တရားမဝင် သစ်မျိုးစုံ၊ စားသောက်ကုန်ပစ္စည်း၊ စက်မှုကုန်ကြမ်းပစ္စည်းနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

 

နေပြည်တော်   စက်တင်ဘာ   ၆


တရားမဝင်  ကုန်သွယ်မှုတိုက်ဖျက်ရေး  ဦးဆောင် ကော်မတီ၏    ကြီးကြပ်ကွပ်ကဲမှုဖြင့်  တရားမဝင် ကုန်သွယ်မှုများကို  ဥပဒေနှင့်အညီ  ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး    ဆောင်ရွက်လျက်ရှိရာ စက်တင်ဘာ ၄  ရက်တွင်  အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် မွန်ပြည်နယ်  မရမ်းချောင်အမြဲတမ်း စစ်ဆေးရေးစခန်း၌ တာဝန်ကျ  ပူးပေါင်းစစ်ဆေးရေး အဖွဲ့က  သွင်းကုန်ကြေညာလွှာ (ID) တွင် ကြေညာ ထားသည်ထက်  ပိုမိုပါရှိလာသော အကောက်ခွန်မဲ့ ကုန်ပစ္စည်းများ တင်ဆောင်လာသည့်  Volvo အမျိုး အစား ၂၂ ဘီး ကုန်တင်ယာဉ် တစ်စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၉၀၀၀၀၀၀၀)၊  DAF CF  အမျိုးအစား ၂၂ ဘီး ကုန်တင်ယာဉ်တစ်စီး  (ခန့်မှန်းတန်ဖိုးငွေကျပ် ၉၀၀၀၀၀၀၀)နှင့် နောက်တွဲယာဉ်  နှစ်စီး  (ခန့်မှန်း တန်ဖိုးငွေကျပ် ၅၀၀၀၀၀၀၀)၊  စုစုပေါင်း (ခန့်မှန်း တန်ဖိုးငွေကျပ် ၂၃၀၀၀၀၀၀၀)ကို  အကောက်ခွန် လုပ်ထုံးလုပ်နည်းနှင့်အညီ     ဖမ်းဆီးအရေးယူ ဆောင်ရွက်လျက်ရှိသည်။ 

 


အရေးယူဆောင်ရွက်


အလားတူ   စက်တင်ဘာ  ၆  ရက်တွင်  ကရင် ပြည်နယ် တရားမဝင်  ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏    စီမံခန့်ခွဲမှုဖြင့်   စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ  သံလွင်တံတား (ဘားအံ) စုပေါင်း စစ်ဆေးရေးဂိတ်၌ တာဝန်ကျ စစ်ဆေးရေးအဖွဲ့က တရားဝင် စာရွက်စာတမ်း  အထောက်အထား တစ်စုံ တစ်ရာ   တင်ပြနိုင်ခြင်းမရှိသည့်  Polyethylene  Resin အိတ် ၂၄၀      (ခန့်မှန်းတန်ဖိုးငွေကျပ် ၉၆၀၀၀၀၀)ကို   လည်းကောင်း၊  ကော့ကရိတ် (တံတားကျိုး)စုပေါင်းစစ်ဆေးရေးဂိတ်၌ တာဝန်ကျ စစ်ဆေးရေးအဖွဲ့က ခရီးသည်တင် မော်တော်ယာဉ် တစ်စီးပေါ်၌  တရားဝင်စာရွက်စာတမ်း အထောက် အထား   တစ်စုံတစ်ရာ   တင်ပြနိုင်ခြင်းမရှိသည့် Lactasoy Soymilk ဖာ  ၂၅၀  (ခန့်မှန်းတန်ဖိုးငွေကျပ် ၂,၂၅၀,၀၀၀) ကို လည်းကောင်း၊ စုစုပေါင်း (ခန့်မှန်း တန်ဖိုးငွေကျပ် ၁၁၈၅၀၀၀၀)ကို   ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းနှင့်အညီ  အရေးယူ ဆောင်ရွက်လျက်ရှိသည်။

 


ထို့ပြင်    ပဲခူးတိုင်းဒေသကြီး   တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏  စီမံခန့်ခွဲမှု ဖြင့် တိုင်းဒေသကြီး  သစ်တောဦးစီးဌာနဦးဆောင် သော စစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက် ခဲ့ရာ   တောင်ငူခရိုင်နှင့်  ညောင်လေးပင်ခရိုင်များ အတွင်း  တရားမဝင် ကျွန်းသစ်၊ သစ်မာနှင့် အခြား သစ်မျိုးစုံ ၉ ဒသမ ၈၆၅၈ တန်၊ (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၄၈၃၁၂၆)ကို  ဖမ်းဆီးရမိခဲ့ပြီး သစ်တော ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

 


ဖမ်းဆီးရမိမှု အမှုတွဲ ရှစ်မှု


သို့ဖြစ်ပါ၍  စက်တင်ဘာ  ၄ ရက်  နှင့်  ၆ ရက် များတွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ  ရှစ်မှု၊  (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၄၃၃၃၃၁၂၆  )  ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး     ဦးဆောင် ကော်မတီမှ သိရသည်။    

                 
သတင်းစဉ်