
မင်းလှ စက်တင်ဘာ ၆
ကျောင်းသား ကျောင်းသူများ အသိပညာဗဟုသုတများ တိုးပွား လာစေရန်၊ စာဖတ်သည့် အလေ့ အကျင့်ကောင်းများ ရရှိလာစေရန် အတွက် ပဲခူးတိုင်းဒေသကြီး မင်းလှမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက စာဖတ်ရှိန်မြှင့်တင်ရေး ရွေ့လျား စာကြည့်တိုက်စနစ်ဖြင့် ဝန်ဆောင် မှုပေးခြင်းလုပ်ငန်း ကွင်းဆင်း ဆောင်ရွက်ခြင်းကို စက်တင်ဘာ ၆ ရက် နံနက် ၉ နာရီက အ.မ.က ပြည်တော်သာကျောင်း၌ ပြုလုပ် ခဲ့သည်။
စာဖတ်ရှိန် မြှင့်တင်ရေး ဆောင်ရွက်ရာတွင် ပြန်ကြားရေး နှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်စန္ဒာအောင်က ကျောင်းသား ကျောင်းသူများအား စာဖတ်စေခြင်း ရည်ရွယ်ချက်များ၊ စာဖတ်ခြင်းကြောင့် ရရှိနိုင်သော အကျိုးကျေးဇူးများ၊ စာကြည့် တိုက်ကို အသုံးချတတ်လာပြီး စာဖတ်၊ ပုံပြော၊ ပန်းချီဆွဲသည့် အလေ့အထကောင်းများ ရရှိ လာနိုင်ခြင်းတို့ကို ပြောကြားပြီး ဒုတိယဦးစီးမှူး ဒေါ်ဇင်မာဝင်း က ကိုယ်လက်လေ့ကျင့်ခန်းများ ပြုလုပ် စေခြင်းနှင့် ပုံပြင်ပြောခြင်း များဖြင့် အသိပညာပေးပြောကြား သည်။
အဆိုပါ စာဖတ်ရှိန်မြှင့်တင် ရေးလုပ်ငန်းတွင် ကျောင်းသား ကျောင်းသူလေးများအား သုတ၊ ရသ၊ ရုပ်ပြ၊ မဂ္ဂဇင်း၊ စာစောင် စသည့်အုပ်ရေပေါင်း ၁၀၀ ကျော် ကို ဖတ်ရှုစေခြင်းအပြင် စာဖတ် ရှိန် မြှင့်တင်ရေး၊ လူကုန်ကူးမှုနှင့် သဘာဝဘေးအန္တရာယ်သိကောင်း စရာ စသည့်နံရံကပ်စာစောင်များပြသခြင်းတို့ ဆောင်ရွက်ခဲ့သည်။
မင်းလှမြို့နယ် ပြန်ကြားရေး နှင့် ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနအနေဖြင့် ပညာရေးဌာနနှင့် ပူပေါင်း၍ အခြေခံပညာကျောင်း များသို့ လစဉ်စာဖတ်ရှိန်မြှင့်တင် ရေး နယ်လှည့်ကွင်းဆင်း ဆောင် ရွက်ခြင်းကို စဉ်ဆက်မပြတ် ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)