
ရန်ကုန် စက်တင်ဘာ ၃
ရန်ကုန်တိုင်းဒေသကြီးတွင် ခရိုင် ဥပဒေရုံး ၁၄ ရုံး ဖွင့်လှစ်ပြီး လုပ်ငန်းတာဝန်များ ဆောင်ရွက် နေပြီဖြစ်ကြောင်း၊ ခရိုင်ဥပဒေရုံး များအနေဖြင့် ရုံးအသစ် ဖွင့်လှစ် ခြင်းဖြစ်သည့်အတွက် စီမံခန့်ခွဲ အုပ်ချုပ်မှုကိစ္စများ၊ အခက်အခဲ များရှိနိုင်သော်လည်း လုပ်ငန်းများ အောင်မြင်စွာ ဆောင်ရွက်ကြရန် လိုကြောင်း ရန်ကုန်တိုင်းဒေသကြီး ဥပဒေချုပ် ဦးဌေးအောင်က ပြောကြားသည်။
ဆက်လက်၍ ၎င်းက ပြည်ထောင်စုရှေ့နေချုပ် ဥပဒေကို ပြင်ဆင်သည့် ဥပဒေပြင်ဆင်ခဲ့ ပြီးဖြစ်သဖြင့် ဥပဒေနှင့်အညီ လုပ်ငန်းတာဝန်များ အောင်မြင်စွာ ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ အမှုများအား အကြံပေးရာတွင် ဥပဒေနှင့်အညီ မှန်ကန်စွာ ဆောင် ရွက်နိုင်ရေး အထူးအလေးပေး ကြီးကြပ်ရန်လိုကြောင်း၊ အမှုများ လိုက်ပါ ဆောင်ရွက်ရာတွင် မိမိ တို့ ဥပဒေအရာရှိများဘက်မှ ပျက်ကွက်မှုမရှိစေဘဲ ဥပဒေနှင့် အညီ ဆောင်ရွက်ရန် လိုကြောင်း၊ ခရိုင်အဆင့် ဌာနဆိုင်ရာများ နှင့် ပူးပေါင်းဆောင်ရွက်ရန် လိုကြောင်း ယနေ့ မွန်းလွဲ ၁ နာရီ က ရန်ကုန်မြို့ ကျောက်တံတား မြို့နယ် ပန်းဆိုးတန်းလမ်းရှိ တိုင်းဒေသကြီး ဥပဒေချုပ်ရုံး အစည်းအဝေးခန်းမ(၂)၌ ရန်ကုန် တိုင်းဒေသကြီးအတွင်းရှိ ခရိုင် ဥပဒေအရာရှိများ၊ ဒုတိယခရိုင် ဥပဒေအရာရှိများနှင့် တွေ့ဆုံစဉ် ထိုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ် သည်။
ယင်းနောက် တိုင်းဒေသကြီး ဥပဒေအရာရှိ ဦးမောင်မောင်တာ က လုပ်ငန်း ဆောင်ရွက်နေမှုများ နှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားပြီး ခရိုင် ၁၄ ခရိုင်မှ ခရိုင်ဥပဒေအရာရှိများက လုပ်ငန်း ဆောင်ရွက်နေမှုများနှင့် ပတ်သက် ၍ အသေးစိတ် ရှင်းလင်းတင်ပြ ကြသည်။
ထို့နောက် တိုင်းဒေသကြီး ဥပဒေအရာရှိက ရှင်းလင်းတင်ပြ ချက်များနှင့် စပ်လျဉ်း၍ လိုအပ် သည်များကို ပြန်လည်ဆွေးနွေး ပြောကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဥပဒေချုပ် ဦးဌေးအောင်က ဆွေးနွေးတင်ပြချက်များအပေါ် ဖြည့်စွက်နွေးဆွေးပြီး လိုအပ်သည် များကိုမှာကြား၍ နိဂုံးချုပ်အမှာ စကားပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်