
မုံရွာ စက်တင်ဘာ ၉
စစ်ကိုင်းတိုင်းဒေသကြီး (၂၃)ကြိမ်မြောက် မြန်မာ့ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး အတီးပြိုင်ပွဲ ဆုချီးမြှင့်ပွဲကို စက်တင်ဘာ ၈ ရက်က စစ်ကိုင်းမြို့ ပညာရေးတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပ သည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ် ကျော်က အမှာစကားပြောကြားပြီး ဝါသနာရှင် ကျား-မ အကဘာသာရပ်တွင် ပထမ၊ ဒုတိယဆု ရရှိကြသော အနုပညာရှင်ကိုလည်းကောင်း၊ တိုင်း ဒေသကြီး ဝန်ကြီးချုပ်၏ဇနီး ဒေါ်မြင့်မြင့်အောင် က အဆင့်မြင့်ပညာနှင့် ၁၀-၁၅ အကပြိုင်ပွဲများတွင် ဆုရရှိကြသူများကိုလည်းကောင်း ဆုများ ချီးမြင့် ကြသည်။
ဆက်လက်၍ တိုင်းဒေသကြီး သယံဇာတရေးရာ ဝန်ကြီး ဦးတင်သန်းဝင်းက အဆင့်မြင့် ပညာ(မ)အကနှင့် မွန်တိုင်းရင်းသားရိုးရာအကအဖွဲ့ ဆုရရှိသူ များ၊ တိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော်က ကဗျာလွတ်အဖွဲ့၊ ကျေးလက် ရိုးရာအဖွဲ့နှင့် ရုပ်သေးပြိုင်ပွဲများတွင် ဆုရရှိကြသူများ၊ နယ်မြေခံတပ်မှ ဗိုလ်မှူးချုပ် ဇော်ထွန်းဦးက မဟာဂီတ(ကျား-မ)ပြိုင်ပွဲများတွင် ဆုရရှိသူများကို ဆုများ ချီးမြှင့်သည်။
ထို့နောက် တိုင်းဒေသကြီး အစိုးရအဖွဲ့အတွင်းရေး မှူး ဦးခင်မောင်ဆန်းနှင့် တိုင်းဒေသကြီးအဆင့် ဌာန ဆိုင်ရာများက ဘာသာရပ်အသီးသီးတွင် ဆုရရှိကြ သူများအား ဆုများ ချီးမြှင့်သည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က အကဲဖြတ်ဒိုင်များအား ဂုဏ်ပြုချီးမြှင့်ငွေနှင့် ဂုဏ်ပြု လက်မှတ်၊ စစ်ကိုင်းပညာရေးတက္ကသိုလ်မှ ပါမောက္ခ ချုပ်ထံ ဂုဏ်ပြုလက်မှတ်အားပေးအပ်ကာ ဆုရရှိကြ သော ပြိုင်ပွဲဝင်အနုပညာရှင်များက အဆို၊ အကများ ဖြင့် ပြန်လည်ဖျော်ဖြေကြပြီး အောင်စေပိုင်စေသီချင်း ဆို၍ အခမ်းအနား ရုပ်သိမ်းကာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အနုပညာရှင်များ အား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်အားပေးသည်။
အဆိုပါပြိုင်ပွဲကို စက်တင်ဘာ ၃ ရက်မှ ၇ ရက် အထိ ယှဉ်ပြိုင်ခဲ့ရာ ပြိုင်ပွဲဝင် ၂၅၁ ဦးမှ ပြိုင်ပွဲအမျိုး အစား ၂၃ မျိုး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိသူ များသည် စက်တင်ဘာ ၉ ရက် နံနက်ပိုင်းတွင် စစ်ကိုင်းမြို့ ဆွမ်းဦးပုညရှင်စေတီတော်ကြီး ရင်ပြင် တော်ပေါ်၌ ကျင်းပသော ပုညရှင်သာသနာ့ဗိမာန် တော် ပန္နက်တော်တင်မင်္ဂလာ အခမ်းအနား တက်ရောက်သည်။
