မူးယစ်ဆေးဝါး ရောင်းဝယ်၊ သုံးစွဲသူများအား ဖမ်းဆီးအရေးယူခြင်းမပြုဘဲ ခြိမ်းခြောက်ငွေကြေးတောင်းယူခဲ့သူ အမျိုးသား ငါးဦး၊ ရဲပြေးတစ်ဦးနှင့် ပူးပေါင်းကျူးလွန်သူ ရဲတပ်ဖွဲ့ဝင် ခြောက်ဦးကို ဖမ်းဆီးအရေးယူ

 

နေပြည်တော်  စက်တင်ဘာ  ၂


မြန်မာနိုင်ငံအနေဖြင့်    မူးယစ် ဆေးဝါးအန္တရာယ် တားဆီးနှိမ်နင်း ရေးလုပ်ငန်းများကို     အမျိုးသား ရေး         တာဝန်တစ်ရပ်အဖြစ် သတ်မှတ်ကာ  အလေးထားဆောင် ရွက်လျက်ရှိရာ         တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊        မူးယစ် ဆေးဝါး           တားဆီးနှိမ်နင်းရေး  ရဲတပ်ဖွဲ့တို့က   တာဝန်သိပြည်သူ များနှင့် ပူးပေါင်း၍  အရှိန်အဟုန် မြှင့်         ကြိုးပမ်းတိုက်ဖျက်လျက်ရှိ သည့်အပြင်   အိမ်နီးချင်းနိုင်ငံများနှင့်  ပူးပေါင်း၍ တားဆီးနှိမ်နင်းရေးလုပ်ငန်းများ  ဆောင်ရွက်ခဲ့သောကြောင့် မူးယစ်ဆေးဝါးနှင့်  ဓာတုပစ္စည်းအမြောက်အမြား  ဖမ်းဆီးနိုင်ခဲ့ပြီး ဖမ်းဆီးရမိသည့်  မူးယစ်ဆေးဝါးနှင့်  ဓာတုပစ္စည်းများအား တရားမဝင်            မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့    အခမ်းအနားများ၌   နှစ်စဉ်မီးရှို့ ဖျက်ဆီးခြင်းများ ပြုလုပ်လျက်ရှိသည်။

 


 ခြိမ်းခြောက်ငွေကြေးတောင်းခံမှုများ ဖြစ်ပေါ်လျက်ရှိ


ထိုသို့   မူးယစ်ဆေးဝါးအန္တရာယ်   တားဆီးနှိမ်နင်းရေးအတွက်         ကြိုးပမ်းဆောင်ရွက်လျက်ရှိသကဲ့သို့    အကျင့်ပျက်ဝန်ထမ်းအချို့နှင့်   မသမာသူများက မူးယစ်ဆေးဝါးသုံးစွဲ၊  ရောင်းဝယ်သူများကို   မူးယစ် ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်များအယောင်ဆောင်၍  ဥပဒေ နှင့်အညီ   အရေးယူခြင်းမရှိဘဲ   ခြိမ်းခြောက်ငွေကြေးတောင်းခံမှုများ      ဖြစ်ပေါ်လျက်ရှိကြောင်း   သတင်းအရ   လုံခြုံရေးတပ်ဖွဲ့ဝင်များက အသွင်ယူ စုံစမ်းထောက်လှမ်းစောင့်ဆိုင်းဖမ်းဆီးခဲ့ရာ ဩဂုတ်၂၈ ရက်     ည ၇ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး  ဗဟန်းမြို့နယ် ရေတာရှည် ရပ်ကွက် ရေတာရှည်လမ်းဟောင်း၌  ငွေကြေးခြိမ်းခြောက်တောင်းခံ သူများဖြစ်သည့်  ဗဟန်းမြို့နယ် ရေတာရှည်ရပ်ကွက်  ရေတာရှည် လမ်းသစ်နေသူများဖြစ်ကြသည့်  တင်ဝင်းအောင် (ခ) တင်ကြီး  ၂၈ နှစ်နှင့် မင်းအောင် (ခ) အောင်ထက်မြတ်  ၂၈ နှစ်တို့ နှစ်ဦးကို လည်းကောင်း။

 


ည   ၈  နာရီတွင်  ရန်ကင်းမြို့နယ်   “Real Link” Hotel ၌ ဗဟန်း မြို့နယ် ရေတာရှည်ရပ်ကွက် ရေတာရှည်လမ်းသစ်နေ နိုင်လင်းအောင် (ခ)  ဝဏ္ဏ  ၂၅ နှစ်၊ ရန်ကင်းမြို့နယ်     အမှတ်  (၁၂) ရပ်ကွက်  လူငယ် သစ္စာလမ်းနေသူများဖြစ်သည့်   ခိုင်မျိုးဝင်း (ခ) ဘုန်းလူ  ၂၇ နှစ်နှင့်   ရဲတပ်သားအဆင့်မှ ရဲပြေးအဖြစ် ကြေညာခံထားရသူ ဝေဖြိုးထွန်း(ခ)ဝေဖြိုး ၂၇နှစ်တို့ကို လည်းကောင်း၊၊ 

