ကယားပြည်နယ်အစိုးရအဖွဲ့က လွိုင်ကော်နှင့် ဒီမော့ဆိုမြို့နယ်အတွင်းရှိ ခရစ်ယာန် ဘုရားရှိခိုးကျောင်းများအတွက် ဆန် ၊ ဆီ ထောက်ပံ့လှူဒါန်းပေးအပ်

လွိုင်ကော် စက်တင်ဘာ ၁၀ ကယားပြည်နယ် အစိုးရအဖွဲ့မှ ကြီးမှူး၍ လွိုင်ကော်နှင့် ဒီမော့ဆို မြို့နယ်အတွင်းရှိ ခရစ်ယာန် ဘုရားရှိခိုး ကျောင်းများအတွက် ဆန်နှင့် ဆီများ ထောက်ပံ့လှူဒါန်း ပေးအပ်ခြင်း အခမ်းအနားကို ယမန် နေ့က လွိုင်ကော်မြို့ ခရစ်တော် ဘုရင် ဘုရားကျောင်း၌ ကျင်းပ ရာ ကယားဖူးနှစ်ခြင်း အသင်းတော် မှ ဆရာတော် ခူးရယ်ကျော်ထူးက အဖွင့်ဆုတောင်းမေတ္တာဖြင့် အခမ်း အနားစတင်သည်။ ထို့နောက် ကယားပြည်နယ် ဝန်ကြီးချုပ် ဦးဇော်မျိုးတင်က ပြည်နယ်အတွင်းတွင် နေထိုင် ကြသော တိုင်းရင်းသားများသည် ကိုးကွယ် သော ဘာသာများမတူ ညီကြသော်လည်း လူမျိုးဘာသာ မခွဲခြားဘဲ ဘာသာတစ်ခု၏ ဘာသာရေး ယုံကြည်ချက်နှင့် ဓလေ့ထုံးတမ်းများကို အခြား ဘာသာဝင်များက အပြန်အလှန် လေးစား၍ အေးချမ်းစွာ အတူ ယှဉ်တွဲ နေထိုင်လျက်ရှိကြောင်း၊ ပြည်နယ်အနေဖြင့် ပြည်နယ် အတွင်းရှိ ဘာသာအသီးသီး ၏ လွတ်လပ်စွာ ယုံကြည် ကိုးကွယ်ခွင့်ကို အလေးထားကာ တတ်စွမ်းသမျှ ကူညီဆောင်ရွက် ပေးသည့်အနေဖြင့် ခရစ်ယာန် ဘုရားရှိခိုး ကျောင်းများအတွက် ဆန်၊ ဆီ ပေးအပ်လှူဒါန်းရ ခြင်းဖြစ်ကြောင်း ပြောကြား သည်။ ဆက်လက်ပြီး ပြည်နယ် ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက လွိုင်ကော်နှင့် ဒီမော့ဆိုမြို့နယ် အတွင်းရှိ ခရစ်ယာန်ဘုရားရှိခိုး ကျောင်းများအတွက် ဆန်၊ ဆီ များကို ပေးအပ်လှူဒါန်းရာ လွိုင်ကော်နှင့် ဒီမော့ဆိုမြို့နယ် အတွင်းရှိ ကက်သလစ်အသင်း တော်၊ လွိုင်ကော်နှစ်ခြင်း အသင်းတော် ၊ ကယားဖူးနှစ်ခြင်း အသင်းတော် ၊ သတ္တမနေ့ ဥပုသ် အသင်းတော် ၊ ယေဟောဝါအသင်း တော်နှင့် အင်္ဂလီကန် အသင်းတော် တို့မှ တာဝန်ရှိသူတို့က လက်ခံ ရယူကြသည်။ ယင်းနောက် ကက်သလစ် အသင်းတော်မှ ဖာရ်သာချဲဆို ဘရွှေက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။ ကယားပြည်နယ် အစိုးရအဖွဲ့ က လွိုင်ကော်နှင့် ဒီးမော့ဆို မြို့နယ်အတွင်းရှိ ခရစ်ယာန် ဘုရားရှိခိုး ကျောင်းများအတွက် ဆန်နှင့်ဆီများ ပေးအပ်လှူဒါန်းရာတွင် ကျောင်းပေါင်း ၇၁ ကျောင်း အတွက် ဆန် ၇၃ အိတ်၊ ဆီ ၁၄၆ ပိဿာ စုစုပေါင်းတန်ဖိုး ငွေကျပ် ၅၁၁၁၀၀၀ လှူဒါန်းခြင်းဖြစ်ကြောင်း သိရသည်။ ကိုဇင်(လွိုင်ကော်)