နယ်စပ်နှင့် တောင်တန်းဒေသအသီးသီးတွင် ပရိယတ်၊ ပဋိပတ်သာသနာပြုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ သာသနာ့တက္ကသိုလ်များသည် အစဉ်တိုးတက်နေမည်

 

ရန်ကုန်    စက်တင်ဘာ   ၉


နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်များ အုပ်ချုပ်ရေးဗဟိုအဖွဲ့ (၂/၂၀၂၂) အစည်းအဝေးကို ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်မြို့ ကမ္ဘာအေးကုန်းမြေ နိုင်ငံတော်ပရိယတ္တိ သာသနာ့တက္ကသိုလ်(ရန်ကုန်) ဘွဲ့နှင်းသိမ်ဓမ္မာရုံ၌ ကျင်းပသည်။

 


အစည်းအဝေးတွင်       နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့  ဒုတိယဥက္ကဋ္ဌဆရာတော်  သာသနာ့ တက္ကသိုလ်များအုပ်ချုပ်ရေးဗဟိုအဖွဲ့      ဒုတိယ ဥက္ကဋ္ဌ(၁)    အဂ္ဂမဟာပဏ္ဍိတ၊    အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ၊    ဘဒ္ဒန္တကောဝိဒ က   အဖွင့်ဩဝါဒ ကထာ မြွက်ကြားသည်။

 


ထို့နောက် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုက သာသနာရေး ဆိုင်ရာများ  လျှောက်ထားရာတွင်  ၁၉၈၆ ခုနှစ်တွင် ရန်ကုန်မြို့နှင့်   မန္တလေးမြို့တို့တွင်   အခြေတည်၍ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်များ ဖွင့်လှစ် နိုင်သည်မှာ ၃၆ နှစ်တာကာလ တိုင်ခဲ့ပြီဖြစ်ကြောင်း၊     ဤတက္ကသိုလ်များမှ   သုတ်၊  ဝိနည်း၊  အဘိဓမ္မာ ပရိယတ်ဓမ္မက္ခန္ဓာများကို    အထူးပြုသင်ကြားပို့ချ ပေးခြင်းအပြင် ရှေးရိုးသင်နည်း၊  ခေတ်လေ့လာသင် နည်းအားဖြင့် သင်ကြားနည်းစုံ  လွမ်းခြုံသင်ကြားပို့ချ ပေးခြင်းတို့ကြောင့်  နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ်ဟူသော  အမည်နာမနှင့် လျော်ညီကြောင်း၊ သာသနာ့တက္ကသိုလ်များမှ     သာသနတက္ကသီလ ဓမ္မာစရိယဘွဲ့၊         သာသနတက္ကသီလမဟာဓမ္မာ စရိယဘွဲ့၊ သာသနတက္ကသီလဓမ္မပါရဂူဘွဲ့၊  ဂုဏ်ထူး ဆောင်ဓမ္မပါရဂူဘွဲ့   စသည့်ဘွဲ့များကို    အသီးသီး ရရှိခဲ့ကြပြီး မိမိတို့သာသနာ့ဝန်ကို စွမ်းရာကဏ္ဍမှနေ၍ နယ်စပ်နှင့်       တောင်တန်းဒေသအသီးသီးတွင် ပရိယတ်၊ ပဋိပတ်သာသနာပြုလုပ်ငန်းများ ဆောင်ရွက် လျက်ရှိရာ သာသနာ့တက္ကသိုလ်များသည်  အစဉ် တိုးတက်နေမည်ဟု           ယုံကြည်မိပါကြောင်း လျှောက်ထားသည်။

 


ထို့နောက်  တက္ကသိုလ်များ အုပ်ချုပ်ရေးဗဟိုအဖွဲ့ အတွင်းရေးမှူး သာသနာတော်  ထွန်းကားပြန့်ပွား ရေးဦးစီးဌာန  ညွှန်ကြားရေးမှူးချုပ်က  (၁/၂၀၂၂) အစည်းအဝေးမှတ်တမ်းကို  အတည်ပြုချက်ရယူပြီး တက္ကသိုလ်များအုပ်ချုပ်ရေးဗဟိုအဖွဲ့၏   (၁/၂၀၂၂) အစည်းအဝေးဆုံးဖြတ်ချက်များကို         တင်ပြ လျှောက်ထားသည်။

 


