Primorsky ဒေသနှင့် မြန်မာနိုင်ငံတို့အကြား စီးပွားရေးဆိုင်ရာ ကုန်စည်ပို့ဆောင်ရေး၊ ပို့ကုန်၊ သွင်းကုန်ကဏ္ဍ မြှင့်တင်ရေးတို့တွင် ပူးပေါင်းဆောင်ရွက်မှုများကို အောင်မြင်စွာဆောင်ရွက်နိုင်မည့် အခြေအနေတို့နှင့်ပတ်သက်၍ဆွေးနွေး

 

နေပြည်တော်   စက်တင်ဘာ   ၈


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ     ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည်      ရုရှားဖက်ဒရေးရှင်းနိုင်ငံ     Primorsky ဒေသအစိုးရအဖွဲ့ အကြီးအကဲ  Mr. Oleg Nikolaevich Kozhemyako   နှင့်   Republic of Buryatia အစိုးရ အဖွဲ့အကြီးအကဲ     Mr. Aleksey Sambuyevich Tsydenov     တို့နှင့်     ယနေ့ ဒေသစံတော်ချိန် မွန်းလွဲပိုင်းတွင်   ဗလာဒီဗော့စတော့ခ်မြို့    FEFU Campus အတွင်း၌  သီးခြားစီ တွေ့ဆုံဆွေးနွေးသည်။

 


တာဝန်ရှိသူများတက်ရောက်


ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည်   Primorsky ဒေသအစိုးရ အဖွဲ့အကြီးအကဲနှင့်  တွေ့ဆုံခဲ့ပြီး  အဆိုပါ တွေ့ဆုံ ဆွေးနွေးပွဲသို့   နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ    နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ   ကောင်စီ တွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊  ခရီးစဉ်တွင်လိုက်ပါလာသည့်  ပြည်ထောင်စုဝန်ကြီး များ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ  တပ်မတော်အရာရှိ ကြီးများ၊   ဒုတိယဝန်ကြီးများ၊   ရုရှားနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးလွင်ဦးနှင့် မြန်မာစစ်သံ (ကြည်း၊ ရေ၊ လေ)      ဗိုလ်မှူးချုပ်  မိုးကျော်တို့ တက်ရောက်ကြပြီး Primorsky ဒေသ အစိုးရအဖွဲ့ အကြီးအကဲနှင့်အတူ  ဒေသအစိုးရအဖွဲ့မှ တာဝန်ရှိသူ များ တက်ရောက်ကြသည်။

 


ထိုသို့  တွေ့ဆုံဆွေးနွေးရာတွင်   Primorsky ဒေသနှင့်   မြန်မာနိုင်ငံတို့အကြား စီးပွားရေးဆိုင်ရာ ကုန်စည်ပို့ဆောင်ရေး၊     ပို့ကုန်၊  သွင်းကုန်ကဏ္ဍ မြှင့်တင်ရေးတို့တွင်    ပူးပေါင်းဆောင်ရွက်မှုများကို အောင်မြင်စွာ  ဆောင်ရွက်နိုင်မည့်  အခြေအနေများ၊ Primorsky   ဒေသ၊     ဗလာဒီဗော့စတော့ခ်မြို့၌ မြန်မာနိုင်ငံဆိုင်ရာ ကောင်စစ်ဝန်ချုပ်ရုံးနှင့် Business Centre  ဖွင့်လှစ်နိုင်ရေး  အမြန်ဆုံး အကောင်အထည် ဖော်ဆောင်ရွက်သွားမည့်          အခြေအနေများနှင့် Primorsky ဒေသအစိုးရအဖွဲ့မှလည်း ဝမ်းမြောက်စွာ ကြိုဆိုပြီး လိုအပ်သည်များ ကူညီဆောင်ရွက်ပေးသွား မည့် အခြေအနေများ၊   မြန်မာနိုင်ငံမှ   ပညာတော် သင်ကျောင်းသား၊ ကျောင်းသူများ  ပညာရပ်ပေါင်းစုံ တွင် လာရောက်သင်ကြားနိုင်ရေးနှင့်  ရောက်ရှိလာ မည့် ကျောင်းသား၊ ကျောင်းသူများကိုလည်း ဒေသ အစိုးရအဖွဲ့မှ  လိုအပ်သည်များ ကူညီဆောင်ရွက်ပေး သွားမည့်အခြေအနေများ၊   Primorsky ဒေသတွင် ဆောင်ရွက်လျက်ရှိသည့် Children Camp ကဲ့သို့ လူငယ်များအချင်းချင်း   ပညာရပ်များ၊ အသိအမြင် များ၊ အတွေ့အကြုံများကို  ဖလှယ်သည့် အစီအစဉ် များ၌ မြန်မာနိုင်ငံမှ  လူငယ်လူရွယ်များ ပါဝင်နိုင်မည့် အခြေအနေများ၊ မြန်မာနိုင်ငံ၊ စိုက်ပျိုးမွေးမြူရေး ဆိုင်ရာကဏ္ဍမှ  တာဝန်ရှိသူများအနေဖြင့် Primorsky ဒေသသို့ လာရောက်လေ့လာစေလိုသည့် အခြေအနေ များနှင့် တိုက်ရိုက်ကုန်သွယ်မှု၊ ငွေကြေးစီးဆင်းနိုင်မှု တို့နှင့်ပတ်သက်၍     အမြင်ချင်းဖလှယ်ဆွေးနွေး ခဲ့သည်။ 

