ဖျာပုံနှင့် မအူပင်မြို့နယ်များ၌ အကြမ်းဖက်လုပ်ငန်းများ ဆောင်ရွက်နေသည့် တရားခံများကို လက်နက်/ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိ

 

နေပြည်တော်  စက်တင်ဘာ   ၃  


အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံ PDF အမည်ခံ အကြမ်းဖက်အဖွဲ့များ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူ လူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရ ယန္တရားများ  ပျက်ပြားစေရန်ရည်ရွယ်လျက်  နိုင်ငံ့ ဝန်ထမ်းများအပါအဝင်   အပြစ်မဲ့ပြည်သူများအား အဓိကပစ်မှတ်ထား၍ လုပ်ကြံသတ်ဖြတ်ခြင်း၊ အများ ပြည်သူပိုင်    အဆောက်အဦများအား     မီးရှို့ခြင်း၊ ဖောက်ခွဲဖျက်ဆီးခြင်း    စသည့် အကြမ်းဖက်   လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။

 


၂၀၂၂ ခုနှစ် ဩဂုတ် ၂၃ ရက် တွင်  ဖျာပုံမြို့နယ်  ချောင်းတွင်း ကျေးရွာအနီးရှိ KM စားသောက် ဆိုင်သို့ အကြမ်းဖက်သမား ၄ ဦး ရောက်ရှိလာပြီး   ဆိုင်အတွင်း၌ ထိုင်နေသည့်   အပြစ်မဲ့ပြည်သူ အမျိုးသမီး ၂ ဦးကို  ဒလန်ဟုစွပ်စွဲ ကာ ပစ္စတိုဖြင့် ပစ်ခတ်၍ ရွှေထည် ပစ္စည်းအချို့ကို       လုယက် ယူဆောင်သွားကြောင်း၊ အကြမ်း ဖက်သမားများ၏    ပစ်ခတ်မှု ကြောင့်  အပြစ်မဲ့ပြည်သူ  အမျိုး သမီး ၂ ဦးတွင် စိုးရိမ်ရဒဏ်ရာ များရရှိခဲ့ကာ  ဖျာပုံပြည်သူ့ဆေးရုံ သို့   ပို့ဆောင်စဉ်  သေဆုံးသွားခဲ့ ကြောင်း သိရှိရသည်။

 


သို့ဖြစ်၍   တရားခံများကို အမြန်ဆုံး         ဖမ်းဆီးရမိရေး ဆောင်ရွက်ခဲ့ရာ  ဧရာဝတီတိုင်း ဒေသကြီးအတွင်း အကြမ်းဖက် မှုအား မလိုလားသော ပြည်သူများ ၏ သတင်းပေးမှုများကြောင့် ၂၀၂၂ ခုနှစ် ဩဂုတ် ၂၉ ရက် နံနက်ပိုင်း တွင်   အထက်ပါဖြစ်စဉ်၌  ပါဝင် ကျူးလွန်ခဲ့သည့် Black Dragon Force Pyapon-BDFP အမည်ခံ အကြမ်းဖက်အဖွဲ့ဝင်များဖြစ်သော ကောင်းစည်သူ ကို     ဖျာပုံမြို့၊ အမှတ်(၁)ရပ်ကွက်၊ သီတာလမ်းရှိ ၎င်း၏နေအိမ်တွင်လည်းကောင်း၊ အောင်မိုးမြင့်(ခ) အေးမင်းသူ (ခ) အေးမင်း ကို ဖျာပုံမြို့၊ အမှတ်(၁၆)ရပ်ကွက်၊ ပဒုမ္မာ(၅)လမ်းရှိ ၎င်း ၏   နေအိမ်တွင် လည်းကောင်း၊ သိမ့်တြာလှိုင် ကို ဖျာပုံမြို့၊ အမှတ် (၉)ရပ်ကွက်၊ မဟာဗန္ဓုလလမ်းရှိ ၎င်း၏နေအိမ်တွင် လည်းကောင်း ဖမ်းဆီးရမိခဲ့သည်။

 


