
နေပြည်တော် စက်တင်ဘာ ၉
ပြည်ထဲရေးဝန်ကြီးဌာန တပ်ဖွဲ့ ဝင်/ဝန်ထမ်း အရာထမ်း၊ အမှု ထမ်းမိသားစုများက မြို့နယ် အသီးသီးရှိ ဘုန်းတော်ကြီး ကျောင်းများသို့ ဆွမ်းဆန်တော် နှင့် ဆန်ကြာဆံများ ဆက်ကပ် လှူဒါန်းလျက်ရှိသည်။
ထိုသို့ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် နေပြည်တော်ကောင်စီ နယ်မြေ ပျဉ်းမနားမြို့နယ်ရှိ သီရိမင်္ဂလာဘုံမြင့် စာသင်တိုက်၊ ကချင်ပြည်နယ် မြစ်ကြီးနား မြို့နယ်ရှိ ရန်အောင်မြင်ကျောင်း တိုက်၊ စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းမြို့နယ်ရှိ ဝိဝေကကျောင်းတိုက် ၊ ပဲခူးတိုင်း ဒေသကြီး ပဲခူးမြို့နယ်ရှိ သမ္မိဒ္ဓေါ ဒယကျောင်းတိုက်၊ မွန်ပြည်နယ် မော်လမြိုင်မြို့နယ်ရှိ အရှေ့ ကံ့ကော်ကျောင်းတိုက်၊ ရန်ကုန် တိုင်းဒေသကြီး တာမွေမြို့နယ်ရှိ အရိယာမဂ္ဂင် ကျောင်းတိုက်၊ လှိုင်သာယာမြို့နယ်ရှိ အောင် ဇေယျာမင်း ကျောင်းတိုက်၊ သာကေတမြို့နယ်ရှိ သုစိတ္တာ လင်္ကာရစာသင် တိုက်တို့သို့ ဆွမ်းဆန်တော်များကို လည်း ကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့နယ်ရှိ ဇောတိကာရာမ ကျောင်းတိုက်၊ မကွေးတိုင်းဒေသ ကြီး မကွေးမြို့နယ်ရှိ မဟာဝိ သုတာရာမ ကျောင်းတိုက်၊ မန္တလေးတိုင်းဒေသကြီး မဟာ အောင်မြေမြို့နယ်ရှိ စည်သာ ကျောင်းတိုက်နှင့် အောင်မြေသာစံ မြို့နယ် ရှိ အရှေ့ခင်မကန်ကျောင်း တိုက်၊ ရန်ကုန်တိုင်းဒေသကြီး ပန်းဘဲတန်းမြို့နယ်ရှိ မဟာသိမ် တော်ကြီးပရိယတ္တိ စာသင်တိုက်၊ ရှမ်းပြည်နယ် တောင်ကြီးမြို့နယ် ရှိ ဇေတဝန်မြို့ဦးကျောင်းတိုက်၊ ဧရာဝတီတိုင်းဒေသကြီး ပုသိမ် မြို့နယ်ရှိ မြောင်းမြကျောင်းတိုက် တို့သို့ ဆန်ကြာဆံများကိုလည်း ကောင်း ဆရာတော်၊ သံဃာတော် များအတွက် တာဝန်ရှိသူများက သွားရောက် ဆက်ကပ်လှူဒါန်း ကြကြောင်း သိရသည်။
သတင်းစဉ်