 


ည ၈ နာရီခွဲတွင် ဗဟန်းမြို့နယ် ရေတာရှည်ရပ်ကွက် ရေတာရှည် လမ်းဟောင်း၌ ရေတာရှည်ရပ်ကွက်  ကိုယ့်မင်းကိုယ့်ချင်းလမ်းနေ ဥက္ကာမင်း(ခ)လင်းသန့်ဦး ၂၄ နှစ်ကိုလည်းကောင်း ဖမ်းဆီးရမိခဲ့သည်။

 


ဖမ်းဆီးရမိသူခြောက်ဦး၏ ထွက်ဆိုချက်အရ မူးယစ်ဆေးဝါး သုံးစွဲ၊ ရောင်းချသူများထံမှ ခြိမ်းခြောက်ငွေကြေးတောင်းခံရာတွင် ၎င်းတို့နှင့် အတူ  ဗဟန်းမြို့မရဲစခန်းမှ   ရဲတပ်သားလေးဦးနှင့်   ကမာရွတ်ခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ ရဲတပ်သားနှစ်ဦးတို့ ပူးပေါင်းပါဝင်ကျူးလွန်ခဲ့ကြကြောင်း သိရှိရသဖြင့်  အဆိုပါ    ရဲတပ်ဖွဲ့ဝင်ခြောက်ဦးတို့ကို   သက်ဆိုင်ရာ ရဲစခန်းများတွင် ဖမ်းဆီးထိန်းသိမ်းခဲ့သည်။ 

 


ဖမ်းဆီးရမိသူများ၏ ထွက်ဆိုချက်အရ ၎င်းတို့သည် ၂၀၂၁ ခုနှစ် စက်တင်ဘာလအတွင်း ဗဟန်းမြို့နယ် ဗိုလ်ချိုရပ်ကွက် “One Stop Mart”  အရှေ့တွင် မူးယစ်ဆေးဝါးများနှင့်အတူ   ဖမ်းဆီးရမိသော အမျိုးသားနှစ်ဦး(စိစစ်ဆဲ)ထံမှ ငွေကျပ် ၃၅ သိန်းကိုလည်းကောင်း၊ တာမွေမြို့နယ်ရှိ  ဟိုတယ်ပိုင်ရှင်တစ်ဦး  (စိစစ်ဆဲ) ထံမှ ငွေကျပ်သိန်း ၆၀ ကိုလည်းကောင်း။ 

 


၂၀၂၂ ခုနှစ်၊ ဧပြီလအတွင်း တာမွေမြို့နယ် “The Maze Club” ကားပါကင်၌ မူးယစ်ဆေးဝါးများရောင်းချနေသူဟု ယူဆရသူ နေထက် လင်း (စိစစ်ဆဲ) ထံမှ ငွေကျပ်  ၃၅ သိန်းကိုလည်းကောင်း၊  အဆိုပါ နေရာ၌ပင်   အောင်လေး    (စိစစ်ဆဲ)  ထံမှ   ငွေကျပ်သိန်း   ၈၀  ကို လည်းကောင်း၊ မရမ်းကုန်းမြို့နယ် ကမ္ဘာအေးဘုရားလမ်းနှင့် တံတား လေးလမ်းထောင့်ရှိ Club၊ Bar၊ KTV တို့တွင်  DJ  တီးခတ်သူတစ်ဦး (စိစစ်ဆဲ)ထံမှ ငွေကျပ် ၁၄၉ သိန်းကိုလည်းကောင်း။ 

 


