
မန္တလေး စက်တင်ဘာ ၇
မန္တလေးချမ်းမြေ့ရောင်းဝယ်ရေး သမဝါယမအသင်းမှ အသင်းသားများ အဆင်ပြေစေရေးအတွက် မဂျမ်းတောဆန် တစ်ပြည်အိတ်ကို ငွေကျပ် ၆၀၀၀ နှုန်းဖြင့် အသင်းသားများအား စက်တင်ဘာ ၇ ရက်က ၂၂ လမ်း နှင့် ၈၆ လမ်းထောင့် ချမ်းမြေ့ရောင်းဝယ်ရေး သမဝါယမအသင်းဆိုင်၌ ရောင်းချသည်။
အဆိုပါ အသင်းသားများအား ဆန်ရောင်းချပေးရာတွင် အသင်း ဥက္ကဋ္ဌ ဦးဘကြည်နှင့် အမှုဆောင်များက ကြီးကြပ်ပေးသည်။ ဩဂုတ် ၁၇ ရက်က ပြုလုပ်သော အရပ်ရပ်ဆိုင်ရာအစည်းအဝေးတွင် လည်း အသင်းသားအစု တစ်စုကို ငွေကျပ် ၂၅၀၀၀ ထောက်ပံ့ထုတ်ပေး ခဲ့ကြောင်း သိရသည်။
ထွဏ်းလှအောင် (မန္တလေး)