ရန်ကုန်မြို့ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ရုံး၌ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေး အသိပညာပေးအစီအစဉ်ဆောင်ရွက်

 

နေပြည်တော်   စက်တင်ဘာ   ၉ 


မြန်မာနိုင်ငံ         အမျိုးသား လူ့အခွင့်အရေး  ကော်မရှင်သည် ကော်မရှင်ရုံး၌  အဂတိလိုက်စား မှု   တားဆီးကာကွယ်ရေးလုပ်ငန်း များကို         အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။ 

 


ယင်းသို့    အကောင်အထည် ဖော်ဆောင်ရွက်ရာတွင် အသိပညာ ပေးလုပ်ငန်းသည်လည်း  တစ်စိတ် တစ်ပိုင်း        ပါဝင်နေသည်ဖြစ်ရာ ကော်မရှင်၏          လုပ်ငန်းများကို ဆောင်ရွက်ရာ၌ အဂတိလိုက်စား မှု   မရှိစေရေး၊       ကော်မရှင်ရုံးရှိ ဝန်ထမ်းများ   အဂတိလိုက်စားမှုမှ တားဆီးကာကွယ်ရေးနှင့် စပ်လျဉ်း သည့်  အသိပညာ၊  ဗဟုသုတများ ရရှိစေရေး၊  အဂတိလိုက်စားခြင်း နှင့် လူ့အခွင့်အရေး ချိုးဖောက်ခြင်း ဆက်နွှယ်နေသည့်   အကြောင်း အရာများကို  အသိပညာပေးရေး၊ အဂတိလိုက်စားမှု         တားဆီး ကာကွယ်ရေး အဖွဲ့အကြောင်းကို ကော်မရှင်ရုံးရှိ         ဝန်ထမ်းများ သိရှိနားလည်လာရေး       စသည် တို့ကို    ရည်ရွယ်လျက်    အဂတိ လိုက်စားမှု တားဆီးကာကွယ်ရေး အသိပညာပေး         အစီအစဉ်ကို ယနေ့   နံနက်  ၁၀  နာရီခွဲတွင် ရန်ကုန်မြို့ရှိ          မြန်မာနိုင်ငံ အမျိုးသား          လူ့အခွင့်အရေး ကော်မရှင်ရုံး၌         ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဗဟိုအဖွဲ့နှင့်  ကျန်းမာရေးဝန်ကြီး ဌာန၏    ကိုဗစ်-၁၉    ရောဂါ ကာကွယ်ရေးဆိုင်ရာ   လမ်းညွှန် ချက်များနှင့်အညီ ကျင်းပသည်။ 

 


အဆိုပါ အစီအစဉ်၏  ဖွင့်ပွဲ အခမ်းအနား၌  ကော်မရှင်ဥက္ကဋ္ဌ ဦးလှမြင့်က     အဖွင့်အမှာစကား ပြောကြားသည်။


အသိပညာပေးအစီအစဉ်တွင် ညွှန်ကြားရေးမှူးချုပ် ဦးဘုန်းကြွယ် က    အဂတိလိုက်စားမှု  တားဆီး ကာကွယ်ရေး    အဖွဲ့အကြောင်းကို လည်းကောင်း၊   ဒုတိယညွှန်ကြား ရေးမှူးချုပ်   ဒေါက်တာ ခိုင်ခိုင်ဝင်း က         အဂတိလိုက်စားခြင်းနှင့် လူ့အခွင့်အရေး    ချိုးဖောက်ခြင်း အကြောင်းကို       လည်းကောင်း၊ ညွှန်ကြားရေးမှူး    ဦးသူရကျော် က ကော်မရှင်က  လက်ခံရရှိသည့် အဂတိလိုက်စားမှုနှင့်    ဆက်နွှယ် သည့်အမှုများ     အကြောင်းတို့ကို လည်းကောင်း    ဆွေးနွေးပို့ချကြ ပြီး    ကော်မရှင်ရုံးချုပ်မှ   ဒုတိယ ဦးစီးမှူးနှင့်       အထက်ဝန်ထမ်း  ၃၈  ဦးနှင့်     ကော်မရှင်ရုံးခွဲများ (နေပြည်တော်)၊(မန္တလေး) ၊(စစ်တွေ)   နှင့် (ပုသိမ်)   တို့မှ ဝန်ထမ်းငါးဦးတို့        ဗီဒီယိုကွန်ဖရင့်       စနစ်ဖြင့် တက်ရောက်ခဲ့ကြကြောင်း   သိရ သည်။       

 သတင်းစဉ်