ဇူလိုင်လအတွင်း မရမ်းကုန်းမြို့နယ် “ကာဆာ KTV” ဆိုင်ရှေ့၌ ပြည့်စုံ (စိစစ်ဆဲ) ထံမှ ငွေကျပ်သိန်း ၅၀ ကိုလည်းကောင်း၊ ဗဟန်း မြို့နယ် “Jinkidf” စားသောက်ဆိုင်ကားပါကင်၌ အညာသား(စိစစ်ဆဲ)ထံမှ ငွေကျပ်သိန်း ၄၀ ကိုလည်းကောင်း။
ဩဂုတ်လအတွင်း ကမာရွတ်မြို့နယ် “The Next Level KTV Bar” ကားပါကင်၌ သူရိန် (စိစစ်ဆဲ) ထံမှ ငွေကျပ်သိန်း ၃၀ ကိုလည်းကောင်း၊ မရမ်းကုန်းမြို့နယ် “Solo Club” ကားပါကင်၌ မင်းသူ(စိစစ်ဆဲ)ထံမှ ငွေကျပ်သုံးသိန်းကိုလည်းကောင်း၊   ဗဟန်းမြို့နယ်   “Music Buzz KTV”    ၌    ဒန်နီယယ်လ်    (စိစစ်ဆဲ)   ထံမှ    ငွေကျပ်လေးသိန်းကို လည်းကောင်း၊ တောင်ဥက္ကလာပမြို့နယ် “City Mart”အရှေ့၌ “မူလန် Bar”တွင် DJ  တီးခတ်သူတစ်ဦး (စိစစ်ဆဲ)ထံမှ ငွေကျပ် ၁၃၀၀၀၀ ကို လည်းကောင်း၊  ဗဟန်းမြို့နယ်  “VIP KTV” ကားပါကင်၌ ဘာမီတွန်(မ) (စိစစ်ဆဲ) ထံမှ  ငွေကျပ်ခြောက်သိန်းကိုလည်းကောင်း၊   ဒဂုံမြို့နယ် “PIONEER Club”၌   မိုးမင်းဦး  (စိစစ်ဆဲ)   ထံမှ ငွေကျပ် ၁၄ သိန်း ကိုလည်းကောင်း၊  တာမွေမြို့နယ် “Tristar Hotel”၌ Kelvin (စိစစ်ဆဲ)ထံမှ ငွေကျပ်သိန်း ၂၀၀ တို့ကိုလည်းကောင်း စုစုပေါင်း (၁၄) ကြိမ်တွင် ငွေကျပ် ၇၀၇ သိန်း သုံးသောင်းကို ခြိမ်းခြောက်တောင်းခံခဲ့ကာ  ရရှိ သည့်ငွေများအား ခွဲဝေသုံးစွဲခဲ့ကြကြောင်း သိရှိရသည်။

 


ခြိမ်းခြောက်ငွေတောင်းခံမှု စုစုပေါင်း (၁၄) ကြိမ်အား ဥက္ကာမင်း(ခ)လင်းသန့်ဦး၊ ရဲတပ်သားအဆင့်မှ ရဲပြေးကြေညာခြင်းခံထားရသူ ဝေဖြိုး ထွန်း(ခ)ဝေဖြိုးနှင့်  နိုင်လင်းအောင် (ခ) ဝဏ္ဏတို့သုံးဦးက ဦးဆောင် ကျူးလွန်ခဲ့ကြကာ ခိုင်မျိုးဝင်း(ခ)ဘုန်းလူက ရှစ်ကြိမ်၊ တင်ဝင်းအောင်(ခ)တင်ကြီးက လေးကြိမ်၊ ရဲတပ်သား ၅ ဦးနှင့် မင်းအောင်(ခ)အောင်ထက်မြတ် တို့က နှစ်ကြိမ်နှင့် ရဲတပ်သားတစ်ဦးက တစ်ကြိမ်စီ ပူးပေါင်းပါဝင်ကျူးလွန် ခဲ့ကြခြင်းဖြစ်ကြောင်း ဖော်ထုတ်သိရှိရသည်၊၊

 


သတင်းပို့တိုင်ကြားနိုင်


ထိုသို့ မူးယစ်ဆေးဝါးသုံးစွဲ၊ ရောင်းချသူများထံမှ ငွေကြေးများကိုမူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များ အယောင်ဆောင်ကာ ဖမ်းဆီး၊  ခြိမ်းခြောက်ငွေတောင်းခံခဲ့သည့်   ရဲတပ်ဖွဲ့ဝင်ခြောက်ဦးနှင့် ရဲပြေးတစ်ဦးတို့အား ရဲစည်းကမ်းထိန်းသိမ်းရေးဥပဒေနှင့်  နယ်ဘက် ဆိုင်ရာ ရာဇသတ်ကြီးဥပဒေအရလည်းကောင်း၊ ဥက္ကာမင်း(ခ)လင်းသန့် ဦး ပါ  ငါးဦးကို   ရာဇသတ်ကြီးဥပဒေအရလည်းကောင်း ထိရောက်စွာ အရေးယူနိုင်ရေး   ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်းနှင့် မိဘ ပြည်သူများအနေဖြင့်လည်း   ထိုကဲ့သို့ခြိမ်းခြောက်ကာ   ငွေကြေး တောင်းခံခြင်းများအား   သိရှိ၊  ကြုံတွေ့၊   ကြားသိရပါက  နီးစပ်ရာ လုံခြုံရေးတပ်ဖွဲ့စခန်းများနှင့် တာဝန်ရှိသူများထံ လျှို့ဝှက်စွာအသိပေး သတင်းပို့တိုင်ကြားနိုင်ကြောင်း  သိရသည်။                    

သတင်းစဉ်