက်ပံ့ပေး ရေး၊ နေရပ်စွန့်ခွာသူများနှင့် အနီး ပတ်ဝန်းကျင်   ကျေးရွာများရှိ ပြည်သူများအား ကူညီထောက်ပံ့ ပေးနိုင်ရေး၊ ကူညီထောက်ပံ့ရေး လုပ်ငန်း   ပြည်သူလူထုများသို့ ကျယ်ကျယ်ပြန့်ပြန့်   ရောက်ရှိ နိုင်ရေး၊ သဘာဝဘေး အန္တရာယ် ကြောင့် ထိခိုက်ပျက်စီးမှုများတွင် ကူညီထောက်ပံ့နိုင်ရေး၊   ရခိုင် ပြည်နယ်အစိုးရအဖွဲ့မှ    ဘင်္ဂါလီ များအား ကျန်းမာရေး၊ ပညာရေး နှင့်ပတ်သက်၍ ခရီးသွားလာခွင့် များအား ဆောင်ရွက်ပေးနေမှုနှင့် ယာယီတိုက်ပွဲရှောင်များနှင့် နေရပ် စွန့်ခွာသူများ  ရေရှည်ရပ်တည်နိုင် ရေးအတွက်   အသက်မွေးဝမ်း ကျောင်းပညာများ  သင်ကြားပေး နိုင်ရေး       စသည့်အကူအညီ အထောက်အပံ့   ပေးရေးဆိုင်ရာ   ကိစ္စရပ်များကို ဆွေးနွေးခဲ့သည်။

 


အဆိုပါတွေ့ဆုံပွဲသို့ ပြည်နယ် ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊  အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ကုလသမဂ္ဂဒုက္ခ သည်များဆိုင်ရာ မဟာမင်းကြီးရုံး ၏ အာရှ-ပစိဖိတ် ဒေသဆိုင်ရာ ဗျူရိုညွှန်ကြားရေးမှူး Mr.Indrika Ratwatte၊   ဒုတိယညွှန်ကြား ရေးမှူး Ms. Ellen Hansen   နှင့် တာဝန်ရှိသူများ၊   လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်   ပြန်လည် နေရာချထားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ကြ ကြောင်း သိရသည်။ 


တင်ထွန်း (ပြန်/ဆက်)