ဆက်စပ်   တရားခံများအား ဖမ်းဆီးရမိရေး       ဆက်လက် ဆောင်ရွက်ခဲ့ရာ ဩဂုတ် ၃၁ ရက် နံနက်ပိုင်းတွင်           ထွက်ပြေး တိမ်းရှောင်ရန်   ဆောင်ရွက်နေ သော BDFP အမည်ခံ အကြမ်း ဖက်အဖွဲ့ဝင်    တီးတီး   (ခ)ကိုကိုအောင် ကို   တွံတေးမြို့နယ်၊ ဘုရားငုတ္တို  စစ်ဆေးရေးဂိတ်၌ ဖမ်းဆီးရမိခဲ့ပြီး   ၎င်း၏ထွက်ဆို ချက်အရ အကြမ်းဖက်သတ်ဖြတ်မှု များအား   ဦးဆောင်ပြုလုပ်နေသူ BDFP အမည်ခံ အကြမ်းဖက်အဖွဲ့ ဝင် စံလင်းစံ ကို ရန်ကုန်တိုင်းဒေသ ကြီး၊ အလုံမြို့နယ်၊  ဆင်မင်းဈေး မှတ်တိုင်အနီး၌   ဖမ်းဆီးရမိခဲ့ သည်။

 


ဖမ်းဆီးရမိတရားခံ တီးတီး (ခ)ကိုကိုအောင်၏ ထွက်ဆိုချက် အရ စက်တင်ဘာ ၁ ရက် နံနက် ပိုင်းတွင်   BDFP    အကြမ်းဖက် အဖွဲ့ဝင်များဖြစ်သော ဟိန်းသူလွင် (ခ) သာကဒိုး ကို ဖျာပုံမြို့၊ အမှတ် (၁)ရပ်ကွက်၊ ဓနိတော(၈)လမ်းရှိ ၎င်း၏နေအိမ်တွင် လည်းကောင်း၊ ဇော်မင်းသူ(ခ)မက်စီ(ခ)မျောက် ကြီးကို   ဖျာပုံမြို့၊  အမှတ် (၁၅)ရပ်ကွက်၊  အောင်သုခ(၂) လမ်းရှိ ၎င်း၏နေအိမ်တွင်လည်းကောင်း၊ ကျော်သူရ ကို ဖျာပုံမြို့၊ အမှတ်(၁)ရပ်ကွက်၊   ဓနိတောလမ်းရှိ ၎င်း ၏   နေအိမ်တွင်လည်းကောင်း၊ ကျော်ဇောဦး ကို   ဖျာပုံမြို့နယ်၊ ကျုံကူကျေးရွာ၌ SIGSAUER ပစ္စတို ၁ လက်၊ Glock ပစ္စတို ၂ လက်၊ ၉ မမကျည်အတောင့် ၁၅၀၊ ပစ္စတိုကျည်အိမ် ၂ ခု၊ ဖောက်ခွဲရေး ဆက်စပ်ပစ္စည်းများ၊ အကြမ်းဖက် သတ်ဖြတ်ခံခဲ့ရသည့်   အပြစ်မဲ့ ပြည်သူ အမျိုးသမီး ၂ ဦး၏ အမည် ပါရှိသော  ကျောင်းသားကတ် ၁ ခု၊ နိုင်ငံသားစိစစ်ရေးကတ် ၁ ခု၊ ဆွဲကြိုး ၁ ကုံး၊ ဟန်းချိန်း ၁ ခု၊ လက်ပတ်နာရီ  ၁  လုံးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

 


