
နေပြည်တော် စက်တင်ဘာ ၉
ရဲဘော်စိတ်ဟူသည် ရဲဘော် အချင်းချင်းအပေါ် ထားရှိသော မေတ္တာတရား၊ သံယောဇဉ်တရား၊ သစ္စာစောင့်သိမှု တရားပင် ဖြစ်သည်နှင့်အညီ တပ်မတော် တွင် တာဝန်ထမ်းဆောင်လျက်ရှိ သည့် အရာရှိ၊ စစ်သည် အဆင့် အတန်းအားလုံး ရဲဘော်စိတ် အပြည့်ထားရှိပြီး အထက် အောက် ညီညွတ်မျှတသည့် အုပ်ချုပ်မှုစနစ်ရှိရန် လိုအပ် ကြောင်း တပ်မတော်အကြီးအကဲမှ လမ်းညွှန် မှာကြားထားသည် ဖြစ်ရာ အုပ်ချုပ်မှု ညီညွတ်မျှတ စေရန်အတွက် ကွပ်ကဲအုပ်ချုပ် ရာ၌ တပ်မှူးကောင်းစိတ်ဓာတ် (Commander Spirit)၊ ဖခင် သဖွယ်စိတ်ဓာတ် (Fatherly Spirit)တို့ဖြင့် ကွပ်ကဲအုပ်ချုပ် ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် အရှေ့တောင်တိုင်းစစ် ဌာနချုပ်နှင့် ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်တို့မှ တိုင်းမှူးနှင့် တာဝန်ရှိသူများက သက်ဆိုင်ရာ ကွပ်ကဲမှုအောက်ရှိ တပ်ရင်း/တပ်ဖွဲ့များနှင့် နယ်မြေခံသင်တန်း ကျောင်းများသို့ သွားရောက်၍ အရာရှိ၊ စစ်သည်၊ မိသားစုများကို ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ပြီး ဂုဏ်ပြုစားပွဲများ ပြုလုပ်ပေး၍ တက်ရောက်အားပေးကာ အရာရှိ၊ စစ်သည်၊ မိသားစုများနှင့် အတူတကွ လက်ရေတစ်ပြင် တည်း နေ့လယ်စာသုံးဆောင်ခဲ့ကြ သည်။
အလားတူ တိုင်းစစ်ဌာနချုပ် များအလိုက် တပ်နယ်အသီးသီးမှ တပ်မတော် အရာရှိကြီးများက လည်း ၎င်းတို့၏ ကွပ်ကဲမှုများ အလိုက် တပ်ရင်း/တပ်ဖွဲ့များနှင့် နယ်မြေခံသင်တန်းကျောင်းများမှ အရာရှိ၊ စစ်သည်၊ မိသားစုများကို ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ပြီး ဂုဏ်ပြုစားပွဲများ ပြုလုပ်၍ တက်ရောက်အားပေးကာ အရာရှိ၊ စစ်သည်၊ မိသားစုများနှင့် အတူတကွ နေ့လယ်စာသုံး ဆောင်ခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်