
ရန်ကုန် စက်တင်ဘာ ၂
ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီး ဝန်ကြီးများသည် ဩဂုတ် ၃၁ ရက် က ဒဂုံဆိပ်ကမ်းမြို့နယ် ရိုးမ ရိပ်သာ ကိုဗစ်-၁၉ ကုသရေး စင်တာသို့သွားရောက်၍ ပြန်လည် ပြင်ဆင်ထားရှိနိုင်ရေး တာဝန်ရှိ သူများနှင့် တွေ့ဆုံမှာကြားသည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရိုးမ ရိပ်သာ ကိုဗစ်-၁၉ ကုသရေး စင်တာသို့ရောက်ရှိရာ တိုင်းဒေသ ကြီး ကျန်းမာရေးဦးစီးဌာနမှူး ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာထွန်းမင်းနှင့် တာဝန် ရှိသူများက တိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့ရှိမှု၊ ကာကွယ်ဆေးထိုးနှံပြီးစီးမှု၊ ဆက် လက်ထိုးနှံနေမှုများ၊ ပြည်ပနိုင်ငံ များမှ Relief Flight နှင့် ပင်လယ် ရေကြောင်းများဖြင့် ဝင်ရောက် လာသူများကို စင်တာ၌ သတ်မှတ် ရက်အတိုင်း Quarantine ထား ရှိပြီး ကျန်းမာရေးစောင့်ရှောက်ပေးနေမှု၊ လက်ရှိရောဂါပိုးတွေ့ရှိမှု များပြားလာခြင်းကြောင့် လူနာ များထားရှိမည့် အခန်းများ၌ အိပ်ရာ၊ ခြင်ထောင်၊ ခုတင်နှင့် တစ်ကိုယ်ရေသုံး ပစ္စည်းများကို ပြန်လည် ပြင်ဆင်ထားရှိမှု၊ အောက်ဆီဂျင် Tank နှင့် လီတာ ၄၀ ဆလင်ဒါအိုးများထားရှိမှု၊ ဆေးစတိုး အပါအဝင် စင်တာအား ထိန်းသိမ်းထားရှိမှု အခြေအနေ များကို ရှင်းလင်းတင်ပြကြ သည်။
ရှင်းလင်း တင်ပြချက်များနှင့် စပ်လျဉ်း၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ယခုရက်ပိုင်း အတွင်း ပိုးတွေ့လူနာတွေ့ရှိမှု များပြားလာ၍ ရိုးမရိပ်သာ၌ လူဦးရေ ၃၀၀ ထားရှိနိုင်ရေး ကြိုတင် ပြင်ဆင်ထားရှိရန် အောက်ဆီဂျင်စက်၊ အောက်ဆီ ဂျင်အိုးများအပါအဝင် ပစ္စည်းများ ကိုစနစ်တကျ ထိန်းသိမ်းထားရှိပြီး အဆောက်အအုံများ၊ အခန်းများ နှင့် ပတ်ဝန်းကျင်သန့်ရှင်းသပ်ရပ် မှုရှိစေရေး ဆောင်ရွက်ထားရှိရန်၊ လျှပ်စစ်မီးပုံမှန်ရရှိရေးနှင့် မီးစက် အရန်ထားရှိရေး စီစဉ်ဆောင်ရွက် သွားရန်၊ လုံခြုံရေးကိစ္စရပ်များကို (နေ့-ည) အထူးဂရုပြုဆောင်ရွက် ကြရန်နှင့် လုပ်ငန်းများကို သက်ဆိုင်ရာဌာနဆိုင်ရာ အသီး သီးမှ တာဝန်ရှိသူများက ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ကြ ရန်မှာကြားပြီး လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရိုးမ ရိပ်သာ ကိုဗစ်-၁၉ စင်တာအတွင်း လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ ကြောင်း သိရသည်။
ဆန်းကျော်ဦး(ပြန်/ဆက်)