ဖမ်းဆီးရမိတရားခံ စံလင်းစံ ၏ ထွက်ဆိုချက်အရ စက်တင်ဘာ ၁ ရက်  မွန်းလွဲပိုင်းတွင်  ရန်ကုန် တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ အမှတ်(၁)ရပ်ကွက်၊  ရန်ကုန်-ပြည်လမ်း၊   အေးချမ်းကားမှတ် တိုင်အနီး၌  အကြမ်းဖက်မှုများ အား   ကျူးလွန်ပြီး  လာရောက် တိမ်းရှောင်နေသော   BDFP အမည်ခံ   အကြမ်းဖက်အဖွဲ့ဝင် ဝင်းမြတ်သိန်းဇော် ကို   လည်း ကောင်း၊ အလုံမြို့နယ်၊ ဆင်မင်း ရပ်ကွက်၊ ဆင်မင်းလမ်းနှင့် ငုဝါ လမ်းထောင့်ရှိ တိုက်အမှတ်(၁၀၇)၊ (၇)   လွှာ၌  အကြမ်းဖက်မှုများ    ကျူးလွန်ပြီး     လာရောက် တိမ်းရှောင်နေသော မအူပင် PDF အမည်ခံ    အကြမ်းဖက်အဖွဲ့ဝင် များဖြစ်သော   စိုင်းနောင် (ခ)လက်ယာ၊   မျိုးမင်းဦး၊   ဝေဖြိုး အောင်၊ သူရဦး၊  ငြိမ်းချမ်း တို့ကို SIGSAUER ပစ္စတို ၁ လက်၊ ၉ မမ ကျည် ၄၈ တောင့်၊ လက်ပစ်ဗုံး ၁ လုံး၊ လက်လုပ်မိုင်း ၂ လုံး  တို့နှင့် အတူ ဖမ်းဆီးရမိခဲ့သည်။

 


ထို့ပြင်   ဖမ်းဆီးရမိတရားခံ စံလင်းစံ၏  ထွက်ဆိုချက်အရ ယင်းနေ့ ညနေပိုင်းတွင် မှော်ဘီ မြို့နယ်၊       ချော်ကုန်းကျေးရွာ၊ ပန်းတစ်ပွင့်တောင်လမ်း၊ မြစည်း ခုံကျောင်းတိုက်  ရှေ့၌   BDFP အမည်ခံ   အကြမ်းဖက်အဖွဲ့ဝင် ကျော်ဆန်းဦး နှင့်   သူရဖြိုး (ခ)ဝတုတ်တို့ကို        ဖမ်းဆီးရမိခဲ့ပြီး ထိုသို့   ဖမ်းဆီးစဉ်  သူရဖြိုး (ခ)ဝတုတ်သည် အဖမ်းမခံဘဲ လုံခြုံ ရေး   တပ်ဖွဲ့ဝင်များ၏  လက်နက် အား      လုယူ၍       ထွက်ပြေးရန် ကြိုးစားခဲ့သဖြင့်  ခြောက်လှန့် ပစ်ခတ်ဖမ်းဆီးခဲ့ရာ   ယာပေါင် ဖောက်ဝင်ဒဏ်ရာဖြင့်    ထပ်မံ ဖမ်းဆီးရမိခဲ့သည်။

 


ဆက်လက်၍    ဖမ်းဆီးရမိ တရားခံ ဇော်မင်းသူ(ခ)မက်စီ(ခ)မျောက်ကြီး၏ ထွက်ဆိုချက်အရ စက်တင်ဘာ ၁ ရက်  မွန်းလွဲပိုင်း တွင်  BDFP အမည်ခံ အကြမ်းဖက် အဖွဲ့ဝင် ရဲဇော်ထက်(ခ)မောင်မောင် ကို ဖျာပုံမြို့၊ အမှတ်(၁၆)ရပ်ကွက်၊ ပဒုမ္မာ(၄)လမ်းရှိ ၎င်း၏နေအိမ် တွင် ဖမ်းဆီးရမိခဲ့သည်။    

 


ဖမ်းဆီးရမိတရားခံ ဝင်းမြတ် သိန်းဇော်၏ ထွက်ဆိုချက်အရ စက်တင်ဘာ ၁ ရက် မွန်းလွဲပိုင်း တွင် မှော်ဘီမြို့နယ်၊ နှင်းဆီမြိုင် ရပ်ကွက်၌ BDFP အမည်ခံအကြမ်း ဖက်အဖွဲ့ဝင် ထွန်းထွန်းဦး(ခ)စနေ ကို ထပ်မံဖမ်းဆီးရမိခဲ့သည်။  

 

