
နေပြည်တော် စက်တင်ဘာ ၉
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်သက်ခိုင်နှင့် အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းသွားလာရေးအဖွဲ့ (International Organization For Migration-IOM) ၏ မြန်မာနိုင်ငံဆိုင်ရာ အကြီးအကဲ Mr.Dragan Aleksoski တို့သည် ယနေ့ မွန်းလွဲပိုင်းတွင် အဆိုပါဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ တွေ့ဆုံဆွေးနွေးကြသည်။
တွေ့ဆုံစဉ် ဝန်ကြီးဌာနနှင့် IOM အဖွဲ့အကြား လုပ်ငန်း နယ်ပယ်များစွာတွင် ပူးပေါင်း ဆောင်ရွက်မှုအားကောင်းခဲ့သည့် အခြေအနေများ၊ ဝန်ကြီးဌာန လက်အောက်ရှိ ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနနှင့် နားလည်မှုစာချွန်လွှာရေးထိုးရေးညှိနှိုင်းနေမှု အခြေအနေများ၊ IOM အနေဖြင့် မြန်မာနိုင်ငံအတွင်းရှိ နေရပ်စွန့်ခွာရသူများကို လူသား ချင်းစာနာမှု အကူအညီပေးလို သည့်ကိစ္စများ ဆွေးနွေးခဲ့ပြီး ပြည်ထောင်စုဝန်ကြီးက ဝန်ကြီး ဌာနအနေဖြင့် ရခိုင်၊ ချင်း၊ ကယား၊ မကွေး၊ ရှမ်းပြည်နယ်(တောင်ပိုင်း)တို့တွင် နေရပ်စွန့်ခွာသူများ အတွက် ထောက်ပံ့မှုနှင့် ရခိုင် ပြည်နယ်တွင် နေရပ်စွန့်ခွာသူ များ ပြန်လည်လက်ခံရေးအတွက် အစိုးရ၏ စီစဉ်ဆောင်ရွက်နေမှု အခြေအနေများ၊ အိန္ဒိယနိုင်ငံနှင့် နားလည်မှု စာချွန်လွှာရေးထိုး၍ ရခိုင်ပြည်နယ်ဖွံ့ဖြိုးရေး စီမံကိန်း ဆောင်ရွက်မှုများကို ဆွေးနွေး ပြောကြားခဲ့သည်။
တွေ့ဆုံပွဲသို့ ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်၊ အမြဲတမ်း အတွင်းဝန်နှင့် သက်ဆိုင်ရာ ဦးစီး ဌာနများက ညွှန်ကြားရေးမှူးချူပ် များ ပါဝင်တက်ရောက်ကြ သည်။
သတင်းစဉ်