 


အပြန်အလှန်ပေးအပ်


တွေ့ဆုံပွဲအပြီးတွင်  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်  Primorsky ဒေသအစိုးရအဖွဲ့ အကြီးအကဲတို့သည် အထိမ်းအမှတ် တံဆိပ်နှင့်     အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ကြသည်။

 


ရင်းနှီးနွေးထွေးစွာကြိုဆို


ညနေပိုင်းတွင်        နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင် များသည်    (၇) ကြိမ်မြောက်   အရှေ့ဖျားစီးပွားရေး ဖိုရမ်   (The 7th Eastern Economic Forum-2022)၌ ပြခန်းပါဝင်ပြသလျက်ရှိသည့် Republic of Buryatia ပြည်နယ်ပြခန်းသို့ သွားရောက်လေ့လာကြည့်ရှုကြရာ Republic of Buryatia       ပြည်နယ်အစိုးရအဖွဲ့ အကြီးအကဲ  Mr. Aleksey Sambuyevich Tsydenov နှင့် အဖွဲ့ဝင်များက  ဒေသရိုးရာ အကအလှများဖြင့် ရင်းနှီးနွေးထွေးစွာ ကြိုဆိုနှုတ်ဆက်ကြသည်။

 


စိတ်ပါဝင်စားစွာ  အသေးစိတ်လေ့လာ


ယင်းနောက်  Republic of Buryatia ပြည်နယ် ပြခန်းအတွင်း ပြသထားသည့်  ရိုးရာအထည်အလိပ်၊ စက်မှု၊  လက်မှု အနုပညာပြကွက်၊ သစ်နှင့် သစ်တော ထွက်ပစ္စည်း    အနုပညာပြကွက်၊     ရဟတ်ယာဉ် ထုတ်လုပ်မှုဆိုင်ရာ ပြကွက်၊ ပန်းချီပြကွက်၊ ခေတ်မီ စက်မှုနည်းပညာများဖြင့်         ပေါင်းစပ်ထားသည့် ကျန်းမာရေးဝန်ဆောင်မှုဆိုင်ရာပြကွက်၊         ရိုးရာ ကျန်းမာရေးဆိုင်ရာပြကွက်၊       သဘာဝသယံဇာတ တူးဖော်မှုဆိုင်ရာ   ပြကွက်တို့ကို ပြကွက်တစ်ခုချင်းစီ အလိုက် စိတ်ပါဝင်စားစွာ  အသေးစိတ် လေ့လာခဲ့ပြီး သိရှိလိုသည်များကို  မေးမြန်းဆွေးနွေးခဲ့ရာ Buryatia ပြည်နယ်အစိုးရအဖွဲ့အကြီးအကဲနှင့်  ပြကွက်အလိုက် တာဝန်ခံများက လိုက်လံရှင်းလင်းပြသကြသည်။

 


တွေ့ဆုံဆွေးနွေး 


ထို့နောက်  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များ၊ Republic of Buryatia   ပြည်နယ်အစိုးရအဖွဲ့အကြီးအကဲ Mr. Aleksey Sambuyevich Tsydenov  နှင့်  အဖွဲ့ဝင်များ သည်  ပြခန်းဧည့်ခန်းမဆောင်၌    တွေ့ဆုံဆွေးနွေးကြသည်။

 


ရင်းနှီးပွင့်လင်းစွာဆွေးနွေး


ထိုသို့     တွေ့ဆုံဆွေးနွေးရာတွင်    ယခုကဲ့သို့ Buryatia ဒေသ၏ ပြခန်းများကို   လိုက်လံပြသခွင့် ရသည့်အတွက်   ဝမ်းမြောက်မိပြီး   ၎င်းတို့ဒေသ၏ ရိုးရာယဉ်ကျေးမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုများကို လေ့လာ သိရှိနိုင်မည့်  အခြေအနေများ၊   Buryatia ဒေသမှ သဘာဝသယံဇာတများ  ပေါကြွယ်ဝစွာ ထွက်ရှိမည့် အခြေအနေများ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ  နိုင်ငံတော်ဝန်ကြီးချုပ်     ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ဝင်များ    Buryatia   ဒေသသို့ လာရောက်လေ့လာချိန်တွင်လည်း ဒေသ၏ တိုးတက် မှုများကို လိုက်လံရှင်းလင်းပြသသွားမည့် အခြေအနေ များ၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံနှင့် စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို    အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်လျက်ရှိပြီး မြန်မာနိုင်ငံအနေဖြင့် ဒေသ ထွက်ကုန်နှင့် ထုတ်ကုန်များကို  အရည်အသွေးမြင့် ပို့ကုန်ပစ္စည်းများအဖြစ်    တင်ပို့နိုင်ရေး    ကြိုးပမ်း ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ မြန်မာနိုင်ငံ နှင့်   Buryatia   ပြည်နယ်တို့အကြား    စီးပွားရေး ဆိုင်ရာများတွင်  ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေ အနေများ၊  Buryatia ပြည်နယ်သို့ ရောက်ရှိလေ့လာ ချိန်တွင် စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ ဆောင်ရွက်နိုင်မည့် အခြေအနေများကို အသေးစိတ် ဆွေးနွေးဆောင်ရွက်သွားမည့်    အခြေအနေများနှင့် ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။                  

သတင်းစဉ်