 
ဖြစ်စဉ်တွင်  တရားခံ ကျား ၁၈ ဦး၊  မ ၁ ဦး  စုစုပေါင်း ၁၉ ဦးတို့ကို ပစ္စတို ၄ လက်၊ ကျည် မျိုးစုံ ၁၉၈ တောင့်၊ ကျည်အိမ် ၂ ခု၊ လက်ပစ်ဗုံး ၁ လုံး၊ လက်လုပ် မိုင်း ၂ လုံးနှင့် ဖောက်ခွဲရေးဆက်စပ် ပစ္စည်းများ၊        အကြမ်းဖက် သတ်ဖြတ်ခံခဲ့ရသည့်   အပြစ်မဲ့ ပြည်သူ   အမျိုးသမီး  ၂   ဦး၏ အမည်ပါရှိသော   ကျောင်းသား ကတ် ၁ ခု၊ နိုင်ငံသားစိစစ်ရေးကတ် ၁ ခု၊ ဆွဲကြိုး ၁ ကုံး၊ ဟန်းချိန်း ၁ ခု၊ လက်ပတ်နာရီ ၁ လုံးတို့နှင့် အတူ ဖမ်းဆီးရမိခဲ့သည်။

 


ဖမ်းဆီးရမိ   တရားခံများ၏ ထွက်ဆိုချက်အရ      တရားခံ စံလင်းစံနှင့်   ဝင်းမြတ်သိန်းဇော် တို့သည် KNLA တပ်မဟာ(၇)လှုပ်ရှားနယ်မြေအတွင်းရှိ ABSDF စခန်းတွင်လည်းကောင်း၊ တရားခံ စိုင်းနောင်(ခ)လက်ယာ သည် KNLA တပ်မဟာ(၇)တွင် လည်း ကောင်း၊  တရားခံ  မျိုးမင်းဦး၊ ဝေဖြိုးအောင်နှင့် သူရဦး တို့သည် သန်လျင်မြို့နယ်၊ ဇာမဏီဆည် အနီးရှိ တောအတွင်း၌ စိုင်းနောင် (ခ)လက်ယာ သင်ကြားပေးသည့် ရက်တိုသင်တန်းတွင်        လည်း ကောင်း   အကြမ်းဖက်ဖောက်ခွဲ ဖျက်ဆီးရေး            သင်တန်းများ တက်ရောက်ခဲ့ကြောင်း ဖော်ထုတ် သိရှိရသည်။

 


ဖမ်းဆီးရမိ   တရားခံများ၏ ထွက်ဆိုချက်အရ  ၂၀၂၁  ခုနှစ်၊ ဇူလိုင်လတွင်   Black   Dragon Force Pyapon-BDFP အမည်ခံ အကြမ်းဖက်အဖွဲ့ကို ဖမ်းဆီးရန် ကျန် တရားခံ ဝဏ္ဏထွန်း(ခ)ရန်နိုင် နှင့် စံလင်းစံ တို့   ခေါင်းဆောင် ၍   တီးတီး  (ခ)  ကိုကိုအောင်၊ ဝင်းမြတ်သိန်းဇော်၊  ထွန်းထွန်းဦး၊ ကျော်ဆန်းဦး၊ သူရဖြိုး(ခ)ဝတုတ်၊ ဟိန်းသူလွင်   (ခ)  သာကဒိုး၊ ဇော်မင်းသူ (ခ)မက်စီ(ခ)မျောက် ကြီး၊ ကျော်ဇောဦး၊ ရဲဇော်ထက်(ခ) မောင်မောင်၊   အောင်မိုးမြင့်(ခ) အေးမင်းသူ(ခ)အေးမင်း၊ ကောင်း စည်သူ၊ ကျော်သူရ၊ ဖမ်းဆီးရန် ကျန်  တရားခံ   ဝင်းထွဋ်ဝင်းတို့ အပါအဝင် ၁၅  ဦးဖြင့်   လည်း ကောင်း၊ ၂၀၂၁ ခုနှစ်၊ စက်တင်ဘာ လတွင် မအူပင် PDF အမည်ခံ အကြမ်းဖက်အဖွဲ့အား   စိုင်းနောင် (ခ) လက်ယာနှင့်  ဖမ်းဆီးရန်ကျန် တရားခံ  ကိုလင်း(ခ)လက်ဝဲ  တို့ ခေါင်းဆောင်၍ သူရဦး၊ မျိုးမင်းဦး၊ ငြိမ်းချမ်း၊ ဝေဖြိုးအောင်၊ ဖမ်းဆီး ရန်ကျန်   တရားခံများဖြစ်သော ဖိုးခင်၊ မွေထိုင်း၊ စိုင်းထက်အောင်၊ ဦးရာကြပ်၊ ငထက်၊ ဇော်ကြီး၊ ဟိုက်စံ၊ ထက်အိမ်မှူးတို့ အပါ အဝင် ၁၄ ဦးဖြင့်  လည်းကောင်း ဖွဲ့စည်းခဲ့ကြောင်း   ဖော်ထုတ် သိရှိရသည်။