ရှေးဦးစွာ နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကို ဖွင့်လှစ်ပြီး စစ်ကိုင်းမြို့ ခေမာသီဝံကျောင်းတိုက် ပဓာနနာယက ဆရာတော် နိုင်ငံတော် သြဝါဒါစရိယ ဘဒ္ဒန္တပညာသီရိ ဆရာတော်ကြီးထံမှ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဧည့်ပရိသတ်များက ငါးပါးသီလခံယူ ဆောက်တည် ကြကာ ဆရာတော်ကြီးများထံ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ပန္နက်တိုင်၊ ပရိတ်ချည်၊ ပရိတ်သဲ၊ ပရိတ်ပန်းတို့အား ဆက်ကပ်လှူဒါန်းသည်။
ယင်းနောက် ဆရာတော်ကြီးများထံ တိုင်းဒေသ ကြီး ဝန်ကြီးချုပ်နှင့်ဇနီးတို့က လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချအမျှပေးဝေသည်။
ဆက်လက်၍ မင်္ဂလာအချိန်ကျရောက်သည်နှင့် တစ်ပြိုင်နက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ၊ အလှူရှင်များက သတ်မှတ်နေရာ များတွင် ပန္နက်တော်တင် မင်္ဂလာပြုလုပ်ကြပြီး အမွှေးနံ့သာရည်များ ပက်ဖျန်းပေးသည်။
အဆိုပါ ဆွမ်းဦးပုညရှင် စေတီတော်မြတ်ကြီး အနောက်ဘက် ရင်ပြင်တော်ပေါ်တွင် တည်ဆောက် မည့် ပုညရှင်သာသနာ့ဗိမာန်တော်ကြီးသည် အလျား ၁၀၈ ပေ၊ အနံ ၅၄ ပေ၊ အမြင့် ၁၈ ပေဖြင့် တည် ဆောက်သွားမည်ဖြစ်သည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဆွမ်းဦးပုညရှင် တောင် ဆင်းလမ်း ကတ္တရာလမ်းသစ်ဖွင့်ပွဲသို့ တက်ရောက်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က အမှာစကားပြောကြား ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် ၊ တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးသစ်ထူး မြင့်၊ လမ်းဖြစ်မြောက်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးဝင်း တို့က ကွန်ကရစ်လမ်းသစ်ကို ဖဲကြိုးဖြတ်ဖွင့်လှစ် ပေးသည်။
အဆိုပါ ဆွမ်းဦးပုညရှင်အဆင်းလမ်းသည် အရှည် ပေ ၁၈၀၀၊ အကျယ် ၁၈ ပေ၊ ကတ္တရာလမ်း အမျိုး အစားဖြစ်ပြီး ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့က ကတ္တရာ ၁၉ တန် ထောက်ပံ့ကာ အလှူရှင်ထည့်ဝင်ငွေ ၂၀ ဒသမ ၁၀ သန်း၊ စုစုပေါင်း ကုန်ကျငွေကျပ် ၄၉ ဒသမ ၈၃ သန်းဖြင့် ဆောင်ရွက်ခဲ့သည်။
ယခင်က ဘုရားဖူးပြည်သူများအနေဖြင့် ဆွမ်းဦး ပုညရှင်စေတီတော်ကြီးသို့ ဘုရားဖူးလာရောက်ရာ တွင် အဆင်းလမ်းပျက်စီးနေမှုကြောင့် အတက်လမ်း တစ်လမ်းတည်းကို အသုံးပြုကာ အတက်၊ အဆင်း ပြုလုပ်လျက်ရှိရာမှ ယခုအခါ အဆိုပါအဆင်းလမ်း ပျက်စီးမှုများကို ပြုပြင်ကာ ကတ္တရာလမ်းသစ် ခင်းပြီးဖြစ်ပါ၍ ဘုရားဖူးပြည်သူများအနေဖြင့် အတက်တစ်လမ်း၊ အဆင်း တစ်လမ်း အသုံးပြုနိုင် ခြင်းကြောင့် သွားလာမှုလွယ်ကူ ချောမွေ့မြန်ဆန်ပြီး ယာဉ်အန္တရာယ် ကင်းရှင်းစွာဖြင့် စိတ်အေးချမ်းသာစွာ ဘုရားဖူးနိုင်တော့မည် ဖြစ်သည်။
တိုင်းဒေသကြီး(ပြန်/ဆက်)