
နေပြည်တော် စက်တင်ဘာ ၈
နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ပြည်ထဲရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်သည် စက်တင်ဘာ ၇ ရက် နံနက်ပိုင်း တွင် တာဝန်ရှိသူများနှင့်အတူ စစ်ကိုင်းမြို့ရှိ လုံခြုံရေးရဲတပ်ဖွဲ့ခွဲ သို့ သွားရောက်စစ်ဆေးပြီး တပ်ဖွဲ့ ဝင်များနှင့် မိသားစုများအား တွေ့ဆုံအမှာစကားပြောကြား၍ တပ်ဖွဲ့ဝင်နှင့် မိသားစုများ၏ အခက်အခဲများကို ရင်းနှီးပွင့်လင်း စွာ ဆန္ဒဖော်ထုတ်တင်ပြစေပြီး တင်ပြချက်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးကာ မိသားစုများ အား စားသောက်ဖွယ်ရာနှင့် ထောက်ပံ့ငွေများ ပေးအပ်သည်။
ချီးကျူးဂုဏ်ပြု
ပြည်ထောင်စုဝန်ကြီးသည် တပ်ဖွဲ့ဝင်များနှင့် မိသားစုများ အား တွေ့ဆုံအမှာစကား ပြောကြားရာတွင် နိုင်ငံတော် အတွင်း အကြမ်းဖက်လှုပ်ရှားသူ များ၏ နည်းမျိုးစုံဖြင့် အဖျက် အမှောင့်လုပ်ရပ်များ ပြုလုပ်နေမှု အခြေအနေ၊ အပြစ်မဲ့ပြည်သူများ၊ နိုင်ငံ့ဝန်ထမ်းများ၊ အုပ်ချုပ်ရေး ပိုင်းဆိုင်ရာ တာဝန်ရှိသူများအား အကြောင်းမဲ့ စွပ်စွဲသတ်ဖြတ်ခြင်း နှင့် ဓားပြတိုက်လုယက်မှု ဖြစ်စဉ် များအား ချပြပြီး လုံခြုံရေးဂရုပြုဆောင်ရွက်ရေးနှင့် မိမိတပ်ဖွဲ့ အပေါ် သစ္စာစောင့်သိရန် လိုအပ် ကြောင်း၊ ပြီးခဲ့သည့်ရက်ပိုင်း အတွင်း ဖြစ်ပွားခဲ့သည့် နယ်စပ် ဒေသမှတ်တိုင်စခန်းတွင် နယ်ခြား စောင့်ရဲတပ်ဖွဲ့ဝင်များ၏ ရွပ်ရွပ် ချွံချွံ ခုခံတိုက်ခိုက်နိုင်မှုကြောင့် လက်နက်ကိုင် သောင်းကျန်းသူ များအနေဖြင့် မိမိတို့စခန်းအား အလွယ်တကူ မသိမ်းပိုက်နိုင်ဘဲ ရက်ပေါင်းအတန်ကြာ တိုက်ခိုက် ခဲ့ရပြီး မိမိတို့တပ်ဖွဲ့ဝင်များ နိုင်ငံ တော်အတွက် အသက်စွန့်လှူခဲ့မှု ဖြစ်စဉ်အပေါ် ချီးကျူးဂုဏ်ပြု ပါကြောင်း။
နိုင်ငံတော် အကြီးအကဲ ကိုယ်တိုင် ပညာရေးနှင့် ပတ်သက် ၍ အထူးအလေးထားဆောင်ရွက် ပေးနေသည်ကို တွေ့မြင်ရမှာ ဖြစ်ပြီး မိသားစုများအတွင်း ကလေးငယ်များ၏ ပညာရည် မြင့်မားရေးကို အထူးဦးစားပေး ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ မိသားစုများအနေဖြင့် တစ်ပိုင် တစ်နိုင် စိုက်ပျိုးမွေးမြူရေးကို ကိုယ်တိုင်ကိုယ်ကျ အကောင် အထည်ဖော်ရမည် ဖြစ်သကဲ့သို့ တာဝန်ရှိသူများကလည်း စဉ်ဆက် မပြတ် တွန်းအားပေးဆောင်ရွက် နေရမည်ဖြစ်ကြောင်း၊ လူမှု ကွန်ရက်များ အသုံးပြုကာ သတင်းမှားများနှင့် ကောလာ ဟလ ထုတ်လွှင့်နေမှုများ၊ သွေးခွဲ လှုံ့ဆော်နေမှုများကို ဂရုပြုဆောင် ရွက်ကြပြီး သတင်းအမှန်ကို သိရှိနိုင်ရေး တာဝန်ရှိသူများက ရှင်းလင်းတုံ့ပြန် အသိပေးနေရ မည်ဖြစ်ကြောင်း အသေးစိတ် မှာကြားသည်။