 


ဖမ်းဆီးရမိ  တရားခံများ၏ ထွက်ဆိုချက်အရ Black Dragon Force  Pyapon-BDFP  နှင့် မအူပင် PDF အမည်ခံအကြမ်းဖက် အဖွဲ့များသည်    နိုင်ငံတော်၏ အုပ်ချုပ်မှု    ယန္တရားပျက်ပြား စေရန်နှင့်    အပြစ်မဲ့ပြည်သူများ ထိတ်လန့်မှုဖြစ်စေရန် ရည်ရွယ်၍ အောက်ပါအတိုင်း      ဖောက်ခွဲ တိုက်ခိုက်မှု ၆ ကြိမ် ကျူးလွန်ခဲ့ ကြောင်း ဖော်ထုတ်သိရှိရသည်-


    á    ၂၀၂၁ ခုနှစ်၊ ဇွန်  ၁၉ ရက် တွင် ဖျာပုံမြို့ရှိ အခွန်ဦးစီး ရုံးနှင့်  အမှတ်(၄) ရပ်ကွက် ရှိ ရစဖမှူး ၁ ဦး ၏ နေအိမ် တို့အား လက်လုပ်မိုင်းဖြင့်   ဖောက်ခွဲခဲ့ကြောင်း။
    á ၂၀၂၁ခုနှစ်၊ အောက်တိုဘာ ၁၇  ရက်တွင်   ဖျာပုံမြို့၊ အမှတ်(၁၆)ရပ်ကွက်ရှိ Mytel တာဝါတိုင်စက်ခန်း အား လက်လုပ်မိုင်း ၂ လုံး ဖြင့်  ဖောက်ခွဲခဲ့ကြောင်း။
    á ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာ ၂၂ ရက်တွင်  ဖျာပုံမြို့တွင်းရှိ ယာဉ်ထိန်း  ရဲကင်းရုံနှင့် အမှတ်(၄) ရပ်ကွက်ရှိ မြို့နယ်စီမံအုပ်ချုပ်ရေးရုံးရှေ့တို့အား လက်လုပ်မိုင်းဖြင့် ၂ ကြိမ် ဖောက်ခွဲခဲ့ကြောင်း။
    á ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၁၁ ရက်တွင် ဖျာပုံမြို့၊ အမှတ် (၁၆)ရပ်ကွက်ရှိ ရပ်ကွက် စီမံအုပ်ချုပ်ရေး   ရုံးအား လက်လုပ်မိုင်းဖြင့် ဖောက် ခွဲခဲ့ကြောင်း။
ဖမ်းဆီးရမိ  တရားခံများ၏ ထွက်ဆိုချက်အရ Black Dragon Force  Pyapon- BDFP  နှင့် မအူပင် PDF အမည်ခံအကြမ်းဖက် အဖွဲ့ဝင်များမှ   အပြစ်မဲ့ပြည်သူ များကို     လုပ်ကြံသတ်ဖြတ်ခဲ့မှု  ၆  ကြိမ်  ကျူးလွန်ခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်-
    á    ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာ ၄ ရက်တွင် ဖျာပုံမြို့၊ အမှတ် (၁၅)ရပ်ကွက်၊  (၈)လမ်း တွင် အပြစ်မဲ့ပြည်သူအမျိုး သား ၁ ဦးကို  ဒလန်ဟု စွပ်စွဲ၍ ပစ္စတိုဖြင့် လုပ်ကြံ သတ်ဖြတ်ခဲ့ကြောင်း။
    á ၂၀၂၁ ခုနှစ်၊ အောက်တိုဘာ ၂၆ ရက်တွင်    မအူပင်မြို့၊ အမှတ်  (၁၀)  ရပ်ကွက်၊ အောင်မြေသာစည်လမ်း နေ  အပြစ်မဲ့ပြည်သူအမျိုး သား ၁ ဦးကို ဒလန်ဟု    စွပ်စွဲ၍  ပစ္စတိုဖြင့်လုပ်ကြံ       သတ်ဖြတ်ခဲ့ကြောင်း။
    á ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်တွင် မအူပင်မြို့နယ်၊ မလက်တိုရဲစခန်းမှ ရဲတပ် ဖွဲ့ဝင်  ၁    ဦးကို   ပစ္စတို ဖြင့်  လုပ်ကြံသတ်ဖြတ်ခဲ့ ကြောင်း။
    á ၂၀၂၂ ခုနှစ်၊ ဧပြီ ၂၄ ရက် တွင် ဖျာပုံခရိုင်၊ ဘိုကလေး မြို့နယ်၊ ကျုံကျိုက်ကျေးရွာ ရှိ    ရစဖမှူးနှင့် ဇနီးတို့ကို  ပစ္စတိုဖြင့်     လုပ်ကြံ သတ်ဖြတ်ခဲ့ကြောင်း။
    á ၂၀၂၂ ခုနှစ်၊ မေ ၂၉ ရက် တွင်      မအူပင်မြို့နယ်၊ ခွာလေးကျွန်းကျေးရွာနေ အပြစ်မဲ့ပြည်သူ    အမျိုး သား ၁ ဦးကို  ဒလန်ဟု စွပ်စွဲ၍ ပစ္စတိုဖြင့် လုပ်ကြံ သတ်ဖြတ်ခဲ့ကြောင်း။
    á ၂၀၂၂ ခုနှစ်၊ ဩဂုတ် ၂၃ ရက်တွင်   ဖျာပုံမြို့နယ်၊ ချောင်းတွင်းကျေးရွာအနီး၊ KM စားသောက်ဆိုင်တွင် အပြစ်မဲ့ပြည်သူ     အမျိုး သမီး ၂ ဦးကို  ဒလန်ဟု စွပ်စွဲ၍ ပစ္စတိုဖြင့် လုပ်ကြံ သတ်ဖြတ်ခဲ့ပြီး  ရွှေထည် ပစ္စည်းများကို လုယက်ယူ ဆောင်ခဲ့ကြောင်း။

