
ကျောင်းကုန်း စက်တင်ဘာ ၆
ဧရာဝတီတိုင်းဒေသကြီး ကျောင်းကုန်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် အမှတ်(၁)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ ယနေ့ နံနက် ၈ နာရီခန့်က ဆန်နှင့်စားသောက်ကုန်များကို ဈေးနှုန်းသက်သာ စွာဖြင့် ရောင်းချပေးလျက်ရှိသည်။
မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့်အတူ အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာန စည်းကမ်းထိန်းသိမ်းရေးအဖွဲ့တို့က ကြက်ဥခုနစ်လုံးကို ငွေကျပ် ၁၀၀၀ ၊ ဆား ၅၀ သားကို ငွေကျပ် ၁၀၀၊ ဆန်တစ်ပြည်ကို ငွေကျပ် ၁၅၀၀ တို့ဖြင့် ဈေးနှုန်းသက်သာစွာ ရောင်းချပေးပြီး ကန်စွန်းရွက်၊ ပဲသီးနှင့် ချဉ်ပေါင်ရွက်တို့ကို အခမဲ့ပေးလှူခဲ့ကြကြောင်း သိရသည်။
ဝင်းကြိုင်(ပြန်/ဆက်)