နေပြည်တော် ဒက္ခိဏသီရိမြို့နယ် အမှတ်(၁၈) အခြေခံပညာ အထက်တန်းကျောင်းသို့ ငွေပဒေသာပင် ငွေကျပ် သိန်း ၉၀၊ ကျောင်းဝတ်စုံ၊ အားကစားဝတ်စုံနှင့် နှာခေါင်းစည်းများလှူဒါန်း

 

နေပြည်တော်  စက်တင်ဘာ  ၃


ပြည်ထောင်စုနယ်မြေ  နေပြည် တော် ဒက္ခိဏသီရိမြို့နယ် အမှတ် (၁၈) အခြေခံပညာအထက်တန်း ကျောင်းသို့  ငွေပဒေသာပင်  ငွေ ကျပ် သိန်း ၉၀၊ ကျောင်းဝတ်စုံ၊ အားကစားဝတ်စုံနှင့် နှာခေါင်း စည်းများ  လှူဒါန်းပွဲနှင့် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ် ဝင်စာမေးပွဲတွင်     ထူးချွန်စွာ အောင်မြင်ခဲ့ကြသည့်   ကျောင်း သား ကျောင်းသူများ  ဂုဏ်ပြုဆု ပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နံနက်  ၈  နာရီခွဲတွင်   အဆိုပါ ကျောင်း  အစည်းအဝေးခန်းမ၌ ကျင်းပသည်။ 

 


အလှူငွေ   ပေးအပ်လှူဒါန်းပွဲ တွင် ပြည်ထောင်စုဝန်ကြီး(ငြိမ်း) သရေစည်သူ   ဦးမြင့်လှိုင်     က ဂုဏ်ပြုအမှာစကား    ပြောကြား ပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်၊    ပြည်ထောင်စု ဝန်ကြီး(ငြိမ်း) နှင့် အလှူရှင်များက ကျောင်းအတွက် ငွေပဒေသာပင် စုစုပေါင်း ငွေကျပ်သိန်း ၉၀ နှင့် ကျောင်းဝတ်စုံ၊ အားကစားဝတ်စုံ၊ နှာခေါင်းစည်းများကို လှူဒါန်းရာ တာဝန်ရှိသူများက  လက်ခံရယူ ကြသည်။

 


ယင်းနောက်    ငွေပဒေသာ ပင်     စိုက်ထူလှူဒါန်းရခြင်းနှင့် ပတ်သက်၍    KMK Co.,Ltdမှ ဦးခင်မောင်အေးနှင့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟို ကော်မတီဝင် ဒေါ်ယမင်းမြင့်ဆွေ တို့က     ရှင်းလင်းပြောကြားကြ သည်။
ဆက်လက်၍   နေပြည်တော် ကောင်စီဥက္ကဋ္ဌ    ဦးတင်ဦးလွင်၊ ပြည်ထောင်စုဝန်ကြီး   (ငြိမ်း) သရေစည်သူဦးမြင့်လှိုင်၊ နေပြည် တော်ကောင်စီ   အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက  ၂၀၂၁-၂၀၂၂ ပညာသင်နှစ်   တက္ကသိုလ်ဝင် စာမေးပွဲတွင် ထူးချွန်စွာအောင်မြင် ခဲ့သည့် ကျောင်းသား ကျောင်းသူ များ၊ ကျောင်းအဆင့်စာစီစာကုံး၊ ကဗျာ၊   ဆောင်းပါး၊   ပန်းချီ၊ ကာတွန်းပြိုင်ပွဲများတွင် ဆုရရှိသူ များနှင့်    ဂုဏ်ထူးရရှိအောင် သင်ကြားပေးသည့်  ဆရာ ဆရာမ များအား      ဂုဏ်ပြုဆုများကို ပေးအပ်ချီးမြှင့်ခဲ့ပြီး ကျောင်းအုပ် ဆရာမကြီးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

 


အဆိုပါ   အခမ်းအနားတွင် နေပြည်တော်ကောင်စီ     ဥက္ကဋ္ဌ ဦးတင်ဦးလွင်က       ဂုဏ်ပြု အမှာစကား    ပြောကြားရာ၌ ပြည်ထောင်စုနယ်မြေ   နေပြည် တော် ဒက္ခိဏသီရိမြို့နယ်အတွင်း တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင် မှုသည် ၂၀၁၉-၂၀၂၀ ပညာသင် နှစ်တွင် ၁၃ ရာခိုင်နှုန်းရှိပြီး  ယခု နှစ် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်တွင် ၄၀ ဒသမ ၄၀   ရာခိုင်နှုန်းရှိရာ ယခုနှစ်  အောင်ချက်ရာခိုင်နှုန်း တိုးလာသည်ကို      တွေ့ရှိရပါ ကြောင်း၊  နိုင်ငံတော်အနေဖြင့် စနစ်သစ်ပညာရေးကို အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိ ရာ အရည်အသွေးရှိသည့် ဆရာ ဆရာမများကသာ ထူးချွန်သော ကျောင်းသား    ကျောင်းသူများ ကို   မွေးထုတ်ပေးနိုင်ရုံသာမက အရည်အသွေး       ပြည့်ဝသော လူသားအရင်းအမြစ်များကို ပြုစု ပျိုးထောင်ပေးနိုင်မည်    ဖြစ်ပါ ကြောင်း၊ ယခု    စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့ကြသည့် ကျောင်းသား    ကျောင်းသူများ အနေဖြင့်လည်း    ရရှိနေသည့် အောင်မြင်မှုများကို  ဆက်လက် ထိန်းသိမ်းသွားပြီး    နိုင်ငံတော် အတွက် အားကိုးအားထားရသည့် လူတော်လူကောင်းများ ဖြစ်လာ စေရေးနှင့်  အဆင့်မြင့်ပညာရပ် များကို  ဆတက်ထမ်းပိုး  ကြိုးစား သင်ယူသွားကြရန်  တိုက်တွန်း ပါကြောင်း ပြောကြားခဲ့သည်။

 


ပြည်ထောင်စု        နယ်မြေ နေပြည်တော်   အမှတ်   (၁၈) အခြေခံပညာ    အထက်တန်း ကျောင်းမှ  ၂၀၂၁-၂၀၂၂  ပညာ သင်နှစ်   တက္ကသိုလ်ဝင်စာမေးပွဲ တွင် သုံးဘာသာ ငါးဦး၊ နှစ်ဘာသာ တစ်ဦး၊ တစ်ဘာသာ   ၁၅    ဦး   စုစုပေါင်း  ဂုဏ်ထူးရ ကျောင်းသား ကျောင်းသူ  ၂၁  ဦးရှိကြောင်း သိရသည်။                

သတင်းစဉ်