
နေပြည်တော် စက်တင်ဘာ ၉
ဖားကန့်မြို့နယ်နှင့် မိုးညှင်းမြို့နယ်တို့၌ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
ဖြစ်စဉ်မှာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် စက်တင်ဘာ ၈ ရက် နံနက် ၁၁ နာရီ ၄၅ မိနစ်တွင် ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စု ဆိပ်မူကျေးရွာ ဆိပ်မူ-ဖားကန့်သွားကားလမ်းတွင် ထွန်းအောင်သိန်း မောင်းနှင်လာသည့် ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၁၄၀၀ ကိုလည်းကောင်း၊ အလားတူ စက်တင်ဘာ ၈ ရက် မွန်းတည့် ၁၂ နာရီတွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မိုးညှင်းမြို့နယ် ပင်လုံကျေးရွာအုပ်စု ပင်လုံကျေးရွာအနီးတွင် ခင်မောင်ဝင်း(ခ)ဖိုးငယ် မောင်းနှင်ပြီး အောင်ဇော်ဦးနှင့် မခင်ဝေဦး(ခ)မဝေ တို့လိုက်ပါလာသည့် HONDA ODYSSEY အမျိုးအစား မော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ ဘိန်းဖြူ ၂ ဒသမ ၇၅ ကီလို ကိုလည်းကောင်း သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲ စေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။
သတင်းစဉ်