အကြမ်းဖက်သမားများက ဖယ်ခုံမြို့နယ် မိုးဗြဲကျေးရွာ ပေါ်ဦးရပ်ကွက်အနီးရှိ ဓာတ်အားပေးတာဝါတိုင် တစ်ခုကို မိုင်းထောင်ဖောက်ခွဲဖျက်ဆီး၊ လောပိတ - တီကျစ် မဟာဓာတ်အားလိုင်း ဓာတ်အားပို့လွှတ်မှုပြတ်တောက်

 

နေပြည်တော်   စက်တင်ဘာ  ၈    ရှမ်းပြည်နယ်      (တောင်ပိုင်း)ဖယ်ခုံမြို့နယ်     မိုးဗြဲကျေးရွာ ပေါ်ဦးရပ်ကွက်အနီးရှိ ဓာတ်အား ပေးတာဝါတိုင် တစ်ခုကို  စက်တင် ဘာ ၆ ရက်  ည ၈ နာရီ ၄၅ မိနစ် ခန့်တွင် အကြမ်းဖက်သမားများက မိုင်းထောင်ဖောက်ခွဲ ဖျက်ဆီးခဲ့မှု ကြောင့် တာဝါတိုင်  အမှတ်(၁၃၀)လဲကျပျက်စီးခဲ့ပြီး     မဟာဓာတ် အားလိုင်းမှူးရုံး   (လွိုင်ကော်)မှ တာဝန်ယူ ထိန်းသိမ်းရသော ၁၃၂ ကေဗွီ လောပိတ - တီကျစ်  မဟာ ဓာတ်အားလိုင်း      ဓာတ်အား ပို့လွှတ်မှု ပြတ်တောက်ခဲ့ကြောင်း သိရှိရသည်။

 


အဆိုပါ  အကြမ်းဖက်သမား များ၏     မိုင်းထောင်ဖောက်ခွဲမှု ကြောင့်     ပျက်စီးလျက်ရှိသော တာဝါတိုင်များ    ပြန်လည်ပြုပြင် နိုင်ရေး       သက်ဆိုင်ရာဌာနမှ စီစဉ်ဆောင်ရွက်လျက်   ရှိကြောင်း နှင့်       လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့်    လုံခြုံရေးလုပ်ငန်း များ  ဆက်လက်ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။


သတင်းစဉ်