
နေပြည်တော် စက်တင်ဘာ ၇
ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ် ကာကွယ်ရာတွင် အခြေခံအကျ ဆုံးမှာ နှာခေါင်းစည်းများတပ်ဆင် အသုံးပြုခြင်းဖြစ်ရာ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေး အတွက် နှာခေါင်းစည်းများကို ပြည်သူများ လက်ဝယ်အရောက် တိုင်းစစ်ဌာနချုပ် အသီးသီးမှ တာဝန်ရှိသူများက အခမဲ့ပေးဝေ လှူဒါန်းလျက်ရှိသည်။
ထိုသို့ လှူဒါန်းလျက်ရှိရာ ယနေ့တွင် ဧရာဝတီတိုင်းဒေသ ကြီးအတွင်းရှိ ကန်ကြီးထောင့်မြို့၊ သာပေါင်းမြို့၊ ကျုံပျော်မြို့၊ ကျောင်းကုန်းမြို့၊ ဟင်္သာတမြို့၊ မြန်အောင်မြို့၊ မြောင်းမြမြို့၊အိမ်မဲ မြို့၊ မအူပင်မြို့၊ ဖျာပုံမြို့၊ ဒေးဒရဲ မြို့နှင့် ပန်းတနော်မြို့များရှိစာသင် ကျောင်းများ၊ ဈေးများ၊ လမ်းများ နှင့် လူစည်ကားရာနေရာများတွင် သက်ဆိုင်ရာ ခရိုင်/မြို့နယ် စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများပူးပေါင်း၍ နှာခေါင်း စည်းများကို ဒေသခံပြည်သူများ လက်ဝယ်အရောက် ပေးဝေ လှူဒါန်းကြသည်။
ထို့ပြင် ပြည်သူများ ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်၍ အသိ ပညာဗဟုသုတများ တိုးပွားစေရန် အတွက် ရန်ကုန်တိုင်းဒေသကြီးကမာရွတ်မြို့နယ်ရှိ လှည်းတန်း စင်တာ၊ လမ်းမတော်မြို့နယ်ရှိ City Mall St. John နှင့် မြန်မာ ဆိပ်ကမ်းအာဏာပိုင် (ကျန်းမာ ရေး ဆိပ်ကမ်းဝင်းအတွင်း)၊ မရမ်းကုန်းမြို့နယ်ရှိ မြို့ပြအိမ်ရာ (တောင်ဘက်ခြမ်း)၊ ပြည်လမ်းနှင့် လေဆိပ်လမ်းဆုံ၊ ဗဟန်းမြို့နယ်ရှိ Ocean Super Center ၊ Myanmar Plaza နှင့် ဆရာစံလမ်းကြော်ငြာ ဆိုင်းဘုတ်၊ မင်္ဂလာတောင်ညွန့် မြို့နယ်တို့တွင် LED ကြော်ငြာ ဘုတ်များဖြင့် ကိုဗစ်-၁၉ ရောဂါ နှင့်ပတ်သက်၍ အသိပညာပေး ခြင်းများကို စက်တင်ဘာ ၆ ရက်မှ စတင်၍ ကြော်ငြာပေးလျက်ရှိ ကြောင်း သိရသည်။
သတင်းစဉ်