သံတွဲခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ရုံးစာရေးသားနည်း သင်တန်းဖွင့်

 

သံတွဲ  စက်တင်ဘာ ၉


သံတွဲခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနအနေဖြင့်   ရုံးလုပ်ငန်းများဆောင်ရွက် ရာတွင်     ဝန်ထမ်းတစ်ဦးချင်း   အရည်အသွေး တိုးတက်စေရန်နှင့် စွမ်းဆောင်ရည်မြင့်မားလာစေရန်ရည်ရွယ်၍ ရုံးစာရေးသားနည်းသင်တန်း ကို  ယနေ့နံနက်  ၉ နာရီက သံတွဲခရိုင်   လူထု အခြေပြုဗဟိုဌာန   (Community -Centre)   ၌ ကျင်းပသည်။ 

 


ရှေးဦးစွာ သံတွဲခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန    လက်ထောက်ညွှန်ကြား ရေးမှူး ဒေါ်စန္ဒာကြည်က သင်တန်းဖွင့်လှစ်ရခြင်း ရှင်းလင်းပြောကြားပြီး  ပြည်ထောင်စုရာထူးဝန် အဖွဲ့ က   ထုတ်ဝေသည့်  ရုံးလုပ်ငန်းလက်စွဲစာအုပ်ပါ ရုံးစာရေးသားနည်းနှင့် ရုံးလုပ်ငန်းဆိုင်ရာများကို သင်ကြားပို့ချပေးသည်။ သင်တန်းသို့   သံတွဲခရိုင် အတွင်းရှိ မြို့နယ်၊  မြို့ရုံးများမှ  ဝန်ထမ်း ၁၃ ဦး တက်ရောက်လျက်ရှိပြီး  စက်တင်ဘာ  ၁၁   ရက် အထိ ဖွင့်လှစ်မည်ဖြစ်သည်။  

 ခရိုင် (ပြန်/ဆက်)