
နေပြည်တော် စက်တင်ဘာ ၆
နိုင်ငံခြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏ မောင်လွင်၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်တို့သည် နိုင်ငံတော် စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်၏ လမ်းညွှန် မှာကြားချက်များနှင့် ပတ်သက်၍ ပြည်ပနိုင်ငံများတွင် တာဝန်ထမ်းဆောင် လျက်ရှိကြ သော သံအမတ်ကြီးများ၊ အမြဲတမ်း ကိုယ်စားလှယ်များ၊ ကောင်စစ်ဝန်ချုပ်များနှင့် သံရုံး ယာယီတာဝန်ခံများအား ထပ်ဆင့် ရှင်းလင်းပွဲကို ယနေ့ ညနေ ၄ နာရီတွင် Video Conferencing စနစ်ဖြင့် နိုင်ငံခြားရေးဝန်ကြီး ဌာန ဧရာဝတီခန်းမ၌ ကျင်းပ ပြုလုပ်သည်။
အခမ်းအနားသို့ နိုင်ငံခြားရေး ဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် နှင့် ညွှန်ကြားရေးမှူးချုပ်များ တက်ရောက်ကြသည်။
ဦးစွာ နိုင်ငံခြားရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီး ချုပ်၏ လမ်းညွှန်မှာကြားချက် များကို ထပ်ဆင့်ရှင်းလင်း ပြောကြားသည်။ ပြည်ထောင်စု အစိုးရအဖွဲ့၏ ခြောက်လပတ် လုပ်ငန်း ဆောင်ရွက်ချက်ကို ရှင်းလင်း ပြောကြားရာတွင် နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီသည် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ နိုင်ငံတော် ၏ တာဝန်များကို ထမ်းဆောင် နေခြင်းဖြစ်ပြီး ရှေ့လုပ်ငန်းစဉ် (၅) ရပ်နှင့် ဦးတည်ချက် (၉)ရပ် တို့ကို ချမှတ်ကာ အကောင် အထည်ဖော် ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း၊ နိုင်ငံတော်ဦးတည် ချက်တွင် လွတ်လပ်၍ တက်ကြွပြီး ဘက်မလိုက်သော နိုင်ငံခြားရေး မူဝါဒကို ကျင့်သုံးလျက်ရှိပြီး နိုင်ငံများအကြား ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေးမူကို ဆက်လက်ကျင့်သုံးရေးကို နိုင်ငံ ရေးဦးတည်ချက်အဖြစ် ချမှတ် လျက် အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိကြောင်း၊ ပြည်ပရှိ မြန်မာသံရုံးများသည် နှစ်နိုင်ငံ ဆက်ဆံရေး ပိုမိုတိုးတက် ကောင်းမွန်စေရေး ရည်မှန်းချက် အပြင် မြန်မာနိုင်ငံသားများ အကျိုးကိုလည်း ကာကွယ် စောင့်ရှောက်ပေးရမည့် တာဝန် ရှိသဖြင့် ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ကြိုးစားဆောင်ရွက်ပေးကြစေလို ကြောင်း၊ မိမိတို့၏ ဆောင်ရွက် ချက်များနှင့် ပြင်ပမှ မမှန် သတင်းဖော်ပြချက်များကိုလည်း ပြန်လည်တုံ့ပြန်ဖြေရှင်း အသိပေး ခြင်းများကို အချိန်နှင့်တစ်ပြေးညီ ပြုလုပ်ရမည်ဖြစ်ကြောင်း၊ သံရုံး လုံခြုံရေးနှင့် လူပုဂ္ဂိုလ်၊ စာရွက် စာတမ်း လုံခြုံရေးများကို အထူး ဂရုစိုက်ကြရန်၊ သံရုံးအကြီးအကဲ များမှအဆင့်ဆင့် အထူးကြပ်မတ် ဆောင်ရွက်သွားရန် လိုအပ် ကြောင်း၊ ပြည်ပတွင် တာဝန် ထမ်းဆောင် လျက်ရှိကြသည့် သံတမန်များအနေဖြင့် ရှေ့တန်း တိုက်စစ်မှူးများဖြစ်သကဲ့သို့ ခံစစ် မှူးများလည်းဖြစ်ကြောင်း၊ နိုင်ငံ တကာ ဆက်ဆံရေးကဏ္ဍသည် နက်နဲသိမ်မွေ့သည့် ကိစ္စဖြစ်၍ သံရုံးအကြီးအကဲများ အနေဖြင့် အမြင်ကျယ်ကျယ်၊ ယုံကြည်ချက်၊ ခံယူချက်ရှိရှိဖြင့် လုပ်ကိုင် ဆောင်ရွက်သွားကြရန်နှင့် မိမိ လက်အောက်တွင် တာဝန်ထမ်း ဆောင်လျက်ရှိသော ဝန်ထမ်းများ ကို ကာကွယ်စောင့်ရှောက်ပြီး အချင်းချင်း အပြန်အလှန် လေးစားမှု စိတ်ဓာတ်ရှိစေရန် လည်း ထိန်းကြောင်းကြပ်မတ် သွားကြရန် လိုအပ်ကြောင်း၊ ဆက်လက်၍ ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများ ပြန်လည် လက်ခံရေးနှင့် စပ်လျဉ်း၍ လုပ်ငန်းဆောင်ရွက်နေမှုများနှင့် ဖြစ်ပေါ်တိုးတက်မှု အခြေအနေ များနှင့်ပတ်သက်၍ လည်း ကောင်း၊ မြန်မာနိုင်ငံနှင့် ကုလသမဂ္ဂ ဆက်ဆံရေးအခြေ အနေများနှင့် ပတ်သက်၍လည်း ကောင်း၊ မြန်မာနိုင်ငံနှင့် အာဆီယံ ဆက်ဆံရေး အခြေအနေများနှင့် ပတ်သက်၍ လည်းကောင်း၊ အစိုးရ၏ ရပ်တည်ချက်၊ သဘော ထားနှင့် ဆောင်ရွက်ချက် များကို ရှင်းလင်းပြောကြားသည်။
အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီးက အပြည်ပြည်ဆိုင်ရာ တရားရုံးတွင် ရင်ဆိုင်နေသည့် အမှုကိစ္စနှင့် ပတ်သက်၍ လည်းကောင်း၊ ရခိုင်ပြည်နယ်ကိစ္စနှင့် ပတ်သက် ၍လည်းကောင်း၊ နိုင်ငံတကာတွင် ဖြစ်ပေါ်တိုးတက်မှု အခြေအနေ များ၊ နိုင်ငံတကာဆက်ဆံရေးများ နှင့် ပဋိပက္ခချဉ်းကပ်ဖြေရှင်းရာ တွင် ထည့်သွင်းစဉ်းစားရမည့် အချက်များနှင့် ပတ်သက်၍ လည်းကောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် သံအမတ်ကြီးများ၊ အမြဲတမ်း ကိုယ်စားလှယ်များ၊ ကောင်စစ်ဝန်ချုပ်များနှင့် သံရုံး ယာယီတာဝန်ခံများက ဆွေးနွေး တင်ပြရာ၊ ယင်းတင်ပြချက်များ နှင့် ပတ်သက်၍ ပြည်ထောင်စု ဝန်ကြီးများက ပြန်လည် ရှင်းလင်း ပြောကြားခဲ့ကြသည်။
သတင်းစဉ်