The 7th Eastern Economic Forum-2022 သို့ တက်ရောက်ကြသည့် နိုင်ငံ့ခေါင်းဆောင်များကို ဂုဏ်ပြုသောအားဖြင့် နိုင်ငံတော်အလံများကို International Space Station (အာကာသ)တွင် ချိတ်ဆွဲဂုဏ်ပြု

 

နေပြည်တော် စက်တင်ဘာ  ၆


ရုရှားဖက်ဒရေးရှင်းနိုင်ငံ၌     ကျင်းပပြုလုပ်သည့် (၇)ကြိမ်မြောက် အရှေ့ဖျားစီးပွားရေးဖိုရမ်  (The  7th  Eastern Economic Forum-2022)ကို   ပါဝင် တက်ရောက်ကြသည့်   နိုင်ငံ့ခေါင်းဆောင် များကို ဂုဏ်ပြုသောအားဖြင့် အဆိုပါ နိုင်ငံအလံများကို International Space Station(အာကာသ)တွင် ရုရှားအာကာသယာဉ်မှူးများက ချိတ်ဆွဲဂုဏ်ပြု ခဲ့ကြောင်း  သိရသည်။

 


စက်တင်ဘာ ၇ ရက်တွင်ပြုလုပ်မည့် (၇) ကြိမ်မြောက်အရှေ့ဖျား  စီးပွားရေး ဖိုရမ် (The 7th Eastern   Economic Forum-2022) ၏ မျက်နှာစုံညီ အစည်း အဝေး   Plenary  Session သို့     ရုရှားသမ္မတ   ဗလာဒီမာပူတင်နှင့်အတူ   ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ      နိုင်ငံတော် ဝန်ကြီးချုပ်   ဗိုလ်ချုပ်မှူးကြီး    မင်းအောင်လှိုင်၊အာမေးနီးယားနိုင်ငံဝန်ကြီးချုပ် Mr. Nikol Pashinyan ၊  မွန်ဂိုလီးယား နိုင်ငံ   ဝန်ကြီးချုပ်   Mr. Luvsannamsrain  Oyun-Erdene တို့      တက်ရောက်မည်ဖြစ်ပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံ အမျိုးသားပြည်သူ့   ကွန်ဂရက်ဥက္ကဋ္ဌ  Mr. Li Zhanshu လည်း ပါဝင်တက်ရောက်မည်       ဖြစ်ကြောင်း သိရသည်။

 


ဂုဏ်ပြုချိတ်ဆွဲထား


အဆိုပါ  (၇) ကြိမ်မြောက် အရှေ့ဖျားစီးပွားရေးဖိုရမ် (The 7th Eastern Economic Forum- 2022) ၏ မျက်နှာစုံညီ  အစည်းအဝေး Plenary Session သို့ တက်ရောက်ကြမည့်      နိုင်ငံ့ခေါင်းဆောင်များကို ဂုဏ်ပြုသော အားဖြင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ မြန်မာနိုင်ငံ၊ အာမေး နီးယားနိုင်ငံ၊   မွန်ဂိုလီးယားနိုင်ငံ၊  တရုတ်နိုင်ငံတို့၏    အလံများကို International Space Station တွင် ရုရှားအာကာသယာဉ်မှူးများက  ချိတ်ဆွဲဂုဏ်ပြုခဲ့ခြင်း ဖြစ်ကြောင်း၊   ထိုသို့ ချိတ်ဆွဲဂုဏ်ပြုထားရာတွင်  နိုင်ငံ့အလံများအား ကမ္ဘာကို နောက်ခံပြုကာ ထင်ရှားစွာတွေ့မြင်နိုင်ရေး    ဂုဏ်ပြုချိတ်ဆွဲထားကြောင်း သိရသည်။      

                 

သတင်းစဉ်