 


ဖမ်းဆီးရမိ  တရားခံများအား ဥပဒေအရ ထိရောက်စွာအရေးယူ နိုင်ရေး   ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ပြီး     အကြမ်းဖက်  မှု     ဆောင်ရွက်နေသူများကို ပြည်သူတစ်ရပ်လုံးက   ပူးပေါင်း တိုက်ဖျက်ကြရန်နှင့်       ပြစ်မှု ကျူးလွန်ရာတွင် ပါဝင်ပတ်သက် သူများ၊ နောက်ကွယ်မှ ထောက်ပံ့ ပေးလျက်ရှိသော        ဆက်စပ် တရားခံများကို     အမြန်ဆုံး ဖမ်းဆီးရမိရေးအတွက်  ၎င်းတို့ ပုန်းခိုရာနေရာများ၊   လှုပ်ရှား သွားလာနေထိုင်မှု   သတင်းများ ရရှိပါက သက်ဆိုင်ရာသို့ လျှို့ဝှက် စွာ    သတင်းပေးတိုင်ကြားနိုင်ပါ ကြောင်း၊     သတင်းပေးသူနှင့် ဖမ်းဆီးပေးသူများအား ထိုက်တန် စွာ  လျှို့ဝှက်၍  ဆုငွေများချီးမြှင့် ပေးလျက်ရှိကြောင်းနှင့် မြို့ရွာများ အမြန်ဆုံးအေးချမ်းတည်ငြိမ်ရေး အတွက်          ပြည်သူတစ်ရပ်လုံး ပူးပေါင်းပါဝင် ကြိုးပမ်းဆောင်ရွက် နိုင်ပါရန်    မေတ္တာရပ်ခံအပ်ပါ ကြောင်း            အသိပေးသတင်း ထုတ်ပြန်ထားကြောင်း သိရသည်။

သတင်းစဉ်