ထောက်ပံ့ငွေများ ပေးအပ်
ယင်းနောက် ပြည်ထောင်စု ဝန်ကြီးသည် နယ်မြေခံရဲလေ့ကျင့် ရေးကျောင်းသို့ ရောက်ရှိစစ်ဆေး ပြီး သင်တန်းကျောင်းစားရိပ်သာ တွင် သင်တန်းသားများနှင့်အတူ နေ့လယ်စာ သုံးဆောင်ကာ လေ့ကျင့်ရေးကျောင်းရှိ သင်တန်း ခန်းမနှင့် စာသင်ဆောင်များ နေရာချထားမှု၊ အိပ်ဆောင် ခင်းကျင်းထားရှိမှု၊ အားကစား ခန်းမနှင့် ရေနှင့် မိလ္လာရရှိသုံးစွဲ မှုနှင့် သန့်ရှင်းရေးဆောင်ရွက် ထားရှိမှုများကို လည်းကောင်း၊ နေအိမ်လိုင်းခန်းအဆောက်အအုံနေရာချထားမှုနှင့် လိုအပ်ချက် များကိုလည်းကောင်း ကြည့်ရှု စစ်ဆေးပြီး မိသားစုများနှင့် တွေ့ဆုံ၍ အခက်အခဲများကို မေးမြန်းဖြည့်ဆည်းကာ ထောက်ပံ့ ငွေများ ပေးအပ်သည်။
စက်တင်ဘာ ၈ ရက် မွန်းလွဲပိုင်းတွင် ပြည်ထောင်စု ဝန်ကြီးသည် မန္တလေးမြို့ရှိ ရဲအရာရှိ အတတ်သင်ကျောင်းသို့ ရောက်ရှိပြီး သင်တန်းသား အရာရှိများနှင့်အတူ နေ့လယ်စာ စားသုံးကာ သင်တန်းကျောင်းမှ မိသားစုဝင်များနှင့် တွေ့ဆုံ၍ လိုအပ်ချက်များ မေးမြန်းဖြည့် ဆည်းကာ ထောက်ပံ့ငွေများ ပေးအပ်ပြီး သင်တန်းကျောင်း ဧည့်ခန်းမဆောင်၊ အားကစား ခန်းမနှင့် နေအိမ်လိုင်းခန်းများ အား လှည့်လည်ကြည့်ရှုစစ်ဆေး သည်။
ထို့နောက် ပြည်ထောင်စု ဝန်ကြီးက သင်တန်းသားဗဟိုပြုလေ့ကျင့်မှုစနစ် အကောင်အထည် ဖော် ဆောင်ရွက်ရေးအတွက် ညှိနှိုင်းဆောင်ရွက်ရန် လိုအပ် ကြောင်း၊ လေ့ကျင့်ရေးကဏ္ဍ အောင်မြင်ရေးအတွက် “လေ့လာ၊ လေ့ကျင့်၊ လိုက်နာ” ဆောင်ပုဒ်နှင့် အညီ ကျယ်ကျယ်ပြန့်ပြန့်ဆောင် ရွက်ရန်နှင့် ကျောင်းစာကြည့်တိုက် များကို တန်ဖိုးရှိအောင် အသုံးချ ပြီး သင်တန်းအချိန်ဇယားများ တွင် စာကြည့်တိုက်အချိန်ကို သီးခြားထည့်သွင်း သတ်မှတ်ရန် လိုအပ်ကြောင်း၊ ကျန်းမာကြံ့ခိုင်မှု ရှိစေရေး စဉ်ဆက်မပြတ် လေ့ကျင့် ဆောင်ရွက်ပြီး လုံခြုံရေးတာဝန်ကို တပ်မတော်နှင့် ပူးတွဲထမ်းဆောင် ရာတွင် စိတ်ဓာတ်မြှင့်တင်ရေး ဆောင်ရွက်ရန်တို့နှင့် ပတ်သက်၍ အသေးစိတ် မှာကြားခဲ့ကာ သင်တန်းကျောင်းရှိ စာသင် ဆောင်များကို လှည့်လည်ကြည့်ရှု စစ်ဆေးသည်။
လိုအပ်သည်များ မှာကြား
ယင်းနောက် ပြည်ထောင်စု ဝန်ကြီးသည် တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး၌ မန္တလေးတိုင်း ဒေသကြီးအတွင်းရှိ ပြည်ထဲရေး ဝန်ကြီးဌာန ကွပ်ကဲမှုအောက် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ပြုလုပ်ပြီး ပြည်ထောင်စုဝန်ကြီးက တာဝန်ရှိသူများ၏ တင်ပြချက်များ အပေါ် ပေါင်းစပ်ညှိနှိုင်းဆောင် ရွက်ပေးကာ လိုအပ်သည်များ မှာကြားခဲ့ကြောင်း သတင်းရရှိ သည်။
သတင်းစဉ်