ဆေးတက္ကသိုလ်များနှင့် သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်များအတွက် ဝင်ခွင့်လူတွေ့နှုတ်မေးစာမေးပွဲသို့ ဝင်ရောက်ဖြေဆိုခွင့်ရရှိသူများစာရင်း ကြေညာထားကြောင်း အသိပေးနှိုးဆော်ခြင်း

 

၂၀၂၂ ခုနှစ်၊   တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်ပြီး   ဆေးတက္ကသိုလ်များနှင့်   သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်များသို့ ဝင်ခွင့်လျှောက်ထားသူများအနက် ဝင်ခွင့်လူတွေ့နှုတ်မေးစာမေးပွဲသို့ ဝင်ရောက်ဖြေဆို ခွင့်ရရှိသူများစာရင်းနှင့် ခုံအမှတ်၊ ဖြေဆိုရမည့်နေ့ရက်နှင့်နေရာများကို ကျန်းမာရေးဝန်ကြီးဌာန၏ Face-book Page, Website, ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၏ Website, ဆေးတက္ကသိုလ်များနှင့် သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်များ၊ အဆင့်မြင့်ပညာဦးစီးဌာန Website, လျှောက်လွှာလက်ခံသော တက္ကသိုလ်(၂၆)ခုတို့တွင် ကြေညာထားပြီးဖြစ်ပါ၍ ကြေညာချက်ပါ အချက်အလက်များကို သေချာစွာ ဖတ်ရှုပြီး ဝင်ခွင့်လူတွေ့နှုတ်မေးစာမေးပွဲသို့  လာရောက်ဖြေဆိုရန် ဖြစ်ပါကြောင်း အသိပေးနှိုးဆော်အပ်ပါသည်။
 

 

ကျန်းမာရေးဝန်ကြီးဌာန
                          (၉-၉-၂၀၂၂)