ဧရာဝတီတိုင်းဒေသကြီး ကျောင်းကုန်းမြို့နယ်၌ ဧက ၁၀၀ စံပြကွက် တစ်ဧက တင်း ၁၁၀ ခန့် ထွက်ရှိ

 

ကျောင်းကုန်း   စက်တင်ဘာ   ၉


ဧရာဝတီတိုင်းဒေသကြီး   ဝန်ကြီး ချုပ်     ဦးတင်မောင်ဝင်း သည် ကျုံပျော်ခရိုင်     ကျောင်းကုန်း မြို့နယ်  ကောက်ကြီးကုန်းအုပ်စု ကောက်ကြီးကုန်း    ကျေးရွာရှိ ဧက ၁၀၀ စံပြကွက်သို့   ယနေ့ ညနေပိုင်းက      ရောက်ရှိကာ အောင်မြင်ဖြစ်ထွန်းနေမှု  ကြည့်ရှု အားပေးသည်။

 


ဧရာဝတီတိုင်း       ဒေသကြီး စိုက်ပျိုးရေးဦးစီးမှူး ဦးစိန်မောင်မြင့် က အဆိုပါဧက   ၁၀၀   စံပြကွက် တွင် တစ်ဧက  တင်း ၁၁၀  ခန့် ထွက်ရှိမည်ဖြစ်ကြောင်း ရှင်းလင်း ပြောကြားခဲ့သည်။     ပြီးခဲ့သည့် စက်တင်ဘာ  ၂ ရက်က ဝန်ကြီး ချုပ်ကိုယ်တိုင်          ယူရီးယား ဓာတ်မြေဩဇာအိတ်    ၁၀၀ ကို တောင်သူများအား     ပေးအပ်ပြီး တစ်ဧကတင်း   ၁၀၀ ပန်းတိုင် အထွက်နှုန်းထားရှိရန်   ဆွေးနွေး မှာကြားကြောင်းနှင့် စပါးပြီးပါက ပဲတီစိမ်းနှင့်နေကြာများ   တိုးချဲ့ စိုက်ပျိုးကြရန် မှာကြားသည်။

 


အဆိုပါ       အခမ်းအနားသို့ တိုင်းဒေသကြီး   ဝန်ကြီးချုပ်၊ တိုင်းဒေသကြီး     လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မိုးမင်းနိုင်၊  တိုင်းဒေသကြီးအဆင့်၊ ခရိုင်အဆင့်         ဌာနဆိုင်ရာများ၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး   ဦးစိုးဝင်း နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြောင်း သိရသည်။  

    
ဝင်းကြိုင်(ပြန်/ဆက်)