
နေပြည်တော် စက်တင်ဘာ ၆
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ရုရှားဖက်ဒရေးရှင်းနိုင်ငံခရီးစဉ်တွင် လိုက်ပါလာသည့် ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများသည် ယနေ့တွင် သက်ဆိုင်ရာ ကဏ္ဍအသီးသီးအလိုက် ဆွေးနွေးမှုများကို ဆောင်ရွက်ကြသည်။
ထိုသို့ ဆောင်ရွက်ခဲ့ရာ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြ သည့် ဦးဝင်းရှိန်နှင့် ဒေါက်တာ ကံဇော်တို့သည် Russia -ASEAN Business Dialogue သို့ တက်ရောက်ခဲ့သည်။
ပါဝင်ဆွေးနွေး
အဆိုပါ Business Dialogue၌ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ ပြည်နယ် များ ပူးပေါင်းဆောင်ရွက်မှု အဖွဲ့ အမှုဆောင်အရာရှိချုပ် နှင့် ရုရှား-အာဆီယံစီးပွားရေး ကောင်စီ ဥက္ကဋ္ဌဖြစ်သူ Mr. Ivan Polyakov က ဦးဆောင်ဆွေးနွေး၍ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ကံဇော်က ပါဝင်ဆွေးနွေးခဲ့သည်။ ထို့အပြင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ နှင့် အင်ဒိုနီးရှားနိုင်ငံတို့မှ စီးပွားရေး လုပ်ငန်းရှင်များ၊ ကုန်သည်နှင့် စက်မှုလက်မှု လုပ်ငန်းရှင်အသင်းများမှ တာဝန် ရှိ ပုဂ္ဂိုလ်များကလည်း ပါဝင် ဆွေးနွေးခဲ့ကြသည်။
သီးခြားတွေ့ဆုံ
ထို့နောက် ပြည်ထောင်စု ဝန်ကြီးများ ဖြစ်ကြသည့် ဦးဝင်းရှိန်၊ ဒေါက်တာ ကံဇော် ဦးလှမိုး၊ မြန်မာနိုင်ငံ ဗဟိုဘဏ် ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေနှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးကျော်မျိုးထွဋ် တို့သည် ရုရှားဖက်ဒရေးရှင်း နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ ပြည်နယ် များ ပူးပေါင်းဆောင်ရွက်မှု အဖွဲ့ အမှုဆောင်အရာရှိချုပ်နှင့် ရုရှား-အာဆီယံ စီးပွားရေးကောင်စီ ဥက္ကဋ္ဌဖြစ်သူ Mr. Ivan Polyakov နှင့်အဖွဲ့ကို သီးခြားတွေ့ဆုံ၍ ရုရှားနိုင်ငံနှင့် မြန်မာနိုင်ငံ စီးပွား ရေး ပူးပေါင်းဆောင်ရွက်မှု အကြောင်းအရာ ကိစ္စရပ်များကိုကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးခဲ့ ကြသည်။
အလားတူ ကျန်းမာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်းသည် Eastern Economic Forum-2022 ၏ Medical Panel Session တွင် ပါဝင်တက်ရောက်၍ ကျန်းမာရေး စနစ်တွင် တွေ့ကြုံရသော အခက် အခဲများ၊ ထိုအခက်အခဲများ ကျော်ဖြတ်ရန် ကြိုးပမ်းမှုများ၊ နိုင်ငံအချင်းချင်း ပူးပေါင်း ဆောင်ရွက်ခြင်းဖြင့် ရရှိနိုင်မည့် အခွင့်အလမ်းများ၊ တိုးတက်လာ သော နည်းပညာများကို သုံး၍ ရောဂါရှာဖွေရေး၊ ကင်ဆာရောဂါ များ ကုသရေး၊ ကူးစက်မြန်ရောဂါ များ ထိန်းချုပ်ရေးနှင့် အဆိုပါ နည်းပညာများ ဖွံ့ဖြိုးဆဲနိုင်ငံများ ကို မျှဝေနိုင်မည့် အစီအစဉ်များနှင့် ပတ်သက်၍ လည်းကောင်း၊ သိပ္ပံ နှင့် နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိန်းကျော်သည် Eastern Economic Forum-2022 ၏ Strategic Technical Alliance တွင် ပါဝင်တက်ရောက်ခဲ့ပြီး ကိုဗစ် - ၁၉ အလွန်ကာလ ပညာ ရေးဆိုင်ရာ ပြုပြင်ပြောင်းလဲသင့် သည့် အချက်များကိုလည်း ကောင်း ဆွေးနွေးခဲ့ကြသည်။
ထို့ပြင် ပြန်ကြားရေးဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်းသည် ရုရှား ဖက်ဒရေးရှင်းနိုင်ငံပိုင် Sputnik news agency နှင့် မြဝတီရုပ်မြင် သံကြားတို့အကြား နှစ်ဖက် သဘောတူညီမှုဆိုင်ရာ စာချွန်လွှာ တစ်ရပ်ကို အတည်ပြု လက်မှတ် ရေးထိုးနိုင်ခဲ့ပြီး မီဒီယာကဏ္ဍဖွံ့ ဖြိုးတိုးတက်ရေးဆိုင်ရာများနှင့် ပတ်သက်၍ ပူးပေါင်းဆောင်ရွက် သွားမည့် အခြေအနေများကို ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်