ယင်းနောက်        တက်ရောက်လာကြသည့်  ဆရာတော်များနှင့်          ပညာရှင်လူပုဂ္ဂိုလ်များက သာသနာရေးဆိုင်ရာများကို        ဆွေးနွေးကြကာ ဆုံးဖြတ်ချက်(၁၂)ရပ်ကို     ချမှတ်အတည်ပြုခဲ့ပြီး သဘာပတိ ဆရာတော်က  နိဂုံးချုပ် ဩဝါဒကထာ မြွက်ကြားသည်။

 


ထို့နောက်  အစည်းအဝေးကို “ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု” (၃)ကြိမ်ရွတ်ဆိုဆုတောင်း၍ အစည်းအဝေး ကိုရုပ်သိမ်းပြီး  အစည်းအဝေးသို့  တက်ရောက်လာ သော ဆရာတော်များအား  လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။
ယင်းနောက်   မွန်းလွဲပိုင်းတွင်   ပြည်ထောင်စု ဝန်ကြီးသည်    ကမ္ဘာအေးကုန်းမြေရှိ     သာသနာရေး ဦးစီးဌာန   အစည်းအဝေးခန်းမတွင်  မြန်မာနိုင်ငံ သဘင်အစည်းအရုံး (ဗဟို)    ဥက္ကဋ္ဌအဖွဲ့ဝင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။

 


တွေ့ဆုံဆွေးနွေးပွဲတွင်    ပြည်ထောင်စုဝန်ကြီး က  ၂၀၂၃  ခုနှစ်    ဇန်နဝါရီ   ၄    ရက်တွင်  ကျရောက် မည့် လွတ်လပ်ရေးနေ့သည် စိန်ရတုနှစ်နှင့်  တိုက်ဆိုင် နေသည့်အတွက်    လွတ်လပ်ရေးနေ့  အခမ်းအနားကို   စည်ကားသိုက်မြိုက်စွာ     ကျင်းပသွားမည်ဖြစ်ပါ ကြောင်း၊     စိန်ရတုလွတ်လပ်ရေးနေ့ကို    ကြိုဆို ဂုဏ်ပြုသည့်  အစီအစဉ်တစ်ခုအဖြစ် ရုပ်ရှင်၊ ဂီတ ၊ သဘင်၊   အနုပညာရှင်များ  ပါဝင်တင်ဆက်သည့် ပဒေသာကပွဲ  အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် အစီအစဉ်များကို  အသေးစိတ်ဆွေးနွေးညှိနှိုင်းရန် အတွက် တွေ့ဆုံခြင်း ဖြစ်ပါကြောင်း ပြောကြားသည်။

 


ထို့နောက် ဆွေးနွေးပွဲ တက်ရောက်လာကြသည့် မြန်မာနိုင်ငံသဘင်အစည်းအရုံး        ဗဟိုဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက           ဝိုင်းဝန်းဆွေးနွေးတင်ပြကြပြီး ပြည်ထောင်စုဝန်ကြီးက  လိုအပ်သည်များ   ညှိနှိုင်း ဆွေးနွေးသည်။

 


ယင်းနောက်       ပြည်ထောင်စုဝန်ကြီးသည် ကမ္ဘာအေးဘုရားလမ်းပေါ်ရှိ         သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန (ရန်ကုန်) ရုံးခွဲ  အစည်းအဝေး ခန်းမ၌    မြန်မာနိုင်ငံ   သဘင်အစည်းအရုံး (ဗဟို) ဥက္ကဋ္ဌနှင့်     အဖွဲ့ဝင်များအားတွေ့ဆုံကာ  စိန်ရတု လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသည့် အစီအစဉ် တစ်ခုအဖြစ် ရုပ်ရှင်၊ ဂီတ၊ သဘင်၊ အနုပညာရှင်များ  ပါဝင်တင်ဆက်သည့်   ပဒေသာကပွဲ  အောင်မြင်စွာ ကျင်းပနိုင်ရေးနှင့် စပ်လျဉ်း၍  ဆွေးနွေးပြောကြား ခဲ့ပြီး  တွေ့ဆုံပွဲတက်ရောက်လာကြသော  မြန်မာနိုင်ငံ သဘင်အစည်းအရုံး ဗဟိုဥက္ကဋ္ဌနှင့်  အဖွဲ့ဝင်များက လည်း  ပဒေသာကပွဲ အောင်မြင်စွာ ပါဝင်တင်ဆက်နိုင် ရေးအတွက်   ကဏ္ဍအလိုက်   ဆွေးနွေးတင်ပြကြ ကြောင်း သိရသည်။                          

သတင်းစဉ်