နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင် ပန်းတနော်မြို့ လူထုအခြေပြုဗဟိုဌာန ပန္နက်တင်အခမ်းအနားတက်ရောက်

နေပြည်တော်   စက်တင်ဘာ  ၁၀ လူထုအခြေပြုဗဟိုဌာန (Comm-unity Centre) ပန္နက်တင်မင်္ဂလာ အခမ်းအနားကို ဧရာဝတီတိုင်း ဒေသကြီး ပန်းတနော်မြို့နယ် မြို့ကွက်သစ်ရပ်ကွက် အကွက် အမှတ် (၁)၌ ယနေ့နံနက်ပိုင်းက ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်း မောင်၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အနောက် တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် အောင်အောင်၊ တိုင်း ဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူ များ တက်ရောက်ကြသည်။ အမွှေးနံ့သာရည်ပက်ဖျန်း ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်း မောင်၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အနောက် တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် အောင်အောင်၊ တိုင်း ဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများသည် မင်္ဂလာ အချိန်တွင် သတ်မှတ်နေရာများ၌ မင်္ဂလာပန္နက်တိုင်များ စိုက်ထူ၍ အမွှေးနံ့သာရည်များ ပက်ဖျန်း ပေးကြပြီး လူထုအခြေပြုဗဟို ဌာန (Community Centre) ဆောက်လုပ်ရေးကုမ္ပဏီ တာဝန်ခံ က လုပ်ငန်းဆောင်ရွက်မှုကို ရှင်းလင်းတင်ပြသည်။ ဆက်လက်၍ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်က တိုင်းဒေသကြီး အကျိုး သယ်ပိုးနိုင်သည့် လူ့စွမ်းအားအရင်းအမြစ်များ ပိုမို မွေးထုတ်ပေးနိုင်မည့် လူထု အခြေပြုဗဟိုဌာနကို တိုင်းဒေသ ကြီးတွင် တည်ဆောက်နိုင်ရေး  ကြိုးပမ်း ဆောင်ရွက်ခဲ့ကြောင်း၊ လူထုအခြေပြုဗဟိုဌာနဆိုသည် မှာ ပြည်သူလူထုက စိတ်ဝင်စား သော၊ အကူအညီတောင်းခံနိုင် သော၊ ပေါင်းစပ်လုပ်ကိုင်ဆောင်ရွက်ပေးနိုင်သော၊ အသိပညာ ဗဟုသုတများ ဆည်းပူးဖလှယ်နိုင် သော၊ ဒေသအတွက် အကျိုးရှိရာ ရှိကြောင်း ဆွေးနွေးနိုင်ရန် သတင်းအချက်အလက်များ ရယူ နိုင်သော အသိပညာဗဟုသုတ များ တည်ရှိရာနေရာဖြစ်ပါ ကြောင်း။ လူထုအခြေပြုဗဟိုဌာနတွင် စာကြည့်တိုက်၊ အစည်းအဝေး ခန်းမ၊ သင်တန်းခန်းမ၊ ကလေး စာဖတ်ခန်း၊ အားကစားခန်း စသည့် ကဏ္ဍစုံပါဝင်ပါသဖြင့် ဒေသခံပြည်သူများအတွက် များစွာ အကျိုးရှိပါကြောင်း၊ လူထု အခြေပြုဗဟိုဌာန သတ်မှတ် အရည်အသွေးများ ပြည့်မီစေရေး၊ ရေရှည်တည်တံ့ခိုင်မြဲစေရေးနှင့် ပိုမိုတိုးတက်ဖွံ့ဖြိုးစေရေး အုပ်ချုပ် ရေးအဖွဲ့အစည်းများ၊ ဌာနဆိုင်ရာ များ၊ ဒေသခံပြည်သူများအားလုံး ဝိုင်းဝန်းကူညီ ဆောင်ရွက်ကြ ရမည်ဖြစ်ပါကြောင်းနှင့်  လူထု အခြေပြုဗဟိုဌာန (Community Centre) တည်ဆောက်နိုင်ရေး အဘက်ဘက်မှ ကူညီဆောင်ရွက် ပေးကြသူများကို ကျေးဇူးတင်ရှိပါ ကြောင်း ပြောကြားသည်။ ဂုဏ်ပြုငွေများချီးမြှင့် ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က မိမိတို့တိုင်းဒေသ ကြီးသည် ကျေးလက်ဒေသကို အခြေခံပြီး စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများဖြင့် နိုင်ငံတော် တာဝန်များ သယ်ပိုးဆောင်ရွက် ပေးနေသည့် တိုင်းဒေသကြီးဖြစ်ပါ ကြောင်း၊ ယနေ့ပြုလုပ်သည့် လူထုအခြေပြုဗဟိုဌာန (Com-munity Centre) တည်ဆောက် ပြီးစီးပါက ဒေသအတွက် စိုက်ပျိုး မွေးမြူရေး၊ ပညာရေး၊ ကျန်းမာ ရေး စသည့်အသိပညာဗဟုသုတ များကို ရှာဖွေလေ့လာနိုင်ကာ ဆွေးနွေးဖလှယ်နိုင်မည် ဖြစ်ပါ ကြောင်း ပြောကြားပြီး ဖျော်ဖြေ ရေးအဖွဲ့များ၏ ကပြမှုများကို ကြည့်ရှုအားပေးကြကာ ဂုဏ်ပြုငွေများချီးမြှင့်ခဲ့သည်။ ရင်းရင်းနှီးနှီးတွေ့ဆုံ ဆက်လက်၍ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း တို့သည် ဓနုဖြူမြို့နယ် နန်းတော် ကုန်းကျေးရွာ ဘက်စုံအဆင့်မြင့် နည်းပညာသုံး စံပြကျေးရွာ၊ ဧက ၁၀၀ စံပြကွက်သို့ သွား ရောက်၍ စိုက်ပျိုးရေးဦးစီးဌာနမှ အဆင့်မြင့် နည်းပညာသုံးစံပြ ကျေးရွာ၊ ဧက ၁၀၀ စံပြကွက် အကောင်အထည်ဖော် ဆောင် ရွက်နေမှုများကို ကြည့်ရှုအားပေး ခဲ့ပြီး တိုင်းဒေသကြီး စိုက်ပျိုးရေး ဦးစီးဌာန တိုင်းဦးစီးမှူးနှင့် ဗဟို ဒေသသုတေသနဗဟို (မြောင်းမြ) တာဝန်ခံတို့က မျိုးသန့်မျိုးစပါး ထုတ်လုပ်မှု၊ စိုက်ပျိုးရေးနည်းစနစ် များ အသုံးပြု၍ စမ်းသပ်ယှဉ်ပြိုင် ကွက်များ ဆောင်ရွက်ထားရှိမှုနှင့် သုတေသနပြု လုပ်ငန်းများ ဆောင်ရွက်ထားရှိမှုများကို ရှင်း လင်းတင်ပြကြရာ မျိုး၊ မြေ၊ ရေ၊ နည်း မှန်ကန်စွာအသုံးပြုစေရေး၊ သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်) ထည့်သွင်းအသုံးပြုမှုများ ပိုမို ဆောင်ရွက်စေရေး၊ တောင်သူ အသိပညာပေး လုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက် စေရေးနှင့် သုတေသနပြုလုပ်ငန်း များ ပိုမိုကောင်းမွန်အောင်ဆောင် ရွက်၍ တောင်သူများထံ ချပြ ဆွေးနွေးစေရေး မှာကြားခဲ့ကာ တောင်သူများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်သည်။ လှည့်လည်ကြည့်ရှု ဆက်လက်၍ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် မန်းငြိမ်းမောင်နှင့် အဖွဲ့တို့သည် ပန်းတနော်မြို့နယ်ရှိ စူပရင်း ဘိုင်အိုတတ်(Supreme BioTech) ဇီဝမြေသြဇာစက်ရုံ အမှတ် (၁) ပသွယ်သို့ သွားရောက်ရာ ကုမ္ပဏီ ဥက္ကဋ္ဌ ဒေါက်တာစိန်မြင့်နှင့် Dy. CEO ဦးထူးထူးအောင်တို့က စူပရင်းဘိုင်အိုတတ် (Supreme BioTech) ၏ ဦးတည်ချက်များ၊ ဘိုင်အိုစူပရင်း ဇီဝမြေသြဇာ အကြောင်းအရာ အချက်အလက် များ၊ ဇီဝမြေသြဇာထုတ်လုပ်မှု အဆင့်ဆင့်နှင့် ရှေ့ဆက်ဆောင် ရွက်မည့် လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များကို ဖြည့်စွက်မှာကြားခဲ့ပြီး စက်ရုံ အတွင်း လှည့်လည်ကြည့်ရှု စစ်ဆေးသည်။ ထုတ်လုပ်ဖြန့်ဖြူး အဆိုပါ စူပရင်းဘိုင်အိုတတ် (Supreme BioTech) ဇီဝ မြေသြဇာစက်ရုံအမှတ်(၁) ပသွယ် မှ လစဉ်ဇီဝမြေသြဇာ ၅၀ ကီလို ဂရမ် အိတ်(၂၀၀၀၀) (မက်ထရစ် တန် ၁၀၀၀) ထုတ်လုပ်ဖြန့်ဖြူးပေးလျက်ရှိကြောင်း သိရသည်။ သတင်းစဉ်