ပညာရေးကို ဆုံးခန်းတိုင်အောင် အေးချမ်းစွာ သင်ယူနိုင်ရန် ဆင်းရဲနွမ်းပါးသည့် ကျောင်းသားများ၊ ဝေးလံခက်ခဲသည့် ဒေသများမှ ကလေးများ၊ မသန်စွမ်းကလေးများအတွက် ပညာသင်ထောက်ပံ့ကြေးများ ထောက်ပံ့ပေးလျက်ရှိ

 

နေပြည်တော် စက်တင်ဘာ ၁၃


ကလေးအလုပ်သမားခိုင်းစေမှုများ ပပျောက်သွားစေရန်နှင့် လျော့နည်းသွားရန် အခွင့်အလမ်းကောင်းများ ဖန်တီးဖော်ဆောင်ပေးရမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ကလေး အလုပ်သမားပပျောက်ရေးဆိုင်ရာ ပညာရေး နှင့် အသက်မွေးဝမ်းကျောင်းပညာလုပ်ငန်း ကော်မတီဥက္ကဋ္ဌ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်ဝင်း က ဆိုသည်။

 


ယနေ့ကျင်းပသည့် မြန်မာနိုင်ငံ ကလေးအလုပ် သမား   ပပျောက်ရေးဆိုင်ရာ  ပညာရေးနှင့်အသက် မွေးဝမ်းကျောင်းပညာ  လုပ်ငန်းကော်မတီ  ဒုတိယ အကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ဒုတိယ ဝန်ကြီးက ထိုသို့ ပြောကြားခဲ့ခြင်းဖြစ်ပြီး  ကလေး အလုပ်သမားများကို  စောင့်ကြည့်ရှာဖွေဖော်ထုတ် ခြင်း၊   လွှဲပြောင်းပေးခြင်းဆိုင်ရာ   ဖော်ထုတ်ရေး လုပ်ငန်းစဉ်များတွင်လည်း မိမိတို့အနေဖြင့် ပူးပေါင်း ပါဝင် ဆောင်ရွက်လျက်ရှိကြောင်း၊ ကလေးသူငယ် များ အခြေခံပညာ KG + 9 ပြီးမြောက်စေရန် အခမဲ့ ပညာရေး   အစီအစဉ်ကို   အကောင်အထည်ဖော် ဆောင်ရွက်နေကြောင်း၊ ပညာရေးကို ဆုံးခန်းတိုင် အောင် အေးချမ်းစွာ သင်ယူနိုင်ရန် ဆင်းရဲနွမ်းပါးသည့် ကျောင်းသားများ၊  ဝေးလံခက်ခဲသည့်  ဒေသများမှ ကလေးများ၊ မသန်စွမ်းကလေးများအတွက် ပညာ သင်ထောက်ပံ့ကြေးများ    ထောက်ပံ့ပေးလျက်ရှိ ကြောင်း၊     လိုအပ်သည့်  ထောက်ပံ့မှုများ  တိုးမြှင့် ဆောင်ရွက်သွားနိုင်ရန်  အလေးထား  ဆောင်ရွက် သွားမည်ဖြစ်ကြောင်း          ထည့်သွင်းပြောကြားသည်။

 


ထို့ပြင်  အခြေခံစာတတ်မြောက်ရေး လုပ်ငန်း များ၊ ရပ်ရွာဒေသနှင့် ကိုက်ညီသည့် စဉ်ဆက်ပညာရေး လုပ်ငန်းအစီအစဉ်များ     အကောင်အထည်ဖော် ဆောင်ရွက်ရန်လိုကြောင်း၊      သင်ယူမှုဝန်းကျင် အမျိုးမျိုး၊ သင်ယူမှုအခွင့်အလမ်း အမျိုးမျိုးကို ဖန်တီး ပေးကြရမည်ဖြစ်ကြောင်း၊ ကျောင်းပြင်ပ ပညာရေး လိုအပ်သည့်   နေရာဒေသအလိုက်   ဝင်ရောက် ဆောင်ရွက်နေသကဲ့သို့ အခြေခံပညာကျောင်းများကလည်း လက်ရှိကျောင်းသားများ  ပုံမှန်တက်ရောက်နိုင်ရေး၊ ကျောင်းထွက်မှုမရှိစေရေး ကြပ်မတ်ဆောင် ရွက်ကြရန်လိုကြောင်း၊ အုပ်ချုပ်ရေး  အဖွဲ့အစည်းများနှင့် လူမှုရေးအဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်ကြရန်လိုကြောင်း  တိုက်တွန်းခဲ့သည်။

 


အဆိုပါ  အစည်းအဝေး၌ ပညာရေးနှင့် အသက် မွေးဝမ်းကျောင်းပညာလုပ်ငန်းကော်မတီ၏ လုပ်ငန်း ဆောင်ရွက်မှုများနှင့်   တိုင်းဒေသကြီး၊   ပြည်နယ်အလိုက်  လုပ်ငန်းဆောင်ရွက်နေမှုများကို  တင်ပြ ဆွေးနွေးပြီး  ပေါင်းစပ်ဆောင်ရွက်ရမည့်  ကိစ္စရပ်များကို ညှိနှိုင်းခဲ့ကြောင်း သိရသည်။ 


သတင်းစဉ်