ကယားပြည်နယ် (၂၃) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ (ပြည်နယ်အဆင့်) ဆုချီးမြှင့်ပွဲ ကျင်းပ

 

လွိုင်ကော်      စက်တင်ဘာ  ၃


ကယားပြည်နယ်   (၂၃)  ကြိမ် မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ (ပြည်နယ်အဆင့်)  ဆုချီးမြှင့်ခြင်း ပွဲကို       ယနေ့နေ့လယ်ပိုင်းက လွိုင်ကော်မြို့ ပြည်နယ်ခန်းမ၌ ကျင်းပသည်။

 


ရှေးဦးစွာ  ပြည်နယ်ဝန်ကြီး ချုပ်  ဦးဇော်မျိုးတင်က   အမှာ စကားပြောကြားပြီး   ပြည်နယ် ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အကဲဖြတ်ဒိုင်များအား    ဂုဏ်ပြု ချီးမြှင့်ခြင်းနှင့် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲများတွင်     ဆုရရှိ ကြသည့် ပြိုင်ပွဲဝင်များကို ဆုများ ပေးအပ်ချီးမြှင့်ပြီး (အပေါ်ယာပုံ) ပြိုင်ပွဲတွင်        ပထမဆုရရှိသည့်    အဆို၊ အက၊ အရေး၊  အတီးအဖွဲ့ များနှင့်  ဖျော်ဖြေရေးအဖွဲ့များက ပြန်လည်ဖျော်ဖြေ        တင်ဆက်နေမှုများကို         ကြည့်ရှုအားပေး သည်။

 


ကယားပြည်နယ် (၂၃) ကြိမ် မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ (ပြည်နယ်အဆင့်)        ပြိုင်ပွဲကို စက်တင်ဘာ  ၂   ရက်က သတ်မှတ်     နေရာများဖြစ်သော    ကယား ပြည်နယ်ခန်းမ၌ အကပြိုင်ပွဲနှင့် အတီးပြိုင်ပွဲ၊ လွိုင်ကော်မြို့နယ် ခန်းမ၌  အဆိုပြိုင်ပွဲနှင့်  အရေး ပြိုင်ပွဲများကို    စုစုပေါင်းပြိုင်ပွဲ အမျိုးအစား  ၂၄ မျိုးဖြင့် ပြည်နယ် အတွင်းရှိ  အဆို၊   အက၊   ဂီတ၊      အနုသုခုမ   ဝါသနာရှင်စုစုပေါင်း ပြိုင်ပွဲဝင်    ၂၂၀  တို့က   ပါဝင် ယှဉ်ပြိုင်ကြပြီး   ပြည်နယ်အစိုးရ အဖွဲ့က     ပြည်နယ်အဆင့်ပြိုင်ပွဲ     ဆုချီးမြှင့်ပွဲ      အခမ်းအနားတွင် အဆို၊ အက၊ အရေး၊ အတီး  ကဏ္ဍ အလိုက်  ဆုပေါင်း   ၆၂    ဆုကို         ထိုက်ထိုက်တန်တန်      ဂုဏ်ပြု ချီးမြှင့်ကြောင်း  သိရသည်။


  ပြည်နယ်(ပြန်/ဆက်)