
နေပြည်တော် စက်တင်ဘာ ၈
မြန်မာနိုင်ငံ တိုင်းရင်းဆေး ကောင်စီရုံး ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက နေပြည်တော် ဒက္ခိဏသီရိမြို့နယ် ကံ့ကော်ပန်း အဝိုင်းအနီးရှိ အဆိုပါရုံးအဆောက် အအုံ၌ ကျင်းပသည်။
ဖွင့်ပွဲအခမ်းအနားသို့ မြန်မာ နိုင်ငံ တိုင်းရင်းဆေးကောင်စီ နာယက ကျန်းမာရေးဝန်ကြီးဌာန တိုင်းရင်းဆေးပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ စုစုဒွေး၊ မြန်မာနိုင်ငံတိုင်းရင်းဆေး ကောင်စီဥက္ကဋ္ဌ ဆရာကြီး ဦးမြင့်ဦးနှင့် ကောင်စီဝင်များ၊ တိုင်းရင်းဆေးပညာ ဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဖိတ်ကြားထား သူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ပင့်ဖိတ် ထားသော ဆရာတော်၊ သံဃာ တော်များထံမှ ပရိတ်တရားတော် များ နာယူကြပြီး ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူတန်းကြသည်။ ဆက်လက်၍ တိုင်းရင်းဆေးပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ဩဝါဒ စကားပြောကြားပြီး မြန်မာနိုင်ငံ တိုင်းရင်းဆေးကောင်စီဥက္ကဋ္ဌက ကျေးဇူးတင်ဝမ်းမြောက် စကား ပြောကြားကာ အမှတ်တရလက် ဆောင်ပစ္စည်းများ ပေးအပ်သည်။
ထို့နောက် ညွှန်ကြားရေးမှူး ချုပ်နှင့် တာဝန်ရှိသူများသည် ရုံးဝင်းအတွင်း လှည့်လည်ကြည့်ရှု ကြပြီး အမှတ်တရဓာတ်ပုံရိုက်ကူး ကာ အခမ်းအနားကို ရုပ်သိမ်း လိုက်ကြောင်းသိရသည်။ မြန်မာ နိုင်ငံ တိုင်းရင်းဆေးကောင်စီရုံးကို နေပြည်တော်၌ ဖွင့်လှစ်ထား ရှိပြီးဖြစ်သည့်အတွက် ဖုန်း-၀၉ ၈၈၃၉၀၀၀၀၁၊ ၀၉ ၉၄၆၉၀၀၀၀၁ တို့သို့ဆက်သွယ်၍ တိုင်းရင်းဆေးကောင်စီနှင့် သက်ဆိုင်သော လုပ်ငန်းများကို ဆက်သွယ်ဆောင် ရွက်နိုင်ကြောင်း သိရသည်။
ဌေးနိုင်