
နေပြည်တော် စက်တင်ဘာ ၉
ဆောက်လုပ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းဖေ သည် ယနေ့ နံနက်ပိုင်းတွင် တာဝန် ရှိသူများနှင့်အတူ နေပြည်တော်- တောင်ညို - မြို့သစ် - ကံပြား (မကွေး) လမ်းတစ်လျှောက် ကြည့်ရှုစစ်ဆေး၍ မိုင်တိုင်(၂၇/၀)ရှိ ရွှေပန်း - လမ်းစခန်းရှင်းလင်း ဆောင်တွင် ဆောင်ရွက်လျက် ရှိသည့် လုပ်ငန်းအခြေအနေများ ကို လမ်းဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ်နှင့် အင်ဂျင် နီယာချုပ်၊ ညွှန်ကြားရေးမှူး (မြို့ပြ) တို့က အသေးစိတ် ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီး က လက်ရာများ သေသပ် ကောင်းမွန်ရေးနှင့် လုပ်ငန်းများ သတ်မှတ်ကာလအတွင်း ပြီးစီး အောင် ဆောင်ရွက်ကြရန် မှာကြားသည်။
ဆက်လက်၍ ဒုတိယဝန်ကြီး နှင့်အဖွဲ့သည် (မကွေးလမ်းအပိုင်း) မိုင်တိုင် (၄၉/၄ နှင့် ၄၉/၅) အတွင်းရှိ ၁၈ ပေအကျယ်မှ ၂၄ ပေ အကျယ် လမ်းချဲ့ခြင်းနှင့် ကတ္တရာ ထပ်ပိုးလွှာခင်းခြင်း လုပ်ငန်းများကို ကြည့်ရှုစစ်ဆေး ပြီး ဒုတိယဝန်ကြီးက လုပ်ငန်း များ အချိန်မီပြီးစီးရေးနှင့် စံချိန် စံညွှန်းနှင့်အညီ လမ်းအရည်အသွေး ကောင်းမွန်ရေးတို့ကို တာဝန်ရှိသူ များအား မှာကြားကာ လမ်း တစ်လျှောက် ကြည့်ရှုစစ်ဆေး သည်။
ထို့နောက် ဒုတိယဝန်ကြီး သည် မကွေးမြို့၏ မုခ်ဦးအဝင် လမ်း မိုင်တိုင်( ၃၃၂/၀ နှင့် ၃၃၂/၁) အတွင်း ကောင်းမွန်ကုမ္ပဏီမှ B.O.T စနစ်ဖြင့် ဆောင်ရွက်သော လမ်းထုအခြေခံလွှာ ခင်းနေမှုကို ကြည့်ရှုစစ်ဆေးပြီး ဒုတိယဝန်ကြီး က တာဝန်ရှိသူများကို မကွေး တိုင်းဒေသကြီး၏ တိုင်းမြို့တော် မုခ်ဦးအဝင်လမ်းဖြစ်သည့်အတွက် လမ်းအရည်အသွေး ကောင်းမွန် ရန်လိုအပ်ကြောင်း၊ လမ်းအမှတ် အသားနှင့် မုခ်ဦးနှင့်အတူ ဆက်စပ် လမ်းအပိုင်းကိုလည်း အရည်အသွေး ပြည့်မီအောင် ဆောက်ရွက်ရန် လိုကြောင်း၊ မော်တော်ယာဉ်များ၊ ဆိုင်ကယ် များအတွက် အန္တရာယ်ကင်းစွာ သွားလာနိုင်အောင် စနစ်တကျ ဆောင်ရွက်ပေးရန် လိုအပ် ကြောင်း တာဝန်ရှိသူများကို အသေးစိတ် မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်